Monday, April 24, 2017

စိနသွား တောလား

ပေကျင်းမြို့ မြေအောက်ရထားပေါ်တွင် မိုဘိုင်းဖုန်းသုံးစွဲနေကြသူများ။ဉာဏ်လင်းအောင် / မြန်မာတိုင်း(မ်)ပေကျင်းမြို့ မြေအောက်ရထားပေါ်တွင် မိုဘိုင်းဖုန်းသုံးစွဲနေကြသူများ။ဉာဏ်လင်းအောင် / မြန်မာတိုင်း(မ်)

ပေကျင်းမြို့က အထင်ကရနေရာတွေကို လည်ပတ်ခွင့်ရတာ ပျော်စရာကောင်းသလို သင်တန်းချိန်တွေကလည်း ပျော်စရာ ကောင်းပါတယ်။

သင်တန်းကို လာရောက် ဆွေးနွေးကြသူတွေက နိုင်ငံခြားရေးဌာနက အရာရှိတွေ၊
တက္ကသိုလ်ပါမောက္ခတွေ ဖြစ်တာမို့ ဆွေးနွေးတဲ့ အကြောင်းအရာ တွေကလည်း
စိတ်ဝင်စားဖို့ကောင်းပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့မူဝါဒကို အပြောင်း အလဲမရှိ ဆုပ်ကိုင်
ထားသူမို့ ဆွေးနွေးတဲ့ အကြောင်းအရာတွေက ဗဟိုချုပ်ကိုင်မှုကို အခြေခံဆွေးနွေးတဲ့အခါ
ဖြစ်ပေါ်လာတဲ့ အငြင်းအခုံတွေက ပျော်စရာကောင်း ပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်
မီဒီယာတွေနဲ့ ပတ်သက်ရင် ဆွေးနွေးရတာ ပိုပြီး ပျော်စရာကောင်းလှပါတယ်။ တစ်ကမ္ဘာလုံးမှာ
အသုံးပြုလို့ရပေမဲ့ တရုတ်နိုင်ငံမှာ အသုံးပြုလို့မရတဲ့ လူမှုကွန် ရက်မီဒီယာတွေကတော့ ဖေ့စ်ဘွတ်ခ်၊
ယူကျု၊ တွစ်တာ စတာတွေဖြစ်ပြီး ဂျီမေးလ်နဲ့ ဂူဂဲလ် ဆာဗာတွေလည်း အသုံးပြုလို့ မရပါဘူး။

ဆန့်ကျင်စိတ်ရှိတဲ့ တရုတ်လူငယ်တချို့က တော့ ဆိုခဲ့တဲ့ ဆော့ဖ်ဝဲနဲ့ အက်ပလီကေးရှင်း တွေကို
လျှို့ဝှက်ဆာဗာတွေကတစ်ဆင့် ကျော် လွှားပြီး အသုံးပြုကြတာ တွေ့ရပေမဲ့ အများစု ကတော့
ဆိုခဲ့တဲ့ အက်ပလီကေးရှင်းတွေ အစား တရုတ်အစိုးရက ဖန်တီးတည်ဆောက် ပေးထားတဲ့
ဆော့ဖ်ဝဲနဲ့ အက်ပလီကေးရှင်း တွေကိုပဲ အသုံးပြုတာ တွေ့ရပါတယ်။ တရုတ် မှာ လူသုံးအများဆုံး အက်ပလီကေးရှင်းက တော့ Wechat ပဲဖြစ်ပါတယ်။ သူက ဗိုင်ဗာ အက်ပလီကေးရှင်းနဲ့ အသွင်
တူပါတယ်။ တရုတ်လူမျိုး အများစုကတော့ ဒီအက်ပလီ ကေးရှင်းကိုပဲ စွဲစွဲမြဲမြဲ သုံးကြပါတယ်။
လူမှုကွန်ရက် မီဒီယာတွေကို တရုတ် ပြည်သူလူထု အသုံးပြုမှုအတွက် ပိတ်ပင် ထားပေမဲ့ ရှင်ဟွာ၊
စီစီတီဗီ၊ ချိုင်းနား ဒေလီ၊ ချိုင်းနားပို့စ် အစရှိတဲ့ တရုတ်ပြည် ရဲ့ နာမည်ကြီးမီဒီယာတွေအပါအ၀င်
နာမည် ကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မီဒီယာလုပ် ငန်းတွေ၊ ကုမ္ပဏီတွေတိုင်းမှာ သူတို့ရဲ့လုပ် ငန်းဆိုင်ရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ တည်ထောင်
ထားတာကို တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့သူတွေကို မေးကြည့်တဲ့အခါ ဒီလိုပိတ်ပင်ထားတဲ့ လူမှုကွန်ရက်
မီဒီယာကို အများပြည်သူကြည့်ရှုနိုင်ဖို့ တည်ထောင်လို တဲ့အခါ တရားဝင်လျှောက်လွှာတင်လျှောက်ထား
ခွင့်ပြုချက်ရယူပြီးမှ တည်ထောင်ခွင့် ရတာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက
အကြီးတန်း တာဝန်ရှိသူတစ်ယောက်နဲ့ ဆွေးနွေးခွင့်ရတဲ့အခါ ဘာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေကို
ပိတ်ပင်ထားသလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြပါတယ်။ တရုတ်ပြည်မှာ အရင်က
တွစ်တာ အသုံးပြုလို့ရပေမဲ့ နောက်ပိုင်းမှာတော့ တွစ်တာအသုံးပြုမှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ပိတ်ပင်လိုက်တဲ့ အဓိက အကြောင်းရင်းကတော့ သတင်း အချက်အလက် ပေါက်ကွဲမှုကြောင့်ပါပဲ။
သတင်းအချက်အလက်နဲ့ ပတ်သက်ရင် တရုတ်ပြည်မှာက ကျေးရွာအဆင့်လို အောက်ခြေကစပြီး
ဗဟိုအဆင့်အထိ အဆင့်လိုက် ပြောရေးဆိုခွင့်ရှိသူပေါင်း ၂၀၀ နီးပါးကို ခန့်အပ်တာဝန်ပေးထားပြီး
နေ့စဉ် မီဒီယာ တွေ့ဆုံမှုနဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲ တွေကို လုပ်ဆောင်ပေးတယ်လို့ သိရပါတယ်။

သတင်းအချက်အလက်ပေါက်ကွဲမှုက ဒီလုပ်ငန်းစဉ်တွေအတွက် ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်း
ပျက်ပြားလာစေတာမို့ အဆိုပါ လူမှုကွန်ရက်မီဒီယာတွေကို ပိတ်ပင်ရတာ ဖြစ်တယ်လို့
သိရပါတယ်။ ဒီလို သတင်း အချက်အလက်ပေါက်ကွဲမှုကို တရုတ်က တွစ်ပလိုမေစီလို့
နာမည်ပေးပါတယ်။ ဆိုလို တဲ့သဘောကတော့ လူတွေဟာ တွစ်တာ ပေါ်က သတင်းတွေကို
ပြန်လည်မျှဝေ ဝေဖန် သုံးသပ်ရင်းကနေ မှန်ကန်မှုနဲ့ တဖြည်းဖြည်း ဝေးသွားစေတာမို့ ရှိပြီးသား ဒီပလိုမေစီဟာ ပျောက်ကွယ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်က သူကိုယ်တိုင်ဖန်တီး
တည်ဆောင်ပေးထားတဲ့ အက်ပလီကေးရှင်း တွေမှာလည်း ဒီလို သတင်းအချက်အလက်
ပေါက်ကွဲမှုတွေရှိပေမဲ့ ဒေသတွင်းက သတင်း အချက်တွေမို့ ဒါက တရုတ်အတွက်
ထိန်းချုပ်ရလွယ်သလို ဒီအက်ပလီကေးရှင်းတွေ ကို အကောင့်ဖွင့်တဲ့အခါမှာလည်း ပြည့်စုံစွာ
မှတ်ပုံတင်ထားပြီးသားဖြစ်တဲ့ ဖုန်းနံပါတ်၊ မေးလ်အကောင့်တွေကတစ်ဆင့်သာ ဖွင့်လို့ ရတာမို့
တစ်ခုခုဆိုရင် အကောင့်ပိုင်ရှင်ကို ချက်ချင်း ခြေရာခံလို့ရတာပဲ ဖြစ်ပါတယ်။

တရုတ်က ဒီအခြေအနေတွေကိုပြောတော့ လက်ရှိမြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်အကြောင်း
သွားစဉ်းစားမိပါတယ်။ ဒါ့ပြင် တရုတ်အစိုးရ နည်းတူ မြန်မာအစိုးရကလည်း လွန်ခဲ့တဲ့
၁၀ နှစ်ကျော်လောက်တုန်းက ဂျီမေးလ်အသုံးပြု မှုကို ပိတ်ပင်ခဲ့တာ သတိရမိတယ်။ အဲဒီအချိန်တုန်းက
ဖေ့စ်ဘွတ်ခ်တို့၊ တွစ်တာတို့၊ ဗိုင်ဗာ တို့ မြန်မာပြည်မှာ မတွင်ကျယ်သေးလို့ပေါ့။ မဟုတ်ရင်
မြန်မာအစိုးရလည်း အဲဒါတွေ အသုံးပြုမှုကို အဲဒီအချိန်မှာပိတ်ပင်ခဲ့နိုင်ပြီး ခုချိန်ဆို
ကျွန်တော်တို့လည်း လျှို့ဝှက်ဆာဗာ တွေကတစ်ဆင့်များ ဒီအက်ပလီကေးရှင်းတွေကို
အသုံးပြုနေရမယ် ထင်ရဲ့။

ဒါမှမဟုတ် လွှတ်တော်မှာ ဖေ့စ်ဘွတ်ခ် လွတ်လပ်စွာ သုံးစွဲ ရေး ဆွေးနွေးချက်တွေ
ပေါ်လာပြီး ဥပဒေကြမ်း တွေ ဘာတွေတောင် ထွက်ချင်ထွက်လာမှာ။ တော်ပါသေးတယ်၊
တရုတ်နဲ့ ဆွေမျိုးပေါက် ဖော် ဆက်ဆံရေးမှာ နည်းပညာကို မြန်မာက သိတာနောက်ကျခဲ့တာ
ကျေးဇူးတင်ရမလိုလိုပါပဲ။

(ဆက်ရန်)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။