စိတ်ဝင်စားစရာများတဲ့ကန်ချနာပူရီ

ထိုင်းနိုင်ငံ ရက်ချဘူရီခရိုင်ရှိ သိုးဥယျာဉ်နှင့် ကော်ဖီဆိုင် ။အိအိသူ / မြန်မာတိုင်း(မ်)ထိုင်းနိုင်ငံ ရက်ချဘူရီခရိုင်ရှိ သိုးဥယျာဉ်နှင့် ကော်ဖီဆိုင် ။အိအိသူ / မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ
သားတွေ အများဆုံး သွားရောက်လည်ပတ်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

လေယာဉ်ချိန် တစ်နာရီခန့်သာ စီးနင်းရတဲ့ ထိုင်းနိုင်ငံကို ဈေး ၀ယ်ထွက်ဖို့၊ ဆေးကုသဖို့နဲ့
အပန်းဖြေအနား ယူဖို့ အသွားအများဆုံး ဖြစ်ပါတယ်။ နိုင်ငံတကာ ခရီးသွားဦးရေ နှစ်စဉ်သန်း
၂၀ နဲ့အထက် ၀င်ရောက်နေတဲ့ ခရီးသွားလုပ် ငန်းက ထိုင်းနိုင်ငံမှာ အောင်မြင်နေတဲ့လုပ်ငန်း
တစ်ခုဖြစ်တာမို့ နိုင်ငံ့ဝင်ငွေ အများဆုံး ဖန်တီးပေးနိုင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု လည်းဖြစ်ပါတယ်။

အဲဒီလို ခရီးသွားလုပ်ငန်းမှာ အောင်မြင်နေတဲ့ ထိုင်းနိုင်ငံမှာ ဈေးဝယ် ထွက်မယ်ဆိုရင်
ဘန်ကောက်မြို့က အကောင်း ဆုံးနေရာဖြစ်တယ်ဆိုတာ လူတိုင်းသိပေမဲ့ လည်ပတ်စရာ
အပန်းဖြေနေရာတွေက ရွေးချယ်ရခက်အောင် များလှပါတယ်။ ထိုအထဲက မြန်မာနိုင်ငံသား
ခရီးသွား တွေကြား လူကြိုက်များနေတဲ့ နေရာကတော့ ထိုင်း - မြန်မာနယ်စပ်နားက ကန်ချနာ
ပူရီနယ် မြို့ပဲ ဖြစ်ပါတယ်။ ကန်ချနာပူရီက နယ်မြို့ လေးဖြစ်ပေမဲ့ အထူးစီးပွားရေးဇုန် နေရာဖြစ်တဲ့
အတွက် ခရီးသွားလုပ်ငန်းအပြင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု စီးပွားရေး လုပ်ငန်းတွေရှိတဲ့ အတွက်
ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာများစွာရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ထီးခီးနယ်စပ်က ကားနဲ့
သွားမယ်ဆိုရင် တစ်နာရီကျော်သာ စီးရပြီး ထိုင်းနယ်စပ် လူဝင်မှု ကြီးကြပ်ရေးက ထုတ်ပေးတဲ့
ခုနစ်ရက်ဗီစာနဲ့ အခုနောက်ပိုင်း မြန်မာပြည် တွင်းခရီးသွားတွေ ထားဝယ်ကတစ်ဆင့် သွားရောက်
လည်ပတ်ကြပါတယ်။

ကန်ချနာပူရီမှာ ခရီးသွားနေရာတွေ များစွာရှိတဲ့အနက် ကွေးမြစ် (River Kwai) ကမ်းဘေးတစ်လျှောက်
တည်ဆောက်ထား တဲ့ ချစ်စရာ အပန်းဖြေရေပေါ်အိမ်လေးတွေ က အထူးသာယာလှပါတယ်။ မြစ်တွင်း
ရေကူး ခြင်း၊ ၀ါးဖောင်စီးခြင်း စတာတွေ ပြုလုပ်နိုင် ပြီး ညဘက် အပန်းဖြေချင်သူအတွက် မြစ်တွင်း
သင်္ဘောစီးရင်း သီချင်းဆို၊ ကခုန်၊ စားသောက်နိုင်တဲ့ အပျော်စီး သင်္ဘောတွေ လည်းရှိပါတယ်။
ပင်လယ်စာနဲ့ ထိုင်းအစားအစာတွေ ပေါ တဲ့ ကန်ချနာပူရီဟာ အစားအသောက်နှစ်သက်တဲ့
သူအတွက် အဆင်ပြေတဲ့ နေရာလေးတစ်ခုပါ။

ထို့ပြင် မွန်ဘုန်းကြီး ကျောင်းထိုင်တဲ့ မွန်ဘုန်းကြီးကျောင်း၊ မြန်မာနိုင်ငံ မော်လမြိုင်ဘက်ခြမ်းနဲ့
ဆက်သွယ်ထားတဲ့ ဂျပန်ခေတ်က သေမင်းတမန် မီးရထားလမ်း စတာတွေကို လည်း
သွားရောက် လည်ပတ်နိုင်ပါတယ်။ ဘန်ကောက်မြို့ သုဝဏ္ဏဘူမီ လေဆိပ်က ကားနဲ့
ကန်ချနာပူရီကို ဆက်သွားမယ်ဆိုရင် နှစ်နာရီခန့် စီးရပါတယ်။ လေဆိပ်ကနေ ကန်ချနာပူရီကို
ဘတ်စ်ကား လိုင်းရှိတာမို့ လေကြောင်းလိုင်းနဲ့ သွားမယ့်သူလည်း အဆင် ပြေပါတယ်။ ကန်ချနာ
ပူရီကနေ သဘာဝတောလမ်းအတိုင်း ဖောက်ထားတဲ့ ကားလမ်းကနေ တစ်နာရီခန့် ကားထပ်စီးမယ်
ဆိုရင် ရက်ချဘူရီ (Ratchaburi Province) ဆိုတဲ့ နယ်မြို့ လေးကို ရောက်ပါတယ်။ ထူးခြားချက်က
လမ်း တစ်လျှောက်လုံး ဒီဇိုင်းအမျိုးမျိုးနဲ့ တည် ဆောက်ထားတဲ့ ကော်ဖီဆိုင်၊ အပန်းဖြေ
အိမ်လေးတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။

အပြင်ကနေမြင်ရရင်တောင် အေးချမ်းတဲ့ ရက်ချဘူရီရှိ အပန်းဖြေဟိုတယ် အားလုံး
နီးပါးတိုင်းမှာ တစ်နိုင်မွေးထားတဲ့ သိုးမွေးမြူ ရေးခြံလေးတွေ ရှိပါတယ်။ ဥယျာဉ်တွင်း
လှပတဲ့ တီထွင်ဖန်တီးမှု တွေက ခရီးသွားတွေကို ဆွဲဆောင်ထား ပါတယ်။ ထို့ပြင်
စိတ်ဝင်စားစရာ သိုးနဲ့ ခွေး ပေါင်းစပ်ဖျော်ဖြေတဲ့ ပြပွဲတွေလည်း ရှိပါတယ်။ ပျားဥယျာဉ်
(Bees Garden) လို့ခေါ်တဲ့ ဒီနေရာလေးက လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု နီးပါးက မငြိမ်းချမ်းတဲ့
ပန်းရောင်နယ်မြေဖြစ်ခဲ့ပေမဲ့ ခုခါမှာတော့ စိတ်ချမ်းမြေ့စရာ အပန်းဖြေဟိုတယ်တွေနဲ့
အေးချမ်းတဲ့ အစိမ်းရောင်နယ်မြေ ဖြစ်နေပါပြီ။

ဒါ့ကြောင့် အပန်းဖြေခရီးသွားချင်တဲ့ မြန်မာနိုင်ငံသားခရီးသွားများအနေနဲ့ ကန်ချနာပူရီက
တစ်ဆင့်သွားရောက် လည်ပတ်နိုင် ပါတယ်။ ဟိုတယ်အခန်းခနှုန်းထားက ထိုင်းဘတ်ငွေ
၁,၀၀၀ ကနေ ၇၀,၀၀ အထိဖြစ် ပြီး မြန်မာငွေနဲ့ဆို ကျပ်သုံးသောင်းခွဲကနေ နှစ်သိန်းခွဲခန့်ရှိ
ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ထိုင်း၊ ကမ္ဘော ဒီးယား၊ လာအိုနဲ့ ဗီယက်နမ် ငါးနိုင်ငံဟာ ခရီး
သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနိုင်ငံ ခရီးစဉ်၊ ငါးနိုင်ငံ ဗီစာ စတဲ့လုပ်ငန်းစဉ်များကို
အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့် ဒေသတွင်း နိုင်ငံတွေကို သွားရောက်
လည်ပတ်ခြင်းက ကိုယ့်နိုင်ငံ ခရီး သွားလုပ်ငန်း မြှင့်တင်ဖို့အတွက် အထောက် အကူဖြစ်နိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား