ဟင်းမျိုးစုံတဲ့ ကွာလာလမ်ပူက Precious Old China စားသောက်ဆိုင်

ညစာကောင်းကောင်း စားချင်တဲ့ အခါမျိုးဆိုရင် ဈေးရုံတွေဖက် ပုံမှန်အားဖြင့် ကျွန်တော်သွားလေ့
မရှိပါဘူး။

ကျွန်တော်မနှစ်သက်တဲ့ အရာတွေထဲမှာ ဆူညံတဲ့ ဈေးရုံက စားသောက်ဆိုင်တွေမှာ စားသောက်ရ
တာလည်း ပါဝင်ပါတယ်။

ကွာလာလမ်ပူမြို့က စင်ထရယ်မားကက်ဟာ ရှော့ပင်းမောပုံစံမျိုးလို့ ပြောလို့ရသလို ရှော့ပင်းမော
မဟုတ်ဘူး လို့လည်း ပြောလို့ရပါတယ်။

ဒီတော့ အဲဒီက စားသောက်ရုံက ဆူညံတယ်လို့ ပြောလို့ရသလို မဆူညံဖူးလို့လည်း ပြော နိုင်ပါ
တယ်။

ကျွန်တော်ကွာလာလမ်ပူကို ရောက်နေပြီး ဗိုက်လည်းဆာနေပြီဆိုရင်တော့ ကျွန်တော့်အိမ်နံရံမှာ
ချိတ်ဖို့အတွက် အရောင်တောက်တောက် စွန်တွေ ဒါမှမဟုတ် ဆေးရောင်ခြယ် သစ်သားမျက်နှာဖုံး
တွေဝယ်ဖို့ ရည်ရွယ်ချက် မရှိပေမယ့်လည်း ဒီဈေးရုံဖက်ပဲ ကျွန်တော်ထွက်လာဖြစ်ခဲ့ပါတယ်။

ကျွန်တော်သွားစားတဲ့ ဆိုင်ကတော့ မလေး၊ တရုတ်၊ ပေါ်တူဂီ၊ ဒတ်ခ်ျနဲ့ အင်္ဂလန်စတိုင် ဟင်းလျာ
တွေ အထူးရတဲ့ Precious Old China ဆိုတဲ့ စားသောက်ဆိုင်ပါ။

ဆိုင်ရဲ့ အပြင်အဆင်ကတော့ ပထမအကြိမ် ဒီဆိုင်ကို ရောက်ဖူးတဲ့သူဆိုရင် အိတ်ထဲက ကင်မရာ
ကိုထုတ်ပြီး မြင်မြင်သမျှ ဓာတ်ပုံလိုက်ရိုက်ရမယ့် ပုံစံမျိုးပါ။

ရှေးခေတ်က ဆေးထည့်တဲ့ ဗီရို၊ ကနုတ်တွေနဲ့ အနုစိတ်ထားတဲ့ သစ်သား ဘောင်ပါကြည့်မှန်၊
အရောင်သွင်းထားတဲ့မှန်ပြတင်းပါ ကန့်လန့်ကာတွေနဲ့ တရုတ်ဆိုင်းဘုတ်အဟောင်းတွေ အပါအ၀င်
တရုတ်နဲ့ မလေး လက်ရာ ဂန္ထ၀င် ရှေးဟောင်းလက်ရာပစ္စည်းတွေကို စားသောက်ဆိုင်ထဲမှာ
ခင်းကျင်းထားပါတယ်။

နောက်ထပ် ထင်ရှားတဲ့ ရှေးဟောင်း ပရိဘောဂတစ်ခုကတော့ မလေးရှား သစ်မာသား chengal နဲ့
ပြုလုပ်ထားတဲ့ ဘားကောင်တာပါ။

ဒီပစ္စည်းကတော့ ကိုလိုနီခေတ်ကလပ်တစ်ခုမှာ အရင်တုန်းက အသုံးပြုခဲ့တာလို့ စားသောက်ဆိုင်ရဲ့
ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

နံရံမှာလည်း ပြည်တွင်းပန်းချီ ဆရာတွေရဲ့ မော်ဒန်ပန်းချီကားတွေနဲ့ အလှဆင်ထားပါတယ်။

ဒီဆိုင်ကို မကြာခဏသွားဖြစ်ခဲ့ပြီး ငါးခေါင်းဟင်း၊ ဆိတ်သားဟင်း၊ laksa ခေါက်ဆွဲ၊ ငရုတ်ကောင်း
ဆော့စ်နဲ့ sea bass ငါးဟင်း၊ နှာခေါင်းပိတ်ဝေဒနာ သက်သာစေတဲ့ ဂျင်ဆင်းဟင်းချို စတာတွေ
အပါအ၀င် ဆိုင်မှာရနိုင်တဲ့ စားဖွယ်ရာမျိုးစုံကို မြည်းစမ်းစားကြည့်ခဲ့ပါတယ်။

စားကြည့်ဖူးသမျှအားလုံး အရသာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အကြိုက်ဆုံးကတော့ taco salad
အသေးစားလေးနဲ့ တူတဲ့ စားခါနီးမှ ကိုယ်တိုင် အဆာသွပ်စားရတဲ့ စားမြိန်စာလေးပါ။

အဓိကဟင်းလျာအဖြစ် beef rending ဆိုတဲ့ အမဲသားဟင်းကို ကျွန်တော်မှာလိုက်ပါတယ်။

ဒီဟင်းက မဆလာများတဲ့အတွက် အရသာတွေ မထွေပြားသွားရအောင် အုန်းထမင်း မမှာဘဲ ရိုးရိုး
ထမင်းပဲ မှာလိုက်ပါတယ်။

ကျွန်တော့်အကြိုက် နောက်ထပ်ဟင်းတစ်မျိုးကတော့ အာလူးနဲ့ ကြက်သားဟင်းပါ။

နနွင်း၊ ကြက်သွန် ဖြူ၊ ဂျင်းနဲ့ ငရုတ်သီးနံ့တွေ လှိုင်နေတဲ့ ဒီဟင်းက မရပ်မနား စားချင်စိတ်ဖြစ်စေတဲ့
အတွက် ဗိုက်ပြည့်သွားတာတောင် ဆက်စားနေဖြစ်ပါတယ်။

ဟင်းပွဲက ပွဲကြီး မဟုတ်လို့ တော်ပါသေးတယ်။ ဒီဆိုင်ရဲ့ ဘားမှာ Carlsberg စည်ဘီယာ ရသလို
ဘီယာထက် တခြားအရည်ကိုမှ ပိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ၀ိုင်၊ ကော့တေးနဲ့ အအေးမျိုးစုံ
ရနိုင်ပါတယ်။

Precious Old China
Lot M2, Jalan Hang Kasturi, Central Market, Kuala Lumpur.

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။