လွဲသွားလို့ပါ...

မိခင်ဖြစ်သူဟာ သမီးဖြစ်သူနဲ့ သားမက်ရဲ့ နေအိမ်ကို အလည်ရောက်သွားတဲ့အခါ သားမက်ဖြစ်သူ
ဟာ အရမ်းကိုစိတ်ဆိုးနေပြီး သူ့ပစ္စည်းတွေကို အိတ်တစ်လုံးထဲ စုထည့်နေတာကို တွေ့လိုက်ရပါ
တယ်။

"ဘာဖြစ်နေတာလဲ" လို့ စိုးရိမ်ပူပန်စွာနဲ့ သားမက်ဖြစ်သူကို မေးလိုက်ပေမယ့် အဖြေပြန်မရတာ
ကြောင့် "ဘာဖြစ်တာလဲဆိုတာ ငါ့ကို ပြောပြစမ်းပါဦး"လို့ ထပ်မေးလိုက်တဲ့အခါကြမှ

"ကျွန်တော်.. ခရီးကနေ ဒီနေ့ပြန်လာမယ်လို့ အမေ့သမီးကို အီးမေးလ်ကြိုပို့ထားခဲ့တယ်။ အိမ်ပြန်
ရောက်တော့ ကျွန်တော် ဘာတွေ့လိုက်ရတယ်များ ထင်သလဲ... စဉ်းစားကြည့်ပါဦး"လို့ သားမက်
ဖြစ်သူက ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။

"ခင်ဗျားရဲ့သမီး၊ ကျွန်တော့ မိန်းမကိုလေ အကောင် တစ်ကောင်နဲ့ သူနဲ့ ကျွန်တော့်ရဲ့ အိပ်ရာပေါ်မှာ
တွေ့ရတယ်။ ဒီကိစ္စမျိုးကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။ သူနဲ့ကျွန်တော်ရဲ့ အိမ်ထောင်လည်း
အဆုံးသတ်ပြီ။ ပြီးပြီ။ ဒီကိုဘယ်တော့မှ ပြန်မလာတော့ဘူး"လို့ ထပ်အော်ပြောလိုက်ပြန်ပါတယ်။

အမျိုးသမီးကြီးက "စိတ်လျှော့ပါ.. သားရယ်။ တစ်ခုခု လွဲသွားတာဖြစ်ပါလိမ့်မယ်။ အမေ့သမီးဟာ
ဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ဖူးပါဘူး။ အကြောင်းရှိပါလိမ့်မယ်။ သူ့ကို ချက်ချင်းသွားရှာပြီး
ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာ မေးခဲ့မယ်ဟုတ်လား" လို့ပြောပြီး အခန်းထဲက သမီးဆီကို
ထွက်သွားပါတယ်။

ခဏကြာတော့ အမျိုးသမီးကြီးဟာ စိတ်သက်သာရာ ရဟန်နဲ့ အားပါးတရပြုံးပြီး ပြန်ထွက်လာပါ
တယ်။

"မပြောဘူးလား... တစ်ခုခုလွဲတာပါလို့။ မင်းမိန်းမက ပြောတယ်။ သူ.. မင်းဆီက ဘာအီးမေးလ်မှ
မရဘူး" လို့လည်း ပြောလိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။