ဂဏန်းချဉ်စပ်နှင့် ပေါင်မုန့်ကြွပ်ကပ်ကျော် spaghetti

ဒီတစ်ပတ်မှာတော့ ရာသီဥတုက မိုးလေးစိမ့်စိမ့်နဲ့မို့ အပူချိန် သက်သာသွားတာနဲ့ မီးဖိုထဲမှာ ချက်ရ
ပြုတ်ရတာလည်း ပိုပြီးအဆင်ပြေလာတယ်။

ဒါနဲ့ pasta ချက်မယ်လို့ ပြောထားတဲ့အတိုင်း ဂဏန်းသားကို ငရုတ်သီး စပ်စပ်လေးတွဲပြီး herbs
နံ့သင်းတဲ့ ပေါင်မုန့်ကြော်လေးတွေနဲ့ ချက်ထားတဲ့ အသုပ်ဆန်ဆန် spaghetti ကို ချက်ထားပါ
တယ်။

ငရုတ်ပွသီး မွှေးမွှေးစပ်စပ်လေးက အရသာကဲသလို သံပရိုနံ့လေးလည်း သင်းပါတယ်။

ပေါင်မုန့် ကြွပ်ကပ်ကြော် ဆိုပေမယ့် တကယ်တော့ ပေါင်မုန့်ကြွပ်ကျော်လေးတွေကို ရောပြီး နယ်
ထားတာပါ။

နောက်ပြီး rocket leaves ကိုလည်း fragrant pear လို့ခေါ်တဲ့ သစ်တော်သီးမျိုးဝင်အသီးနဲ့ salad
လုပ်ထားပါတယ်။

ဖြိုးတို့တွေ က သစ်တော်သီးကို အချိုတည်းသလိုမျိုးသာ စားလေ့ရှိပေမယ့် အနောက်တိုင်း အစား
အစာမှာတော့ ဟင်းပွဲတွေ ပြင်ဆင်ချက်ပြုတ်ရာမှာ သုံးလေ့ရှိပါတယ်။

ခါးသက်သက် rocket leaves ကို ခပ်စိမ့်စိမ့် ချိစ်ရယ်၊ အချိုအရသာရှိတဲ့ fragrant pear လေးနဲ့
ရောသုတ်ထားတာဆိုတော့ အရသာစုံပြီး စားလို့ ကောင်းပါတယ်။

အလုပ်က ပြန်လာပြီး ညစာအတွက် အချိန်လုပြီး ချက်ရတဲ့သူများ အတွက်တော့ ချက်ရတာ
လွယ်ကူသလို မြန်မြန်နဲ့ ပြီးနိုင်တဲ့ ဟင်းအတွဲအစပ်ပါ။

ဂဏန်းချဉ်စပ်နှင့် ပေါင်မုန့်ကြွပ်ကပ်ကျော် Spaghetti
လေးယောက်စာ
ပါဝင်ပစ္စည်းများ

အအေးရိုက်ထားတဲ့ ဂဏန်းသား ပြုတ်ပြီး ၅၀၀ ဂရမ်
ပေါင်မုန့်(ကြိတ်ထားသော) နှစ်ခွက်
ကြက်သွန်နီ ၁ လုံး (ခပ်နုပ်နုပ်လှီးလျက်)
ကြက်သွန်ဖြူ လေးမြွှာ
သံပရိုသီးကြီးကြီး တစ်လုံး
ငရုတ်သီးအနီတောင့် ၁/၂ တောင့် (ပါးပါးလှီးလျက်)
သံလွင်ဆီ ၃/၄ ခွက်
ငရုတ်ပွသီး ၂ ခု (ခပ်သေးသေးလှီးပါ)
ပင်စိမ်း (သို့) တရုတ်နံနံ စားပွဲတင်ဇွန်း ၄ ဇွန်း (နုပ်နုပ်စင်းထားသော)
spaghetti  (uncooked) ၄၀၀ ဂရမ်
ဆားနှင့် ငရုတ်ကောင်းအနက်မှုန့်

ပြင်ဆင်ပုံ

အအေးရိုက်ထားတဲ့ ပြုတ်ပြီးသား ဂဏန်းအသားများကို ဖောက်ပြီး ဇကာတစ်ခုထဲတွင် ထည့်ကာ
အရည် ဖျော်ပါ။

အသားများ ပြန်ပျော့လာပြီး ရေလည်း စစ်ထားပြီးသား ဖြစ်သွားပါမည်။

မိုက်ခရိုဝေ့ဖ် သုံးပြီး လုံးဝအရည် မဖျော်ပါနဲ့။

ပြီးရင် ဂဏန်းများပေါ်ကို ဆားလေးအနည်းငယ် ဖြူးပေးပါ။

ပေါင်မုန့်များကို အပိုင်းပိုင်းဖြတ်ပြီး blender ထဲမှာ ထည့်ကြိတ်ပါ။

Bread crumbs လို့ခေါ်ပါတယ်။

ပေါင်မုန့်က အထားခံတော့ တစ်ရက်၊ နှစ်ရက်လောက်က ၀ယ်ထားတဲ့ ပေါင်မုန့်ကို ကြိတ်လည်း
ရပါတယ်။

နောက်ပြီး စားမကုန်တော့ဘူးဆိုရင်လည်း ရက်မလွန်ခင် ကြိတ်ပြီး ရေခဲသေတ္တာထဲက freezer မှာ
သိမ်းထားလို့ ရပါတယ်။

သံပရိုသီး အခွံများကို ခပ်နုပ်နုပ် ခြစ်ဖြင့် ခြစ်ယူထားပါ။

ထို့နောက် ပေါင်မုန့် အသေးတစ်လုံးကို မွှာမွှာလေး ဖြစ်သွားအောင် ကြိတ်စက်ဖြင့် သာသာလေး
ကြိတ်ပါ။

ဒယ်အိုးထဲမှာ သံလွင်ဆီ ၁/၄ ခွက်ကို ထည့်ကာ မီးမပြင်းတပြင်းဖြင့် အပူပေးပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။