ကုက္ကိုင်းရေကူးကန်လမ်းပေါ်က Cousins Grill စားသောက်ဆိုင်

ဗဟန်းက Cousins Grill စားသောက်ဆိုင်ကို ကြည့်လိုက်ရင် အပြင်ပိုင်း အပြင်အဆင်က သိပ်ပြီး
သားသားနားနား မရှိလှတာကြောင့် ဆိုင်မှာ ရနိုင်တဲ့ အစားအစာနဲ့ ၀န်ဆောင်မှုတွေကို
သိပ်ကောင်းမှာ မဟုတ်ဘူးလို့ ထင်စရာရှိပါတယ်။

ဒါပေမဲ့ အထင်နဲ့ အမြင် တခြားစီ ဖြစ်နေတာကို ကျွန်မ သိခဲ့ရပါတယ်။

ကုက္ကိုင်း ရေကူးကန်လမ်းထဲမှာရှိတဲ့ ဒီဆိုင်လေးရဲ့ အတွင်းပိုင်းကလည်း ရိုးရိုး လေးပါပဲ။

အဆင့်မြင့် စားသောက်ဆိုင်ကြီးတစ်ခုနဲ့ မတူဘဲ သာမန် အမေရိကန် ထမင်းစားခန်းနဲ့ပဲ ပိုတူနေ
ပါတယ်။

အသိတစ်ယောက်က ကောင်းတယ်လို့ ညွှန်းလိုက်တဲ့အတွက် ညစာကို အမေရိကန်စံချိန်မီ ဘာဂါ
နဲ့ ဟော့ဒေါ့ စားကြမယ်ဆိုပြီး ကျွန်မ မိတ်ဆွေ တစ်ယောက်နဲ့အတူ ဒီဆိုင်လေးဆီ ၀င်လာခဲ့ကြ
တာပါ။

ဒါပေမဲ့ မီနျူးစာရင်း အောက်ဖက်ပိုင်းမှာရှိတဲ့ မက္ကဆီကန် အစားအစာတွေကိုပဲ မှာဖြစ်သွားပါတယ်
ရှင့်။

ကျွန်မတို့နှစ်ယောက် တော်တော်လေး ဗိုက်ဆာနေကြတဲ့အတွက် အစားအစာ သုံး၊ လေးမျိုး
လောက်မှာပြီး နှစ်ယောက်အတူ စားကြမယ်လို့ ဆုံးဖြတ်လိုက်ကြပြီး နူးညံ့တဲ့ taco ပြား တစ်ချပ်
အပေါ်မှာ Cajon မဆလာနဲ့ နှပ်ထားတဲ့ ငါးအသားတုံးလေးတွေရယ်၊ ခရမ်းချဉ်သီးနဲ့ လုပ်ထားတဲ့
မက္ကဆီကိုဆော့စ် ပူစပ်စပ်မှာ သံပုရာရည် လတ်လတ်ဆတ်ဆတ် ညှစ်ထည့်ထားပေးတဲ့ ဆော့စ်
အနှစ်ရယ်ပါတဲ့ fish taco (ကျပ် ၂,၅၀၀) တစ်ပွဲကို အရင်ဆုံး မှာလိုက်ကြပါတယ်။

ဒီအချပ်လေးကို နှစ်ယောက်အတူ မျှစားပြီးတဲ့အခါ ကျွန်မတို့ ပိုပြီးတော့ ဗိုက်ဆာသွားကြပါတယ်။

ဒါပေမဲ့ နောက်ထပ်မှာထားတဲ့ beef fajita (ကျပ် ၄,၅၀၀) ရောက်လာဖို့ အကြာကြီး မစောင့်
လိုက်ရပါဘူး။

ခြောက်တောက်တောက်ကြီး မဟုတ်ဘဲ အနေတော် နူးအောင် ချက်ထားပြီး နံနံစေ့အနှစ် လောင်း
ဆမ်းပေးထားတဲ့ အမဲသားလွှာလေးတွေကို တစိမ့်စိမ့် အရသာ ခံဝါးရင်းနဲ့တောင် မှာထားတဲ့
ဟင်းပွဲ နောက်တစ်မျိုးဆီ ကျွန်မစိတ်က ရောက်နေပါတယ်။

အစားအစာတွေက အရသာရှိတဲ့အတွက် ခပ်သွက်သွက် စားနေမိတာကြောင့် ဖြည်းဖြည်းချင်း
ဝါးစားဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် မနည်းထိန်း နေရပါတယ်။

ကျွန်မတို့ အားပါးတရ စားသောက်နေစဉ် အတောအတွင်းမှာ အစားအစာတွေမှာ ဘာများလိုမလဲ၊
အဖျော်ယမကာလိုမလား စတာတွေ သိရှိနိုင်ဖို့ စားသုံးသူတွေကို မပြတ်စောင့် ကြည့်နေတတ်ကြ
တဲ့ စားပွဲထိုးလေးတွေဟာ ကျွန်မတို့ လိုအပ်တာရှိရင် စီစဉ်ပေးလို့ရအောင် စားပွဲဝိုင်းတွေဆီကို
လိုက်ကြည့်ပေးကြပါတယ်။

စားပွဲထိုး လေးတစ်ယောက်ဆိုရင် ဘာများအဆင် မပြေတာရှိသလဲလို့တောင် ကျွန်မတို့ကို
မေးပါတယ်။

ကျွန်မတို့ကတော့ အားလုံး အဆင်ပြေပါတယ်။ (ကျွန်မမှာထားတဲ့ အစားအစာတွေကို
စားသောက်ဆိုင် သုံးသပ်ချက် ဆောင်းပါးအတွက် ခပ်တည်တည်နဲ့ ဓာတ်ပုံရိုက်ယူလိုက်တဲ့
အတွက် အခုလိုမျိုးမေးဖို့ သူ့ကို ပြောထားတာလည်း ဖြစ်နိုင်ပါတယ်။)

Pork burrito (ကျပ် ၄,၅၀၀) ကို လာချပေးတဲ့ အခါမှာလည်း ကျွန်မ အားရပါးရ
စားပစ်လိုက်ပါတယ်။

ဒါကလည်း စားလို့ ကောင်းပါတယ်။ တော်တီလာပြားကို ဆန်၊ ပဲ၊ salsa ဆော့စ်၊ နူးညံ့ပြီး အရသာ
ရှိအောင် နှပ်ထားပြီးမှ မီးမျှင်းမျှင်းနဲ့ ချက်ထားတဲ့ ၀က်သားတွေနဲ့ လိပ်ထားတဲ့အတွက် ၀မ်းဟာ
တာလည်း တင်းတိမ်သွားပါတယ်။

အီဆိမ့်သလို ဖြစ်နေပေမယ့် လည်း ဗိုက်မပြည့်သေးသလို ဖြစ်နေကြသေးတဲ့အတွက် အချိုပွဲမှာဖို့
ဆုံးဖြတ်လိုက်ပြီး flourless chocolate cake (ကျပ် ၃,၀၀၀) တစ်ခု ထပ်မှာလိုက်ပါတယ်။

ချောကလက်ကိတ်က နှစ်ယောက်မျှစားလို့ရအောင် အနေတော်ဖြစ်နေပေမယ့် ကျွန်မလို အချို
ကြိုက်သူအတွက်ကတော့ အချိုပေါ့ပါတယ်။

ကျွန်မ နောက်ထပ်သွားစားဖြစ်မှာ သေချာတဲ့ ဒီဆိုင်လေးမှာ မက္ကဆီကို အစားအစာ အစစ်အတိုင်း
မဟုတ်ဘဲ ပုံစံတူအောင် စီစဉ်ပေးထားတဲ့ အစားအစာတချို့လည်း တွေ့ခဲ့ပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

Cousins Grill
အမှတ်(၂၈)၊ ကုက္ကိုင်းရေကူးကန်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။