ဖုန်ထူတဲ့ မန္တလေးမှာ အိုအေစစ်တစ်ခု ရှာဖွေတွေ့ရှိခြင်း

မန္တလေးမှာ သွားနေဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ အစားအစာတချို့ကို ကျွန်တော်
မြည်းစမ်းခွင့်ရခဲ့ပါတယ်။

လမ်းတိုင်းမှာ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ မြန်မာ့ရိုးရာ စားကောင်းသောက်ဖွယ်ဆိုင်တွေနဲ့
ပြည့်နှက်နေပြီး ခေါက်ဆွဲဆိုင်တွေနဲ့ လမ်းဘေး စားသောက်ဆိုင်တွေကလည်း လက်မလွှတ်သင့်တဲ့
ဆိုင်တွေပါပဲဗျာ။

တစ်နေကုန် လူစည်နေတဲ့ နာမည်ကြီး စားသောက်ဆိုင်အများစုရဲ့ အနီးပတ်ဝန်းကျင်မှာ ဆိုင်ကယ်
တွေက ကြိတ်ကြိတ်တိုးနေပါတယ်။

ဒါပေမဲ့ တစ်ခါတလေမှာ ကော့တေးကို အဲကွန်းနဲ့ စားသောက်ဆိုင်ထဲက ကူရှင်ပါတဲ့ ထိုင်ခုံလေးမှာ
ဇိမ်ယူပြီး သောက်ရတာကလည်း တစ်မျိုးကောင်းတာပါပဲ။

မကြာသေးတဲ့အချိန် မတိုင်ခင်အထိကတော့ ဒီလိုစိတ်ကြည်နူးစရာ အိုအေစစ်ကလေး ရှာတွေ့ဖို့
ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ Hunter's Cafe and Bar ကတော့ မန္တလေးမြို့ရဲ့ မြင်ကွင်းထဲက
စိတ်ကြည်နူးပျော် ရွှင်စရာတစ်ခုဆိုတာကို၊သက်သေပြနေပါတယ်။

၂၇ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားမှာရှိပြီး ကျုံးကနေ တစ်ဘလောက်အကွာမှာ ရှိတဲ့ ဒီဆိုင်
ကတော့ မြို့လယ်ကောင်မှာ တည်ရှိပါတယ်။

ပြီးတော့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေ အများကြီးရှိရာ
နေရာနားမှာရှိတဲ့ အိန္ဒိယ ရပ်ကွက်နဲ့လည်း နီးပါတယ်။

ဆိုင်လေးကို ဒီနှစ်အစောပိုင်းမှာ လာဖွင့်ဖြစ်ခဲ့ကြတဲ့ ဩစတြေးလျသား လင်တန်ညီအစ်ကိုရဲ့
ကျကျနနပြင်ဆင်ထားတဲ့ လက်ရာတွေကို ဆိုင်ခန်းလေးရဲ့အတွင်းပိုင်းထဲမှာ တွေ့ရပါတယ်။

နေ့ဘက်ပိုင်းမှာဆိုရင်တော့ ဆိုင်လေးထဲမှာ အေးအေးလူလူ အနေအထားမျိုး ဖြစ်နေပေမယ့် တချို့
ညတွေမှာတော့ ဘားဆိုတဲ့အမည်နဲ့ လိုက်ဖက်တယ်လို့ ပြောရမှာပါ။

အမှန်တော့ စနေနေ့ညတွေမှာဆိုရင် ဆိုင်လေးရဲ့ ဒုတိယထပ်ဟာ ဒီဂျေတီးလုံးနဲ့အတူ ဒစ္စကိုကခန်း
အဖြစ် ပြောင်းလဲသွားပါသေးတယ်။

ကော့တေးချိန်ရောက်တဲ့အခါ ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတို့ မာဂရီတာ ( ကျပ် ၃,၅၀၀) နဲ့
မိုင်ထိုင်း (ကျပ် ၃,၀၀၀) တစ်ခွက်စီ မှာလိုက်ကြပါတယ်။

ကော့တေးစပ်တဲ့သူက ကော့တေးစပ်နည်းစာအုပ်လို့ ယူဆရတဲ့အရာကို ငုံ့ကြည့်ပြီး ကော့တေး
တွေကို ဂရုတစိုက် စပ်ပေးနေခဲ့ပါတယ်။

သူစပ်ပေးတဲ့ ကော့တေးက ကောင်းလွန်းတဲ့အတွက် ကျွန်တော်လည်း မန္တလေးမှာ ဖုန်ထူတဲ့ကိစ္စကို
မေ့သွားစေပါတယ်။

မီနူးမှာ အနောက်တိုင်း အစားအစာတွေကိုပဲ ခပ်များများ ဖော်ပြထားတာကို တွေ့ရပါတယ်။

အနောက်တိုင်းအစားအစာတွေပဲများတဲ့ အတွက် အာရှအစားအစာတွေရတဲ့ မြန်မာစားသောက်ဆိုင်
တွေနဲ့ ယှဉ်နိုင်ဖို့ အခက်အခဲရှိတယ်လို့ ဆိုင်မန်နေဂျာ သောမတ်စ်လင်တန် က ပြောပါတယ်။

ဆိုင်ရဲ့ မီနူးထဲက ဟင်းပွဲအသစ် ဖြစ်တဲ့အတွက် ပုံမှန်ဈေး ကျပ် ၁၁,၀၀၀ ကို ကျပ် ၉,၅၀၀ နဲ့
လျှော့ချပေးထားတဲ့ imported steak ကို မှာလိုက်ပါတယ်။

အလောတော် မကျက်တကျက်ကင်ထားတဲ့ အမဲသားကို ဟင်းအနှစ် လောင်းဆမ်းပေးထားပြီး
အားလူးချောင်းကြော်နဲ့ အသီးအရွက်တွေကို တစ်ဖက်မှာ အလှဆင်ပေးထားတဲ့ အမဲသားစတိတ်ပွဲ
ကတော့ ကျွန်တော့်ရှေ့ကို ရောက်လာပါပြီ။

ကျွန်တော့်မိတ်ဆွေကတော့ မန္တလေးမှာ ရခဲတဲ့ အနောက်တိုင်းအစားအစာတွေကို မှာစားမယ်လို့
ကြံစည်ထားတဲ့အတိုင်း ဟာဝိုင် အီပီဇာ (ကျပ် ၇,၅၀၀)ကို မှာလိုက်ပါတယ်။

ဟန်းတားရဲ့ဆိုင်ဟာ အပြိုင်အဆိုင်များတဲ့ စားသောက်ဆိုင်လောကမှာ ကြိုးစားရင်ဆိုင်နေရပေမယ့်
ပီဇာကတော့ သူ့ကိုယ်ပိုင် ထူးခြားချက်တွေ ရှိနေပါတယ်။

သူ့ဆိုင်က ပီဇာကတော့ မြန်မာနိုင်ငံလုပ် ပီဇာတော်တော်များများကို ကျဆုံးသွားစေတဲ့ အချိုမပါတဲ့
ပီဇာမျိုးဖြစ်ပြီး အမေရိကန်ပီဇာအတိုင်း ခပ်ကြွပ်ကြွပ်နဲ့ အစာတွေလည်း အများကြီးပါပြီး
ချိစ်ကလည်း အထူကြီးပါပါတယ်။

အချိုပွဲအနေနဲ့ ကျွန်တော်တို့ ချိစ်ကိတ် (ကျပ် ၆,၀၀၀) ကို နှစ်ယောက် မျှစားဖြစ်ကြပါတယ်။

ဒါကလည်း မကြာသေးခင်ကမှ မီနူးမှာ ထပ်ဖြည့်ထားတဲ့ အချိုပွဲတစ်ခုပါပဲ။

ချိစ်ကိတ်က အတော်လေးပွပြီး အချိုကြိုက်တဲ့ ကျွန်တော့်ကို စိတ်ကျေနပ်သွားစေပါတယ်။

မန္တလေးရဲ့ အိုအေစစ်ဆိုရင်တော့ ဒီဆိုင်က အကောင်းဆုံးပါပဲလို့ အကြံပေးချင်ပါတယ်။

Hunter's Cafe and Bar
၂၇ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ မန္တလေးမြို့။

Food : 8
Drink : 9
Service : 8
Atmosphere : 8
X-factor : 8
Value for Money : 7

Total Score : 8/10

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။