မြို့တော်ဆိုးလ်ကို မြန်မာနဲ့ လျှပ်တစ်ပြက် ချိန်ထိုးကြည့်တဲ့အခါ..

Bukchon Hanok Village အတွင်း ရိုးရာအိမ်များကို လာရော-က်-လေ့လာ-နေ-သူများကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)Bukchon Hanok Village အတွင်း ရိုးရာအိမ်များကို လာရော-က်-လေ့လာ-နေ-သူများကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

ခဏတာရောက်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်ကို မြန်မာနိုင်ငံနဲ့
နှိုင်းယှဉ်ပြောမယ်ဆိုရင် မမျှတရာ ရောက်မှာဖြစ်ပေမဲ့ အကြောင်းအရာတချို့က ရှိနေပြန်
ပါတယ်။

လူဦးရေ သန်း ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံရဲ့လူဦးရေနဲ့ မကွာခြားတဲ့ တောင်ကိုရီးယား နိုင်ငံဟာ
လူနေထိုင်မှုပြယုဂ် ဖွံ့ဖြိုးမှုမှာတော့သိသိသာသာကွာခြားနေပါတယ်။

အထူးသဖြင့် မြို့တော်ဆိုးလ်ရဲ့ ပြယုဂ်တွေပါ။ လူဦးရေ သန်း ၂၀ ရှိပြီး လူသုံးယောက်ကိုကားတစ်စီးနှုန်း
ပိုင်ဆိုင်ထားတဲ့ မြို့တော်မှာ မိုးမျှော်တိုက်တွေ အပြည့်ဖြစ်နေတာ၊မြေပေါ်မြေအောက် ကားလမ်းတွေ
အများကြီးရှိတာ၊ ဟန်မြစ်ကူးတံတားတွေ တစ်စင်းပြီးတစ်စင်းတွေ့နိုင်တာ၊ လူတွေ ပြည့်နေပေမဲ့
နေရာတိုင်း၊ လမ်းတိုင်းဟာ သန့်ရှင်း ဖြူးဖြောင့်နေတာ၊ ဘတ်စ် ကားစနစ် လျှပ်စစ်ရထားစနစ်
စတဲ့ သွားလာဆက်သွယ်ရေးစနစ်တွေ အဆင်ပြေ လွယ်ကူနေတာဟာ ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံအဖို့
အဆန်းမဟုတ်တော့ပါဘူး။

Korean Culture and InformationService  က အာဆီယံနိုင်ငံတွေက သတင်းသမားတွေကို
ဝန်ဆောင်မှုပေးခဲ့တဲ့ ဆိုးလ်မြို့သို့ သီတင်းတစ်ပတ်ကြာ ခရီးစဉ်မှာ  မြင်တွေ့ခဲ့ရသမျှ ပြောရမယ်
ဆိုရင်တော့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ အသေးစိတ်အချက်ကလေးတွေကအစ ဂရုတစိုက်
လုပ်ထားတာလေးတွေ၊လူထုအတွက် စိတ်အေးလက်အေး အပန်းဖြေလို့ရမယ့် နေရာတွေ
အများကြီး ဖန်တီးထားနိုင်တာကတော့ အားကျစရာပါပဲ။ အစိုးရဟာ ဆိုးလ်မြို့လယ်မှာ
စီးဆင်းနေတဲ့ CheongGye Cheon  လို ချောင်းကိုတောင် အလဟဿာသမထားဘဲ လူတွေတကူးတက
လာအပန်းဖြေချင်စရာကောင်းအောင် လုပ်ထားပါတယ်။

ချောင်းရေကလည်း ရေအောက်က ငါးတွေကိုတောင် မြင်နိုင်အောင် သန့်ရှင်းပါတယ်။ဒီမြို့လယ်ကောင်
မှာပဲ ဂျိုဆွန်းခေတ်ရဲ့ ရှေးဟောင်းနန်းတော် အဆောက်အအုံတွေနဲ့ မြို့မှာအထင်ကရဖြစ်တဲ့
Gwanghwamun မုခ်ဦးဝင်ပေါက် ရှိပါတယ်။ ဒါတွေနဲ့ မလှမ်းမကမ်းမှာ ဘုရင် Sejong
ရုပ်တုနဲ့ အပန်းဖြေရင်ပြင်တွေ ရှိနေပါတယ်။

နှစ်ရာပေါင်းများစွာ သက်တမ်းရှိပြီး မီးဘေးလို သဘာဝဘေးတွေ ခံခဲ့ရတဲ့ မုခ်ဦးနဲ့အတူ
အတွင်းကအဆောက်အအုံတွေကို လက်ရာမပျက် ထိန်းသိမ်းထားပြီး အေးချမ်းသန့်ရှင်းတဲ့ ရပ်ဝန်း
အဖြစ် ဖန်တီးပေးထားပါတယ်။ နိုင်ငံခြားသားတွေသာမကဘဲ သူတို့မြို့ခံတွေကလည်းရိုးရာဝတ်စုံတွေ
ဝတ်လာပြီး တခုတ်တရ ဓာတ်ပုံလာရိုက်ကြပါတယ်။

စက်တင်ဘာ ၄ ရက်ဟာ ကိုရီးယား Thanksgiving Day  ဖြစ်လို့ ရင်ပြင် ထဲမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့
လာလည်သူများလှပြီး မြင်ရတာ ပျော်စရာပါပဲ။

ဆိုးလ်မှာ အဆောက်အအုံတိုင်းဟာ မော်ဒန်ဒီဇိုင်းတွေနဲ့ ဆွဲဆောင်အား ကောင်းလှပါတယ်။
ကြီးမားတဲ့ အထပ်မြင့် မော်ဒန်အဆောက်အအုံတွေရှိတဲ့ ဧရိယာထဲမှာ ကိုရီးယား ရိုးရာပုံစံအိမ်တွေချည်း
သီးခြားရှိနေတဲ့Bukchon Hanok Village လို နေရာမျိုး ရှိနေတာဟာ ထူးခြားနေပါတယ်။

ထူးခြားလို့လည်း လူနေဧရိယာဖြစ်တဲ့ ဒီနေရာကို နိုင်ငံခြားသားတွေ ခြေချင်းလိမ်နေကြပြီး၊ အဲဒီက
တချို့အိမ်တွေမှာ နေထိုင်သူတွေ အနှောင့်အယှက် မဖြစ်စေဖို့ မေတ္တာရပ်ခံတဲ့ စာတွေတောင်
ချိတ်ထားကြရတယ်။ လာကြည့်သူတွေကလည်း အိမ်တွေရှေ့က ဖြတ်လျှောက်၊ အိမ်တွေရှေ့မှာ
ဆဲလ်ဖီဆွဲကြတာနဲ့တင် အားမရကြဘဲ တစ်ခါတလေ အိမ်ထဲခေါင်းပြူကြည့်ပြီး ဓာတ်ပုံ
ရိုက်ချင်ကြတာကိုး။

တောင်ကိုရီးယားဟာ ခရီးသွားကဏ္ဍကိုအလေးထားပြီး ပြီးခဲ့တဲ့ ၂၀၁၅ မှာ အာဆီယံ နိုင်ငံတွေကနေ
ကိုရီးယားနိုင်ငံဆီကို ခရီးသွား၁၆ သိန်းကျော် လာရောက်ထားတယ်လို့အာဆီယံ-ကိုရီးယားစင်တာက
ထုတ်ပြန်ထားပါတယ်။

Gwangju Kimchi Town ၌ ကိုရီးယားရိုးရာကင်ချီကို လက်တွေ့လု-ပ်-ဆော-င်-ပြသနေသည်ကို စက်တင်ဘာ ၇ ရက်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)Gwangju Kimchi Town ၌ ကိုရီးယားရိုးရာကင်ချီကို လက်တွေ့လု-ပ်-ဆော-င်-ပြသနေသည်ကို စက်တင်ဘာ ၇ ရက်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)


ပြီးတော့ တောင်ကိုရီးယားဟာ ဘာသာစကားပြန့်ဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖော်ထုတ်ဖို့အတွက်
အတော်အလေးပေးလုပ်ဆောင်တယ်လို့ မြင်မိပါတယ်။

အိုင်ဒီယာနဲ့ တီထွင်ဖန်တီးနိုင်မှုကို အခြေခံ အလုပ်လုပ်ကိုင်နိုင်ခွင့်ရမယ့် Cel Academy လို ကျောင်းမျိုးကို
မကြာခင်က စတင်တည်ထောင်ထားတာမြင်ရတော့ ဒီကျောင်းမျိုးရဲ့ အနာဂတ်ဘယ်လိုရှိလာမလဲ
ဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။

ဆိုးလ်က King Sejong Institute Foundation ဟာ အာရှမှာ ကျောင်းပေါင်း ၈၈ ကျောင်း၊
ဥရောပမှာ ၂၈ ကျောင်း၊အမေရိကမှာ ၁၈ ကျောင်း၊ အာဖရိကမှာ ငါးကျောင်း ဖွင့်ထားပြီး
မြန်မာနိုင်ငံက ရန်ကုန်မှာ ဒီနှစ်အတွင်း ကျောင်းတစ်ကျောင်း ဖွင့်ထားပါတယ်။ ပြီးတော့
ဒီကျောင်းတွေကနေကေပေါ့ပ်၊ အက၊ အဆိုတွေကိုလည်း နိုင်ငံခြားသားတွေကစိတ်ဝင်တစား
သင်ယူနေကြတယ်။

ကိုရီးယားကေပေါ့ပ်၊ ဒရာမာတွေက မြန်မာအပြင် ဂျပန်၊ တရုတ်၊ လာအို၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကိုလည်း
အနည်းနဲ့အများ လွှမ်းမိုးမှုရှိနေပါတယ်။ တောင်ကိုရီးယားဟာ မျက်မှောက်ခေတ်ကို မျက်ခြည်မပြတ်သလို
သူတို့ယဉ်ကျေးမှုကိုလည်း မျက်ကွယ်ပြု မထားပါဘူး။ ရိုးရာအစားအသောက်ဖြစ်တဲ့ ကင်ချီလုပ်ပုံလုပ်နည်း
အဆင့်ဆင့်ကို ပြခန်းကြီးတွေ၊ လက်တွေ့သရုပ်ပြခန်းတွေနဲ့ တခမ်းတနားပြထားတာ၊ ရိုးရာအစားအစာ
အမျိုးမျိုးကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြထားတာမျိုးရှိသလို ကေပေါ့ပ်စတားတွေရဲ့ ဖက်ရှင်အသုံးအဆောင်တွေ၊
အစားအစာတွေကို ဈေးကောင်းကောင်းနဲ့ ရောင်းနေတာမျိုးလည်း ရှိပါတယ်။

အဆင့်မြင့် နည်းပညာသုံးထားတဲ့စတူဒီယိုကြီးတွေ ရှိသလို ယဉ်ကျေးမှုဆိုင်ရာအနုပညာပြခန်းတွေလည်း
ရှိတယ်။ဆမ်ဆောင်း၊ ဟွန်ဒိုင်းလို နည်းပညာအားပြုထားတဲ့ ကုမ္ပဏီကြီးတွေရှိတဲ့ တောင်ကိုရီး ယားဟာ
မြန်မာက ကျွန်းသစ်၊ ကျောက်မျက်ကျောက်စိမ်းနဲ့ သဘာဝဓာတ်ငွေ့ တွင်း ထွက်တွေလို
သဘာဝအရင်းအမြစ်တွေ လုံးဝမရှိဘူးလို့ ဆိုးလ်မြို့ခံတွေက ပြောပါတယ်။

အတိတ်မှာ ဂျပန်က ကျူးကျော်တာကို ခံခဲ့ရသလို လက်ရှိမှာလည်း မြောက် ကိုရီးယားနဲ့ ရန်စက
မသေးပါဘူး။ တောင်၊ မြောက်ကိုရီးယားနယ်စပ်မျဉ်းမှာ ဒီဘက်ကလည်း အမြဲ စောင့်ကြည့်နေသလို
ဟိုဘက်ကလည်း စောင့်ကြည့်နေမှာပါပဲ။ ငွေကြေးတန်ဖိုးက မြန်မာနဲ့ သိပ်မကွာပေမဲ့ ဆိုးလ်မှာ
လူနေထိုင်မှုစရိတ်ကတော့ မြင့်မားလှပါတယ်။ အစားအသောက်တွေက ဈေးကြီးလှတယ်။

ဘီယာတစ်ခွက်ကိုမြန်မာငွေ ကျပ် ၈,၀၀၀ လောက် ပေးရတယ်ဆိုရင် သူတို့ဆီက
ဈေးနှုန်းကို တွက်ဆကြည့်လို့ ရပါတယ်။ဆိုးလ်နဲ့ အနီးအနားက မြို့တွေရဲ့ပြယုဂ်ကို
တွေ့ခဲ့ရပေမယ့် မြို့ပြနဲ့ အလှမ်းကွာတဲ့ နေရာတွေကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ လူနေထိုင်မှုစရိတ်က
မြင့်လှတာမို့ ကိုရီးယားလူမျိုးတွေဟာ မြန်မာတွေထက် ပိုရုန်းကန် အလုပ်လုပ်ကြရမှာ သေချာပါတယ်။
ညဥ့်နက်သန်းကောင်နားနီးမှ ဆိုင်တွေထိုင်ပြီး စားသောက်နေကြသူတွေကို အများကြီး တွေ့ရတယ်။

ဆိုးလ်ရဲ့ အဝေးက နေရာတွေကို ထိတွေ့ခွင့်မရခဲ့လို့ အဲဒီနေရာတွေရဲ့ နေထိုင်မှုပုံစံကို ထိတွေ့ခွင့်
မရခဲ့တာနဲ့ ကိုရီးယားတွေ နေ့စဉ်လူနေမှုဘ၀အတွက် ရုန်းကန်ရတာမျိုးကို တွေ့ခဲ့ရပေမဲ့ မြင်ရတဲ့ 
တိုးတက်မှုပုံရိပ်တွေကတော့ အားကျစရာပါပဲ။

ဆိုးလ်မှာ တွေ့ခဲ့ရသူတွေဟာ လတ်တလောမှာ မြန်မာနိုင်ငံကို စိတ်ဝင်စားကြပါတယ်။
သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုကောင်းကောင်းသိကြတယ်။

ဆိုးလ်ကိုရောက်လာတဲ့ စင်ကာပူသူတစ်ယောက်နဲ့ သူတို့နိုင်ငံက ခရီးသွားလုပ်ငန်းအကြောင်း
စကားစပ်မိတဲ့အခါ သူတို့နိုင်ငံသေးသေးလေးမှာ ခရီးသွားတွေကို ဆွဲဆောင်ဖို့ ဘယ်လို
အားကိုးကျတတ်ကြတယ်ဆိုတာ ပြောပြခဲ့ပြီး ဆိုးလ်က အာဆီယံကိုရီးယားစင်တာက တာဝန်ရှိသူ
တစ်ယောက်ကတော့ ခရီးသွားလုပ်ငန်းမှာ သွားလာ ဆက်သွယ်ရေး အဆင်ပြေမှု၊ သန့်ရှင်းရေး
အရေးပါမှုအကြောင်း ပြောပြတယ်။

ကျွန်တော်ကတော့ သူတို့ပြောတာတွေနဲ့ တစ်ဆက်တည်း မြန်မာနိုင်ငံက ပေါများလှတဲ့ရှေးဟောင်း
ဘုရားပုထိုးတွေ၊ အဆောက်အအုံတွေ၊ ကမ်းခြေတွေ၊ တောင်တန်းမြစ်ပြင် တွေနဲ့အဖိုးတန်လှတဲ့
သဘာဝအရင်းအမြစ်တွေကိုမြင်ယောင်မိပြီး ရှေ့ခရီးအတွက် အားတင်းရမယ့်အစား နှစ်ပေါင်းများစွာ
ကျန်နေခဲ့တဲ့၊ပြန်မရနိုင်တော့တဲ့ အချိန်တွေကို နှမြောစိတ်က ပိုနေပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။