ဒီတစ်ပတ် ရုံတင်ပြသနေသော ရုပ်ရှင်ကားများ

သမ္မတ၊ သွင်နဲ့ မင်္ဂလာ ရုပ်ရှင်ရုံတွေမှာ ဒါရိုက်တာဝိုင်း ပုံဖော်ရိုက်ကူးထားတဲ့ 'လက်ပံ' ဇာတ်ကား
ကို ပထမဆုံး အပတ်အဖြစ် စတင်ပြသနေပါပြီ။

ပြေတီဦး၊ စိုးမြတ်သူဇာနဲ့ ဖွေးဖွေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာဇာတ်ကားတစ်ကားပဲ
ဖြစ်ပါတယ်။

နေပြည်တော်နဲ့ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ (၂) ရုပ်ရှင်ရုံတွေမှာလည်း "World War Z" သရီးဒီ
ဇာတ်ကားသစ်ကို ရုံတင်ထားပါတယ်။

ရှေ့ဆောင်အဆင့်မြင့် ရုပ်ရှင်ရုံမှာတော့ "Man of Steel" သရီးဒီဇာတ်ကားကိုပဲ ဆက်လက်ပြသ
နေပါတယ်။

ပါရမီစိန်ဂေဟာမှာ တည်ရှိတဲ့ Top Royal ရုပ်ရှင်ရုံမှာလည်း မြန်မာရုပ်ရှင် 'လက်ပံ' ဇာတ်ကားကိုပဲ
ပြသနေပါတယ်။

ဂျန်းရှင်းမော်တင်နဲ့ ဂျင်းရှင်းစကွဲက ရုပ်ရှင်ရုံတွေမှာလည်း မြန်မာဇာတ်ကား 'လက်ပံ'နဲ့ အက်ရှင်
ဇာတ်ကားများဖြစ်ကြတဲ့ "All Star" တူးဒီနဲ့ "Man of Steel" သရီးဒီဇာတ်ကားတွေကို ဆက်လက်
ရုံတင်ပြသနေပါတယ်။

နေပြည်တော် ဂျန်းရှင်း mini theatre မှာတော့ 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' မြန်မာဇာတ်ကား ရုံတင်
နေပါတယ်။

ဒါရိုက်တာ နေပိုင် ရိုက်ကူးပြီး ရဲအောင်၊ နေအောင်၊ ထွန်းထွန်းဝင်း၊ ဟိန်းဝေယံ၊ ထွန်းအိန္ဒြာဗိုနဲ့
န၀ရတ်တို့ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။