Friday, 31 October 2014

အံ့ရောပဲ ...

အသက် ၅၀ လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ဆရာဝန်ဆီသွားပြီး "ဆရာရယ် ..ကျွန်မမှာ လေ
လည်တဲ့ပြဿနာ ဖြစ်နေပါတယ်။ ဒါပေမဲ့ အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူး"လို့ ပြောလိုက်ပါ
တယ်။

"ကျွန်မလေလည်ရင် အသံလည်း မကျယ်ဘူး။ ပြီးတော့ အနံ့ဆိုးလည်း မထွက်ပါဘူး။ ခုလေးတင်
ဆရာ့ရုံးခန်းထဲ ကျွန်မ ရောက်တာနော် .. အကြိမ် ၂၀ လောက် လေလည် ပြီးသွားပြီ။

အသံလည်းမထွက်၊ အနံ့လည်း မရဆို တော့ ဆရာသတိတောင်မထားမိဘူး မဟုတ်လား"လို့လည်း
ထပ်ပြောလိုက်ပါတယ်။ ဆရာဝန်က ဆေးတချို့ပေးလိုက်ပြီး

"ခင်ဗျား ပြောတာ ကျွန်တော်နားလည်ပြီ။ နောက်တစ်ပတ်ပြန်လာခဲ့ ..ဟုတ်လား။ ထပ်ပြီး စစ်ဆေး
ပေးမယ်"လို့ ပြောလိုက်ပါတယ်။

နောက်တစ်ပတ်မှာ အမျိုးသမီးထပ်ရောက်လာတဲ့အခါမှာတော့ "ဘယ်လို ဆေးမျိုးများ ကျွန်မကို
ပေးလိုက်တာလဲ ..ဆရာရယ်။ ကိုယ်ကျိုးနည်း ..လေလည်သံ မထွက်ဘဲ အနံ့ကျတော့ ဆိုးဆိုးရွား
ရွားပုပ်နံ့ဟောင်နေတာပဲ"လို့ အံ့ဩတကြီးနဲ့ ပြောလိုက်ပါတယ်။

အဲဒီအခါ ဆရာဝန်ပြန်ပြောတာက "အခု ..ခင်ဗျားရဲ့နှာခေါင်းက အနံ့တွေခံနိုင်တဲ့ အာရုံပြန်ရလာပြီ။
နားပြန်ကြားလာအောင်ပဲ၊ လုပ်ဖို့လိုအပ်တော့တယ်"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။