သကာနှစ်နဲ့ ကြက်ဥ ပူတင်း အချိုပွဲ

ကြက်ဥ ပူတင်း အချိုပွဲကြက်ဥ ပူတင်း အချိုပွဲ

ဒီတစ်ခါတော့ ကြက်ဥလေးတွေကိုသုံးပြီး အချိုပွဲလေးတွေ ဖန်တီးထားပါတယ်။ လွယ်လွယ်ကူကူ
oven မပါဘဲ လုပ်စားလို့ရသလို အကုန်အကျလည်း သိပ်မများပါဘူး။

Caramel custard pudding လို့ခေါ်တဲ့ ကပ်စေးနှဲကျဲကျဲလို သကာရည်လေးလောင်းထားတဲ့
ကြက်ဥ ပူတင်းလိုမျိုး ဖြစ်တာကြောင့် ကလေးရော၊ လူကြီးပါ စားလို့ရပါတယ်။

နောက်ပြီး သကာရည် (ကပ်စေးနှဲပျော့) caramel လုပ်ရတာလည်း ခက်တယ်လို့ ထင်ရပေမယ့်
တကယ် တော့လွယ်ပါတယ်။

နှစ်ခါလောက် လုပ်ကြည့်ရင် ကိုယ့်မီးဖို၊ အိုးနဲ့ မီးအချိန်အဆ၊ သကြား အရောင်ပြောင်းလဲပုံကို
မှတ်မိနားလည်နိုင်ပါတယ်။

နောက်ပြီး ပြောင်းဖူးမှုန့်တို့၊ ဂျုံမှုန့်တို့ ထည့်မထားတဲ့အတွက် ကြက်ဥက ပျော့ပျော့ တုန်တုန်လေးနဲ့
အရသာပိုပြီး ဆိမ့်ပါတယ်။

ကြက်ဥနဲ့ နို့ကိုပေါင်းထားတဲ့ custard လုပ်နည်း တစ်မျိုးပါ။ ဒီတစ်ပတ် ရေးပေးလိုက်တဲ့ caramel
လုပ်နည်းလေးက ပိုပြီး လွယ်ကူပါတယ်။

သကြားကို ပျော်သွားအောင်တော့ မီးပြင်း ဖို့လိုပေမယ့် မတူးအောင်လည်း သတိထားရပါမယ်။

အိုးကို မီးအပူမှ ခဏခဏ ခွာပေးခြင်းဖြင့် လည်း အပူချိန်ကိုထိန်းလို့ရပါတယ်။

နောက်တစ်မျိုးကတော့ ချောကလက်ရယ်၊ hazel nut တို့နဲ့လုပ်ထားတဲ့ nutella ကို mousse
လုပ်ထားတာပါ။

သူ့ကိုတော့ ၃ နှစ်အောက်ကလေးတွေကို မကျွေးပါနဲ့။

ကြက်ဥအကာ အစိမ်းကို အမြှုပ်ဖြစ်အောင်ခေါက်ထားတာဖြစ်ပြီး အိုက်စကရင်မ်အသားလို ရေခဲခြစ်
လေးတွေမရှိဘဲ သူ့အသားက ပြောင်ချောချောလေးနဲ့ စားလိုက်ရင်လျှာပေါ်မှာ ပျော်သွားတာမျိုးပါ။

လုပ်တတ်သွားပြီဆိုရင် လွယ်မှလွယ်ပါ။ လုပ်နည်းကိုတော့ သေချာလိုက်နာမှ ဖြစ်မှာပါ။ ဒါက
သူ့ရဲ့လျှို့ဝှက်ချက်ပါပဲ။

သကာနှစ်နဲ့ ကြက်ဥပူတင်း (caramel custard pudding)
ပါဝင်ပစ္စည်းများ
(လေးယောက်စာ)

Custard အတွက် တောကြက်ဥ တစ်လုံး
ကြက်ဥအနှစ် (အစိမ်း) နှစ်ခု
Caster သကြား ၁/၄ ခွက်
ဖာလာစေ့ နှစ်စေ့ နွားနို့ခွက် တစ်ခွက်ခွဲ
ဗန်နီလာအဆီ (vanilla extract) လက်ဖက်ရည်ဇွန်း တစ်ဇွန်း
Caramel သကြား (သကာရည်) အတွက် Caster သကြား ၁/၄ ခွက်
ရေ စားပွဲဇွန်း တစ်ဇွန်း
ရေနွေး စားပွဲဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ

ပူတင်းပြုလုပ်ဖို့အတွက် နွားနို့ကို အိုး တစ်လုံးထဲမှာ ဖာလာစေ့ထည့်ပြီး မီးမပြင်း တပြင်းဖြင့်ကျိုပါ။

အရမ်းမပွက် ပါစေနဲ့။ နောက် နွားနို့ဆူလာရင် မီးဖိုပေါ်မှချကာ အအေးခံပါ။ ဖာလာစေ့ကိုဆယ်ယူပြီး
လွှင့်ပစ်ပါ။

မလိုင်တက်မလာအောင် ဇွန်းကလေးဖြင့် အသာအယာ မွှေပေးပါ။ မမွှေ့လိုက်ပါနဲ့။

ကြက်ဥကို အသာလေးခွဲပြီးလျှင် လက်ချောင်းလေးများဖြင့် အနှစ်ကို မပေါက်အောင် စစ်ယူပါ။

နောက် ကြက်ဥ၊ ကြက်ဥအနှစ်၊ သကြားနဲ့ vanilla extract အဆီတွေကို ဇလုံ တစ်လုံးထဲမှာ
ထည့်ကာ အားလုံးသမအောင် ခေါက်မွှေပေးပါ။

ထို့နောက် နွားနို့ (ကြက်သီးနွေး) ကို ကြက်ဥ အနှစ်များထဲရောထည့်ကာ အားလုံးပေါင်းစပ်သွား
အောင် ခေါက်မွှေပါ။

ပြီးလျှင် အ၀တ်ပါးပါး (သို့) ဆန်ခါစိပ်စိပ်လေးနဲ့ စစ်ကာ ပုံစံခွက်ထဲသို့ ထည့်ပါ။

နောက် အလူမီနီ ယမ်ဖွိုင်အပြားနဲ့ ပုံစံခွက်များကို အုပ်ကာထားပါ။

ထို့နောက် နွားနို့နဲ့ ကြက်ဥ ထည့်ထားတဲ့ ခွက်လေးများကို ပေါင်းအိုးထဲတွင် စီထည့်ကာ ရေနွေးငွေ့
ဖြင့် (၁၅-၂၀ မိနစ်ခန့်) ပေါင်းပါ။

ပေါင်းအိုးမရှိရင်လည်း အိုးထဲကိုရေထည့် နောက် ပူတင်းခွက်ကလေးတွေတင်လို့ရမယ့် စင်ကလေး
ထည့်ပြီး ရေကို ခွက်ကလေးတွေ တစ်ဝက်နီးပါးလောက် မြုပ်တဲ့ထိထည့်ပြီး အဖုံး အုပ်ကာပေါင်းပါ။

ရေအရမ်းမဆူပါစေနဲ့။ ရေ စဆူပြီဆိုရင် မီးကို လျှော့ပြီး ရေနွေးများ ညင်ညင်သာသာလေး
ပွက်ပါစေ။

ပူတင်းအရည်များ (custard) ကျက်လျှင် (ဂျယ်လီကဲ့သို တုန်တုန် လေးလှုပ်လာပြီးဆိုလျှင်)
အိုးထဲမှ ထုတ်ယူကာ အအေးခံပါ။

တုတ်အချွန် ပါးပါးလေးဖြင့် ပူတင်းထဲထည့်ပြီး ပြန်ဆွဲကြည့်ပါက custard များကျက်လျှင်
ထိုးထည့်လိုက်တဲ့ တုတ်အချွန်မှာ ခကျအမေိ တွေ ကပ်မနေပါဘူး။

သကြားကို ကပ်စေးနှဲပျော့ပျော့လေးလိုဖြစ် အောင် ကျိုပါမယ်။ ရေရိုးရိုး (အခန်းအပူချိန်မှာ)နဲ့
သကြားကို အိုးတစ်လုံးထဲထည့်ပြီး မီးခပ်ပြင်းပြင်းလေးဖြင့် သကြားများရေထဲမှာ အကုန်လုံး
ပျော်ဝင်သွားတဲ့အထိ ကျိုပါ။

အိုးကို စကောကို ၀ိုင်းသလိုမျိုး ၀ိုင်းပြီး လှုပ်ပေးပါ။ နောက် ရွှေဝါရောင်လေးသန်းလာပြီဆိုရင် မီးဖို
ပေါ်မှချကာ ရေနွေးကို နည်းနည်းစီနဲ့ ဖြည်းဖြည်းလေးထည့်ကာ သကာရည်ကျဲလာအောင်
ဖြည်းဖြည်းချင်း မွှေပေးပါ။ (အငွေ့ပူများ အပေါ်တက်လာတတ်သဖြင့် သတိထားပါ)

သူ့ကိုလည်း အအေးခံထားပါ။ သကာရည် အေးပြီဆိုရင် အအေးခံထားတဲ့ custard ခွက်လေးများ
ထဲ စားပွဲဇွန်း ၁ ဇွန်းစာစီ မျက်နှာပြင်အနှံ့ လောင်းထည့်ပါ။

နောက် custard များ ပိုပြီး ငြိမ်ငြိမ်လေးနဲ့ ခဲသွားအောင် ရေခဲသေတ္တာထဲထည့်ကာ အအေးခံထား
ပါ။

စားခါနီးမှ ထုတ်ကာ ပွဲပြင်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။