ချိုချဉ်ငန်စပ် လက်သုပ်စုံများ

သင်္ကြန်အတွင်း လွယ်လွယ်ကူကူ အဆာပြေ လုပ်စားလို့ရမယ့် မုန်ညင်းဖြူ သုပ်လေးကို ဒီတစ်ပတ်
မျှဝေပေးလိုက်ပါတယ်။

ချိုချဉ်ငန်စပ်လေးမို့ အခုလို အပူချိန်ပြင်းပြီး ခံတွင်းပျက်နေသူများ အဖို့ ခံတွင်းလိုက်စေမှာ သေချာ
ပါတယ်။

ခေါက်ဆွဲခြောက်ကြော်လေးနဲ့လည်း သုပ်စားလို့လည်း ရပါတယ်။ ဒီအသုပ် အတွက် အရသာ
ဖျော်နည်းလေးကတော့ ခေါက်ဆွဲခြောက်ကြော်ကို ရောင်းတဲ့ ကုမ္ပဏီက သူတို့ခေါက်ဆွဲ အိတ်မှာ
တစ်ခါတည်း ထည့်ပေးလိုက်တာပါ။

အဲဒီခေါက်ဆွဲခြောက်ကလည်း စာကလေးခွေအချိုနဲ့ တော်တော်လေးကို ဆင်ပါတယ်။

တချို့ပါဝင်တဲ့ အမယ်လေးတွေကိုတော့ မြန်မာပြည် မှာ လွယ်လွယ်ကူကူ၊ ဈေးသက်သက်သာသာ
ရစေမယ့် ပစ္စည်းလေးတွေနဲ့ အစားထိုးရင်း မြန်မာအသုပ်စတိုင် ချိုချဉ်ငန်စပ်လေးအဖြစ် ပြောင်းလဲ
ဖန်တီး ထားပါတယ်။

စာကလေးခွေသုပ်စား မယ်ပြောတော့ အားလုံးက စူးစူးစမ်းစမ်းနဲ့ အသုပ်ကို မြည်းကြည့်ကြပေမယ့်
ဇလုံပြောင်အောင် မြည်းကြတာမို့ ပြန်မျှဝေလိုက်တာပါ။

မုန်ညင်းဖြူကို ကြော်စားနေကျဖြစ်ပေမယ့် ဒီလို အစိမ်းလိုက်လေးသုတ်စားတဲ့အခါ စားလို့ကောင်း
ပါတယ်။

နောက်ပြီး နေ့လယ်ခင်း အဆာပြေအဖြစ် သူ့ချည်းပဲသုပ်စားစား၊ ဒါမှမဟုတ် အကင်လေးနဲ့ပဲ တွဲစား
စား အဆင်ပြေပါတယ်။

အားလုံးနှစ်သစ်မင်္ဂလာမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ဖြင့် ပြည့်ဝကြပါစေလို့
ဆုတောင်း လိုက်ပါတယ်။

မုန်ညင်းဖြူသုပ်
ခြောက်ယောက်စာ
ပါဝင်ပစ္စည်းများ

Dressing ရှလကာရည် အဖြူ ၁/၄ ခွက် (၆၀ မီလီလီတာ)
Caster သကြား ၅၀ ဂရမ် (သကြားအမှုန်သေးသေး) (သို့)
သကြား ပဲငံပြာရည်အချို စားပွဲဇွန်း နှစ်ဇွန်း
နှမ်းလှော်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပဲဆီ ၁/၄ ခွက် (၆၀ မီလီလီတာ)
မုန်ညင်းဖြူ တစ်ထုပ် (ခပ်လတ်လတ်အရွယ်) ၈၀၀-၈၅၀ ဂရမ်
ကြက်သွန်မြိတ် ခြောက်ပင်
စာကလေးခွေ အချိုတစ်ထုတ် တစ်ထုတ်ခွဲ (၈၀ -၁၀၀ ဂရမ်)
ငရုတ်သီးစိမ်း နှစ်တောင့် (အစပ်ကြိုက်တတ်သူများ ပိုထည့်နိုင် ပါတယ်)
မြေပဲဆားလှော် ၁၀၀ ဂရမ်

ပြင်ဆင်ပုံ

မုန်ညင်းဖြူများကို ရေဆေးပြီး ရေစင်အောင် စစ်ထားပါ။ နောက် ပါးပါးနုပ်နုပ် လေးလှီးပါ။

အောက်ခြေမှ အဖြူပိုင်းများကိုပါ ထည့်လှီးပါ။ ကြက်သွန်မြိတ်များကို ခပ်စောင်းစောင်းနှင့် ပါးပါးလှီး
ပါ။

မြေပဲဆားလှော်ကို စလုံးစခုအနေဖြင့် ထောင်းထားပါ။ ဇလုံတစ်လုံးထဲတွင် မုန်ညင်းဖြူ၊ ကြက်သွန်
မြိတ်၊ ငရုတ်သီးစိမ်းနှင့် မြေပဲတို့ကို ထည့်ကာ Dressing ဆမ်း၍ နှံ့အောင်နယ်ပါ။

လုပ်ရတာလည်း လွယ်ကူသလို အရသာလည်း ထူးခြားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။