Pumpkin Desserts

ရွှေဖရုံသီးကို တစ်မျိုးပြီး တစ်မျိုးချက်စား နေတာ ဒီတစ်ပတ်မှာတော့ အချိုပွဲလုပ်နည်းကို တင်ပြ
လိုပါတယ်။ ဖရုံသီးကို အဓိကသုံးပြီးလုပ်တဲ့ မုန့်တွေကအများကြီးဆိုပေမယ့် oven ကို သုံးရ
တာမို့ မြန်မာမီးဖိုချောင်တွေမှာ အလွယ်တကူလုပ်စားလို့ရမယ့် ပေါင်းနည်းကို အသုံးပြုထားတဲ့
မုန့်ပဲသရေစာများကို တင်ဆက်လိုက်ပါတယ်။

ဖြိုးကတော့ ဖရုံသီးတွေကို ပေါင်းလိုက်၊ မုန့်တွေကို ပေါင်းလိုက်နဲ့ အလုပ်တွေရှုပ်နေပေမယ့်
လည်း ထွက်လာတဲ့ ရလဒ်ကတော့ အမောပြေစရာမို့ဒီတစ်ပတ်က အလုပ်ဖြစ်တယ်လို့ ပြောရ
မှာပါပဲ။ ထုံးစံအတိုင်း အရှေ့တိုင်းနှင့် အနောက်တိုင်းအရသာကို ပေါင်းစပ် တီထွင်တတ်တဲ့
အကျင့်ကြောင့် မလေးရှား စတိုင် ရွှေဖရုံသီးဆန်မုန့်ပေါင်းကို သစ်ဂျပိုးခေါက်မုန့်လေးထည့်
ကာလက်တည့်စမ်းထားပါတယ်။ အိုက်စ်ကရင်လေး နဲ့တွဲလိုက်လို့ကတော့ လျှာလည်သွား
စေမှာ သေချာပါတယ်။

နောက်တစ်ခုကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ နာမည်ကြီးလှတဲ့ ရွှေဖရုံသီး ကြက်ဥပူတင်းပါ။
ရုံးပိတ်ရက် ရှည်တွေပြီးလို့ ရုံးပြန်တက်ဖို့ အင်အားတွေ မွေးနေရချိန်မှာ အင်အားတွေ ပြန်လည်
ပြည့်လာစေအောင် ဒီပူတင်းလေက ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။

သစ်ဂျပိုးမှုန့်နံ့သင်းသင်းလေးနှင့် ရွှေဖရုံသီးဆန်ကိတ်မုန့် ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)
အောက်ခံမုန့်သားအတွက်
ပြုတ်ထားသော
ရွှေဖရုံသီး ဂရမ် ၂၀၀
အုန်းနို့ရည် (ပျစ်ပျစ်) ၁/၂ ခွက်
(၁၂၅ မီလီမီတာ)
ဆန်မှုန့််
စားပွဲဇွန်း ငါးဇွန်း
သကြား ဂရမ် ၆၀
ကြက်ဥနှစ်လုံး
ဆား
လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
သစ်ဂျပိုးမှုန့်
လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

အပေါ်ယံမုန့်သားအတွက်
အုန်းနို့ရည် (ပျစ်ပျစ်) ၁/၄ ခွက်
(မီလီမီတာ ၆၀)
ဆန်မှုန့်် စားပွဲဇွန်း နှစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြင်ဆင်ပုံ အောက်ခံမုန့်သားအတွက်
ရွှေဖရုံသီးများကို အစေ့ထုတ်ပြီး အခွံမခွာပဲ အစိပ်ခပ်ကြီးကြီးလေးစိပ်ပါ။ ပြီးလျှင် ဖရုံသီးများကို
ရေနွေးငွေ့နဲ့ ပေါင်းပါ။  အားလုံးနူးအိလာပြီဆိုရင် အအေးခံ၍ အခွံများသင်ထားပါ။ ဖရုံသီးပေါင်း
ပြီးသား အနှစ်များကို အုန်းနို့ရည်ပျစ်ပျစ်၊ သကြား၊ ဆန်မှုန့်၊ ကြက်ဥ၊ ဆားတို့နဲ့ ဖျော်ရည်စက်ထဲ
အားလုံးပေါင်းစပ်သွားသည်အထိ ထည့်ကြိတ်ပြီးထားပါ။

အပေါ်ယံမုန့်သားအတွက်
အုန်းနို့ရည် ပျစ်ပျစ်၊ ဆန်မှုန့်နှင့် ဆားတို့ကို ဇလုံထဲတွင် ထည့်ကာ အားလုံးပေါင်းစပ်ပြီး ပျစ်လာ
သည်အထိ ဖြည်းဖြည်းခေါက်ကာ မွှေပေးပါ။ ပြီးလျှင်သပ်သပ်ထားပါ။

ပေါင်းအိုးပြင်ဆင်ခြင်း

အိုးခပ်ကြီးကြီးမြင့်မြင့်နဲ့ ၎င်းရဲ့ နှုတ်ခမ်းဝမှာ အတိအကျ တင်နေမယ့် ဆန်ခါခွက်တစ်ခု လိုအပ်
ပါတယ်။ အဖုံးဖုံး၍လည်း ရရပါမယ်။ အဓိကကတော့ ဆန်ခါခွက်ဟာ ရေနွေးနှင့် မထိပဲ အဖုံး
လည်း လုံရပါမယ်။ ပြီးလျှင် မုန့်သားများ ထည့်ပေါင်းမည့်ခွက်များကို ဟင်းသီးဟင်းရွက်ဆီ
နည်းနည်းနဲ့ သုတ်ပါ။ ပေါင်းရာမှာ ခွက်နှင့် မုန့်သားများမကပ်ပဲ ထုတ်ရလွယ်ကူအောင်
ဖြစ်ပါတယ်။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မုန့်ပေါင်းရာတွင် သုံးမယ့်အိုးနဲ့ ရေနွေးအိုးတည်ပါ။ နောက်ပြီး
ပေါင်းခံအဖြစ်သုံးမည့် ဆန်ခါခွက်ကို ထည့်ပါ။ ရေနွေးများစပွက်ပြီဆိုရင် မီးကိုလျှော့ပြီးဖြည်း
ဖြည်း ညင်ညင်သာသာဖြင့် ရေနွေးပွက်နေပါစေ။ မုန့်များပေါင်းရန်အတွက်အဆင်သင့်ဖြစ်ပါပြီ။

အောက်ခံမုန့်သားကို ဇွန်းလေးနဲ့ ခေါက်မွှေသည့်ပုံစဲဖြင့် ဖွဖွလေးခေါက်ပါ။ မုန့်အရည်အတွင်း
လေများ ၀င်သွားအောင်ဖြစ်ပါတယ်။ ပြီးရင် ဆီသုတ်ထားတဲ့ ပုံစံခွက်များအတွင်းသို့ သုံးပုံ
နှစ်ပုံခန့်သာသာ မုန့်အရည်များလောင်းထည့်ပါ။ ခြောက်ခွက်စာ အညီအမျှ ခွဲဝေပြီးထည့်ပါ။

ထိုခွက်များကို အပေါင်းခံမည့် ဆန်ခါခွက်ထဲသို့ထည့်စီကာ အဖုံးအုပ်ပြီးပေါင်းပါ။ အဖုံးကို
လည်း သန့်ရှင်းတဲ့ အ၀တ်နဲ့ ရစ်ပတ်ပြီး ဖုံးအုပ်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။