ရွေးကောက်ပွဲနောက်ပိုင်းတွင် ဗုဒ္ဓဂယာဘုရားဖူးခရီးသွားတိုးလာ

မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာဘုရားဖူးခရီး သွားများသည် ရွေးကောက်ပွဲနောက်ပိုင်းတွင်သိသိ
သာသာ သွားရောက်သူများလာကြောင်း ဒါနဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းရှင် ဦးမောင်မောင်မြင့်က မြန်မာတိုင်း(မ်)ကိုပြောသည်။

"ရွေးကောက်ပွဲနောက်ပိုင်းဂယာဘုရားဖူး ခရီးသွား ပြန်တက်လာတယ်။ ဒီဇင်ဘာလို
အေးတဲ့ရာသီမှာတောင် သွားတဲ့သူက မနှစ်က ထက် များပါတယ်။ လက်ရှိဒီဇင်ဘာနဲ့
ဇန်န ၀ါရီလအတွက်ဘွတ်ခ်ကင်လုပ်ထားတဲ့ ဘုရားဖူးတွေက ပြီးခဲ့တဲ့နှစ်ထက်ပိုများပါ
တယ်"ဟု ဦးမောင်မောင်မြင့်က ပြောသည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလများတွင် ဂယာဘုရားဖူးခရီးသွားများသည် ရွေးကောက်
အခြေအနေစောင့်ကြည့်နေသောကြောင့် ပြီးခဲ့သည့်နှစ်ထက်ခရီးသွားလျော့နည်းခဲ့သော်
လည်း ယခုနောက်ပိုင်းသိသိသာသာ တိုးလာ သည်ဟု ၎င်းကပြောသည်။ "ဗုဒ္ဓဂယာမှာ
ပဋိကတ်သုံးပုံပူဇော်ပွဲနဲ့ ဘုရားထီးတော်တင်ပွဲရှိပါတယ်။ အဲဒါကြောင့် လည်း သွားတဲ့
သူများပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တော့ ခရီးသွားအခြေအနေက အရမ်းကို
အေးပါတယ်။ အဲဒါကြောင့် တစ်နှစ်လုံးခြုံပြီး သုံးသပ်ရရင် ပြီးခဲ့တဲ့နှစ်ခရီး သွားအတိုင်း
တူတူလောက်ပဲရှိမယ်လို့ ခန့် မှန်းရပါတယ်"ဟု ဦးမောင်မောင်မြင့်က ပြောသည်။

သို့သော်လည်း တရိပ်ရိပ်တက်လာ သော အမေရိကန်ဒေါ်လာဈေးကြောင့် ခရီး
သွားနှုန်းထားအပြောင်းအလဲရှိကြောင်းသိရ သည်။ ယခင်က ၁၅ ရက်ခရီးအတွက်
မြန်မာ ကျပ်ငွေ ကိုးသိန်းခွဲသတ်မှတ်ထားရာမှ မြန်မာကျပ်ငွေအစား ဒေါ်လာ ၈၀၀ နှင့်
ကျပ် ငွေငါးသောင်း၊ ၇ ရက်ခရီးစဉ်အတွက် ဒေါ်လာ ၇၀၀ နှင့် ကျပ်ငွေငါးသောင်းပြောင်း
လဲသတ် မှတ်ထားကြောင်း ၎င်းကပြောသည်။ "ဟိုမှာသုံးရတဲ့ပိုက်ဆံကလည်းဒေါ်လာနဲ့ပဲ
သုံးရပါတယ်။ အဲဒါကြောင့် မြန်မာငွေအစား ဒေါ်လာနဲ့ပဲပြောင်းယူပါတယ်။ မြန်မာငွေ
ငါးသောင်းယူတာက ပတ်စပို့စ်နဲ့ အခြား လိုအပ်တဲ့ပစ္စည်းပေးဖို့အတွက်ပါ။ ပတ်စပို့စ်
ရှိပြီးသားလူဆို ကျပ်ငွေနှစ်သောင်းပဲ ယူပါ တယ်။ ဒေါ်လာဈေးကျရင် သွားမယ့် ဦးရေ
ဒီထက်ပိုဖွံ့ဖြိုးလာနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။ ဒေါ်လာဈေးအပြောင်းအလဲရှိသော်
လည်း ဘုရားဖူးသွားမည့်သူများလျော့နည်း သွားခြင်းမရှိဘဲ ပိုများလာကြောင်း မဟာတိုး
ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းရှင် ဦးမောင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

"ပထမပိုင်းကတော့ အေးတယ်။ လုံးဝမရှိ တာမျိုးမဟုတ်ပေမဲ့ ပုံမှန်တော့သွားနေကြပါ
တယ်။ နောက်ပိုင်းဂယာဘုရားဖူး အင်နဲ့ အားနဲ့ များလာနိုင်တဲ့သဘောမှာ ရှိပါတယ်။
အခုက တည်းက သင်္ကြန်အတွင်းသွားမယ့်သူတွေက ကြိုတင် ဘွတ်ခ်ကင်လုပ်နေကြ
ပါတယ်"ဟု ဦးမောင်မောင်အေးက ပြောသည်။ ဗုဒ္ဓဂယာသို့ ဒီဇင်ဘာကျောင်းပိတ်ရက်
တွင်သွားမယ့်ခရီးသွားများ များလျက်ရှိပြီး ဈေးနှုန်းမှာလည်း အရင်နှစ်ထက် တစ်သိန်းစီ
ပိုများသွားကြောင်း ၎င်းက ပြောသည်။

"ဩဂုတ်၊ စက်တင်ဘာတည်းက ပြောင်း ကောက်ပါတယ်။ အရင်နှစ်က ဒေါ်လာဈေး
၁,၀၀၀ နဲ့တွက်ပေမယ့် ခု ၁,၃၀၀ နဲ့တွက်ရ ပါတယ်။ နယ်ကသွားမယ့်ခရီးသွားတွေလည်း အဆင်ပြေရအောင် မြန်မာငွေနဲ့ပဲယူပါတယ်။ လေကြောင်းလိုင်းတွေကလဲ ကြာသပတေး
နေ့ကလွဲပြီး နေ့စဉ်ပြေးဆွဲနေတာမို့ အဆင် ပြေပါတယ်"ဟု၎င်းကပြောသည်။ ဗုဒ္ဓဂယာ
ဘုရားဖူးခရီးသွားပို့ဆောင်ရေး လုပ်ငန်းကုမ္ပဏီများမှ လေယာဉ်လက်မှတ် ဘွတ်ခ်ကင်
များသည် ရွေးကောက်ပွဲနောက် ပိုင်းနေ့တိုင်းနီးပါး တက်လာကြောင်း ရွှေ မြန်မာလေကြောင်း
လိုင်းဖြင့် ရန်ကုန်ဈဂယာ ဈ ကိုလ်ကတ္တားဈရန်ကုန်သို့ စင်လုံးငှား လေယာဉ်ပြေး
ဆွဲပေးနေသော ကျက်သရေ ထူးဘုရားဖူးပို့ဆောင်ရေးလုပ်ငန်း မန်နေး ဂျင်းဒါရိုက်တာ ဒေါ်ပွင့်နွယ်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ရွေးကောက်ပွဲမတိုင်ခင်က တစ်နှစ်စာ ဘွတ်ခ်ကင်ယူထားတဲ့သူတွေလောက်ပဲ ရပါတယ်။
ရုတ်တရက်ဝင်လာတက်တဲ့ ဧည့် သည်မျိုးတော့မရပါဘူး။ ရွေးကောက်ပွဲပြီးတဲ့ အခါကျ
အရင်ကထက် နေ့တိုင်းနီးပါးပိုတက် လာတယ်။ ၁၆ ယောက်စာ ဘွတ်ခ်ကင် ယူထား
တဲ့သူက နောက်ထပ် ခုနစ် ယောက်စာ တိုးမှာ တာမျိုး။ အရင်ကဆိုလိုက်မယ့် ဦးရေထက် လျော့တာမျိုးတောင်ရှိပါတယ်"ဟုဒေါ်ပွင့် နွယ်အောင်က ပြောသည်။

ကျက်သရေထူးဘုရားဖူးပို့ဆောင်ရေး မှ ရွှေမြန်မာ ဗ-၃၂၀ စင်လုံးငှားလေယာဉ်ဖြင့်
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ တစ်ပတ် လေးကြိမ် ရန်ကုန်ဈဂယာသို့ပျံသန်းပြေး
လျက်ရှိပြီး တက်လာသော ဘိုကင်များကြောင့် ဒီနှစ်အတွက်မျှော်မှန်းထားသည့် ခရီးသွား
ဦးရေ ပြည့်နိုင်သည်ဟု၎င်းက ပြောသည်။ "ခုချိန်ထိ ခန့်မှန်းထားတဲ့ဦးရေ သုံးပုံ
နှစ်ပုံလောက် ပြည့်သွားပါပြီ။ အိန္ဒိယရဲ့ ရာသီဥတုအရမ်းအေးတဲ့ ဒီဇင်ဘာ၊ ဇန်န
ဝါရီလမျိုးမှာ ခရီးသွား မယ့်ဘွတ်ခ်ကင်အရမ်း များနေတာမို့ နှစ်ကုန်ဆို မျှော်မှန်းဦးရေပြည့်
နိုင်ပါတယ်"ဟု၎င်းကပြောသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်းကလည်း ရွေးကောက်ပွဲကာလတွင်
ခရီးသည်ကျဆင်းခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ခရီးသွားဧည့်သည် ပြန်တက်လာ
ကြောင်း လေကြောင်းလိုင်း လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်အေးမရသာက
ပြောသည်။ "ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ထိ ခရီးသည်နည်းပါတယ်။ ခုံမပြည့်တဲ့
ခရီးစဉ် တွေလည်းရှိခဲ့ပါတယ်။ အခုနောက်ပိုင်းပြန် တက်လာပါတယ်။ လေယာဉ်လက်
မှတ်ကို အရင်ကတည်းက ဒေါ်လာနဲ့ပဲရောင်းတာမို့ ဒေါ်လာဈေးတက်လာပေမယ့် လက်မှတ်
ဈေးနှုန်းအပြောင်းအလဲ မရှိပါဘူး။ အစပိုင်း က ခရီးသည်အရမ်းကျတာမို့စိုးရိမ်ခဲ့ပေမယ့်
အခုအခြေအနေအရ မနှစ်ကအတိုင်းသွား ကျမယ်လို့ခန့်မှန်းရပါတယ်"ဟု
ဒေါ်အေးမရသာကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား