Monday, 22 September 2014

ပူစီနံများများနဲ့ ဆိတ်သားစဉ်းကောကြော်

ဒီဟင်းချက်နည်းလေးက Lebanese food ချက်ပြုတ်နည်းတွေကို အခြေခံ အတုယူပြီး ချက်ထား
တာပါ။

ဖြိုး ယောက္ခမရဲ့ များပြားလှစွာသော ဟင်းချက်နည်းမှတ်စုများထဲက ရှာဖွေ တွေ့ရှိထားတာပါ။
ဒီဟင်းလေးကို မိသားစုညစာအတွက်ပဲဖြစ်ဖြစ်၊ ညစာ ဧည့်ခံပွဲတွေမှာပဲဖြစ်ဖြစ်ချက်တိုင်း အားလုံးက
ပြောင်အောင်စားရင်းအား ပေးခံရလေ့ရှိတဲ့ ဟင်းပါ။

တကယ်တော့ သိုးသားတွေကို ကြိတ်ပြီး ချက်လေ့ရှိတဲ့ ဒီဟင်းကို နံပြားလို Lebanese ပေါင်မုန့်ချပ်
ပေါ်မှာ ကုလားပဲနှစ် hummus ကို ခပ်များများသုတ်ကာ အပေါ်ကနေ ပူစီနံနံများများနဲ့ ကြော်ထား
တဲ့ သိုးသားစဉ်းကောကြော်ကို ဖြူးပြီး စားရတာပါ။

ဆစ်ဒ်နီက ပြန်ရောက်ကတည်းက ဒီဟင်းကို ချက်ပြီး အိမ်က မိသားစုတွေ ကို ကျွေးချင်နေတာကြာ
ပါပြီ။

ဟိုတလောက ဆိတ်သား နဲ့ အစားထိုးပြီး ဒီဟင်းလေး ကိုချက်ကာ အိမ်က ညီမတွေကို ကျွေးမိရာ
က သူတို့က ဟင်းချက်နည်းကို တောင်းဆိုတာနဲ့ တစ်ခါတည်း မြန်မာတိုင်း(မ်) စာမျက်နှာပေါ်
တန်းတင်လိုက်ပါတယ်။

ထင်းရှူးစေ့လေးတွေကို လှော်ပြီး ထည့်စားရင် ပိုကောင်းပေမယ့်လည်း ဈေးအရမ်းကြီးလွန်းတယ်။
ဒါကြောင့်မို့လို့ သီဟိုဋ်စေ့ကို အစားထိုးထားပါတယ်။ အများကြီးမလိုပါဘူး။ အခွံမာ အသီးတွေရဲ့
ခပ်စိမ့်စိမ့်အရသာလေး ပါရုံလောက်ပါပဲ။

ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)

ဆိတ်သားကြိတ်သား ဂရမ် ၅၀၀
ကြက်သွန်နီဥ နှစ်ဥ (နုပ်နုပ်စဉ်းလျက်)
ကြက်သွန်ဖြူကြီးကြီး သုံးမြွှာ (ညက်ညက်ထောင်းလျက်)
ခပ်နုပ်နုပ်စဉ်းထားသော ပူစီနံ ၁/၂ ခွက်
ဇီရာစေ့လှော် စားပွဲဇွန်း တစ်ဇွန်း
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
သီဟိုဋ်စေ့လှော်ပြီးသား ၁/၄ ခွက်
သံလွင်ဆီ စားပွဲဇွန်း သုံးဇွန်း
မန်ကျည်းရည်အနှစ် ၁/၄ ခွက်
ငရုတ်ကောင်းအနက်မှုန့်ခပ်များများ
အပေါ့အငန်အတွက် ဆား

ပြင်ဆင်ပုံ

ကြက်သွန်နီတွေကို ဒယ်အိုးထဲတွင် မီးမပြင်းတပြင်းဖြင့် အရောင်ကြည်လာသည်အထိ ဆီသတ်ပါ။

နောက် ကြက်သွန်ဖြူများထည့်ကာ အနံ့မွှေးလာသည်အထိ ဆက်ပြီး ဆီသတ်ပါ။

ပြီးလျှင် ကြိတ်ထားသော ဆိတ်သားများကို ထည့်ကာ သစ်သားယောက်မဖြင့် ခြေပေးရင်း ၃-၎
မိနစ်မျှ ဆီသတ်ပါ။

အသားများအရောင်ပြောင်းလာပြီဆိုလျှင် ဇီရာစေ့လှော်၊ ငရုတ်သီးမှုန့်၊ မန်ကျည်းရည်အနှစ်နဲ့ ပူစီနံ
ရွက် တို့ကို ထည့်ကာ နှစ်မိနစ်မျှ ကြော်ပါ။

အသားများလုံးပြီး မကျန်အောင် ယောက်မဖြင့် ဖိပြီး ခြေပါ။ နောက်အဖုံး အုပ်ကာ အသားများနူးလာ
သည်အထိချက်ပါ။

အကယ်၍ ရေများထွက်လာခဲ့သော် ရေခန်းသည်အထိချက်ပါ။ သို့သော် ဆိတ်သားများ အရမ်း
မခြောက်သွားဖို့ တော့ လိုပါတယ်။

ငရုတ်ကောင်းစေ့ လှော်အနက်ကို လတ်လတ်ဆတ်ဆတ် ကြိတ်ထည့်ပါ။ ကြိုတ်တတ်သူများ
အတွက်များများထည့်နိုင်ပါတယ်။

အပေါ့အငန်အတွက် ဆားကို ထည့်ပါ။ အားလုံးပြီးလျှင် လှော်ထားတဲ့ သီဟိုဋ် စေ့ကို စလုံးစခု
ကလေးဖြစ်အောင် ထောင်းကာ ထည့်မွှေပြီးလျှင် နံပြား နဲ့ ဖြစ်ဖြစ်၊ ထမင်းဖြူနဲ့ဖြစ်ဖြစ်၊ ဟင်းခတ်
အမွှေးအကြိုင်တွေနဲ့ ချက်တဲ့ ထမင်း စသည်တို့နဲ့ တွဲစားနိုင်ပါတယ်။

ပူစီနံရွက်လေးတွေကို အုပ်ပြီး ပွဲပြင်ပါ။

မုန်ညင်းစေ့များများနှင့် ပန်းဂေါ်ဖီကြော်

ခြောက်ယောက်စာ
(ပါဝင်ပစ္စည်းများ)

ပန်းဂေါ်ဖီ ခပ်လတ်လတ်အရွယ် တစ်ပွင့်
ဟင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း နှစ်ဇွန်း ကြက်သွန်နီ တစ်ဥ (နုပ်နုပ်စဉ်းလျက်)
ကြက်သွန်ဖြူ နှစ်မြွှာ (ညက်ညက်ထောင်းလျက်)
ငရုတ်သီးစိမ်း နှစ်တောင့် (ပါးပါးလှီး၊ ကြိုက်တတ်သူများအတွက်သာ)
မုန်ညင်းစေ့နက် စားပွဲဇွန်း တစ်ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း ရေ ၁/၂ ခွက် (၁၂၅ မီလီလီတာ)
မန်ကျည်းသီးအနှစ် စားပွဲဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

ပန်းဂေါ်ဖီကို အပွင့်လေးများသာ ဖြတ်ပြီးလှီးကာ ဆေးကြောပြီး ရေစစ်ထားပါ။

ကြက်သွန်နီများကို ဒယ်အိုးထဲတွင် မီးမပြင်းတပြင်းဖြင့် အရောင် ကြည်လာသည်အထိ ဆီသတ်ပါ။

နောက်ကြက်သွန်ဖြူများထည့်ကာ အနံ့ မွှေးလာသည်အထိဆက်ပြီး ဆီသတ်ပါ။

ပြီးလျှင် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကာ တစ်မိနစ်မျှ ဆီသတ်ပြီး ပန်းဂေါ်ဖီများကို ထည့်ကာ
အနှစ်များ နှံ့သွားအောင် မွှေပေးပါ။

အားလုံး သမသွားပြီဆိုလျှင် ရေထည့်ကာ အဖုံးအုပ်ပြီး ပန်းဂေါ်ဖီများ နူးလာသည်အထိ ချက်ပါ။

အကယ်၍ ရေလိုခဲ့သော် ရေ ၁/၄ ခွက်သာ ထပ်ထည့်ပါ။

ရေစထည့်ပြီး ချိန်မှစ၍ အမြဲတမ်း အဖုံးကို အုပ်ထားပါ။

ဈေးဝယ်လမ်းညွှန် နံပြားကို လက်ဖက်ရည်တွေမှာ ရရှိနိုင်ပါတယ်။

ဒါပေမဲ့ ရနိုင်မယ့် အချိန်ကိုတော့ သိထားဖို့ လိုအပ်ပါတယ်။

Tips

မန်ကျည်းသီးအနှစ်

ရေနွေး ၂/၃ ခွက်ထဲတွင် မန်ကျည်းသီး ၁/၄ ခွက်ကို ထည့်စိမ်ပြီး အနှစ်များကို ဆန်ခါ ဖြင့်တိုက်ချပါ။

ကျန်ရှိသော မန်ကျည်သီးအနှစ်များကို ပုလင်း (သို့) ခွက်ထဲတွင် ထည့်ကာ အဖုံးလုံအောင် ပိတ်ပြီး
ရေခဲသေတ္တာထဲ တွင် တစ်ပတ်မျှ သိမ်းနိုင်ပါတယ်။

ဟင်းချက်နေစဉ်မှာ ရေအများကြီး မထွက်လာအောင် ကြိတ်ထားတဲ့ အသားတွေကို အမြဲတမ်း မီးဖို
ချောင်သုံး တစ်ရှူးစက္ကူနဲ့ ခြောက်သွားအောင် သုတ်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။