ဒီတစ်ပတ် ရုံတင်ပြသနေသော ရုပ်ရှင်ကားများ

ဒီတစ်ပတ်တော့ သမ္မတ၊ သွင်နဲ့ မင်္ဂလာရုပ်ရှင်ရုံတွေမှာ အချစ်ဟာသဇာတ်ကားဖြစ်တဲ့
'ရက်(စ်)ဘော့(စ်)' ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်နေပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပြီး နေတိုး၊ သူထူးစံ၊ ကျော်ကျော်ဗို၊
ထွန်းထွန်း၊ မိုးမိုး၊ စိုးမြတ်သူဇာနဲ့ မိုးဟေကိုတို့အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

နေပြည်တော်ရုံမှာတော့ "Pee Mak" အမည်ရ ထိုင်းသရဲကားပဲ ဆက်လက်ပြသနေပါတယ်။

ဂျန်းရှင်း Square နဲ့ ဂျန်းရှင်းမော်တင်က ရုပ်ရှင်ရုံတွေမှာတော့ 'ရက်(စ်) ဘော့(စ်)' ဇာတ်ကားနဲ့  
"The Tower" ဇာတ်ကားကို ရုံတင်နေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။