ထမင်းသုပ်များ

ဒီတစ်ပတ်အတွက်တော့ ထမင်းကို အနောက်တိုင်းဆန်ဆန် rice salad သုတ်နည်းလေးကို မျှဝေ
ပါမယ်။

သတ်သတ်လွတ် စားချင်သူတွေ၊ နောက် ၀ိတ်လည်း လျှော့ချင်တယ်၊ ထမင်းလေးလည်းစားရမှ
အာသာပြေသူတွေအတွက် နည်းလမ်းကောင်း လေးပါပဲ။

ဖြိုးကတော့ ထမင်းကို လျှော့ပြီး ထည့်လေ့ရှိပါတယ်။ ဒါပေမဲ့ ထမင်းကြိုက်တတ်သူများအဖို့တော့
အခုဖော်ပြတဲ့ အချိုးတိုင်းချက်ရင်တော့ အတော်ပါပဲ။

နောက်ပြီး အသီးအရွက်အပြင် အခွံမာသီးရဲ့ အဆံများကိုလည်း ထည့်သုံးထားတာမို့ ကျန်းမာရေး
နဲ့လည်း ညီညွတ်ပါတယ်။

Curry powder က မာဆလာလို အနံ့လေးသင်းနေပေမယ့် မဆလာလောက် မစူးရှသလို
နနွင်းမှုန့်နည်းနည်းပါတာမို့ အရောင်လည်းလှပါတယ်။

သူ့ကို ဆီသတ်ပြီး ထည့်ရင် အနံ့က တော်တော်လေးကို သင်းပါတယ်။

ထမင်းထဲကို ရေထည့်ချိန်မှာ ကြက်သားမှုန့် ဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက်မှုန့်ဖြစ်ဖြစ် ရေဖျော်ပြီး
ထည့်ချက်ရင် အရသာကို ထူးခြားစေပါတယ်။

MSG ပါတဲ့ (အချိုမှုန့်ဓာတ်ပေါင်းမပါတဲ့) အရသာမှုန့်ကိုတော့ ရွေးထည့်ဖို့ အကြံပေးပါရစေ။

နောက်ပဲ ဆီတို့၊ နှမ်းဆီတို့ကို အစားထိုးရင်လည်း အနံ့လေးသင်းပြီး အရသာလည်း ထူးစေပါ
တယ်။

ရွှေဝါရောင်ထမင်းနှင့် ပဲစိမ်းသုပ်
ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)

ဆန် နှစ်ခွက်
Curry powder စားပွဲဇွန်း တစ်ဇွန်း
ကြက်သားအရည်/ ဟင်းသီးဟင်းရွက် အရည်နှစ်ခွက် (၅၀၀ မီလီမီတာ) (Mussel ကြက်သားမှုန့်
လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနှစ်ခွက် နှင့် ဖျော်ပါ)
ရေ တစ်ခွက် (၂၅၀ မီလီမီတာ)
သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်း
Frozen peas (ပဲစိမ်းလုံး) တစ်ခွက်
ရွှေပဲသီး ၁၅၀ -၂၀၀ ဂရမ်
ဖရုံစေ့ စားပွဲဇွန်း နှစ်ဇွန်း

Dressing အတွက် 

Wholegrain mustard စားပွဲဇွန်း နှစ်ဇွန်း
သံလွင်ဆီ စားပွဲဇွန်း နှစ်ဇွန်း
သံပရိုရည် စားပွဲဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

ဆန်ကို ရေဆေးပြီးလျှင် ရေစင်အောင် စစ်ထားပါ။ ထို့နောက် သံလွင်ဆီကို ဒယ်အိုး (သို့) ထမင်း
ချက်မယ့် အိုးထဲတွင်ထည့်ပြီး တည်ပါ။

နောက် curry powder ကို ထည့်ဆီသတ်ပါ။

အနံ့သင်းပြီး ထွက်လာပြီဆိုလျှင် ရေစစ်ထားသော ဆန်ကို ထည့်ကာ အားလုံးနှံ့သွားအောင် လုံးပါ။

နောက် ပဲစိမ်းလုံး၊ ကြက်သားအရည် (သို့) ဟင်းသီးဟင်းရွက်အရည်နှင့် ရေကိုထည့်ကာ ထမင်းကို
ရေခန်းချက်ပါ။ (သို့) ထမင်းပေါင်းအိုးဖြင့် ချက်ပါ။

ထမင်းကျက်လျှင် ဆန်အလုံးမပျက် သာသာလေးဖွမွှေပြီး ဗန်းတစ်ခုအထဲတွင် ဖြန့်ခင်းထားပါ။

နောက် dressing အတွက် ပြင်ဆင်ပါ။

ပါဝင်ပစ္စည်းများကို ပုလင်းသေးတစ်ခုထဲတွင် ထည့်ကာ သမအောင် လှုပ်မွှေပေးပါ။

ရွှေပဲသီးများကို ရေနွေးဆူဆူထဲတွင် ၃ မိနစ်ခန့်မျှ ထည့်ပြီး ရေနွေးဖျောပါ။

နောက်ချက်ချင်းဆယ်ပြီး ရေခဲထည့်ထားသော ရေဇလုံထဲမှာ ထည့်ထားပြီး အေးသွားမှ ရေစင်
အောင် စစ်ထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုလျှင် ရွှေပဲသီးများနှင့် ဖရုံစေ့ကို ထမင်းဗန်းပေါ်သို့ ဖြူးပြီး dressing ကို
လောင်းထည့်ကာ သမအောင် မွှေပေးပါ။

အရသာအတွက် ဆားနှင့် ငရုတ်ကောင်း အနက်မှုန့်တို့ကို လိုသလောက်ထည့်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။