Wednesday, 03 September 2014

မှတ်သားလောက်စရာပဲ ...

လင်မယား စုံတွဲတစ်တွဲဟာ ကြီးကျယ်ခမ်းနားတဲ့ စားသောက်ဆိုင်မှာ ညစာ စားနေကြစဉ် မိန်းမ
ဖြစ်သူဟာ သူတို့နားက စားပွဲမှာ ထိုင်သောက် နေတဲ့ အမူးလွန်နေသူတစ်ဦးကို တွေ့မြင်သွားပြီး
တစ်ချိန်လုံး အဲဒီလူကိုသာ သတိထားပြီး ကြည့်နေပါတော့တယ်။

ဒါကြောင့် ယောက်ျားဖြစ်သူက "မိန်းမ ..မင်း ဟိုဘက် စားပွဲကလူကို ကြည့်နေတာ ကိုယ်သတိ
ထားမိတယ်။ မင်း သူ့ကို သိလို့လား"လို့ မေးလိုက်ပါတယ်။

အမျိုးသမီးက "အင်းလေ .. ကျွန်မ သူ့ကို သိလို့ ကြည့်နေတာ"လို့ ပြန်ပြောလိုက်ပြီး "ကျွန်မရဲ့
အရင် ယောက်ျားဟောင်းက သူပေါ့။

သူ့ကို ကျွန်မထားခဲ့တဲ့ လွန်ခဲ့တဲ့ ခုနစ်နှစ်ကစပြီး ခုထိကို ဒီလိုမျိုး သောက်နေတော့တာ"လို့လည်း
ထပ်ပြောလိုက်ပါတယ်။

"မင်းပြောတာ တကယ်ပဲလား။ အိုး ..ဒါဟာ မှတ်သားလောက် စရာပဲ"လို့ အမျိုးသားက ပြန်ပြော
လိုက်ပြီး

"ဘယ်သူမှ ဒီလောက်ကြာအောင် အောင်ပွဲခံလိမ့်မယ်လို့ ကိုယ် မတွေးမိဘူး"လို့လည်း တအံ့တဩ
နဲ့ ထပ်ပြောလိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။