၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ခုနစ်သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထား

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီ

လာမည့် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဦးရေ ခုနစ်သန်းကျော် လာရောက်
လည်ပတ်ရန် ခန့်မှန်းထားသည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အောက်တိုဘာလ
၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါနေ့က ပြုလုပ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး
မြန်မာ့ခရီးသွားလုပ်ငန်းသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရှိရသည်ဟု
၎င်းက ဆိုသည်။

“ဒါကြောင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူ အားလုံးဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အရှိန်အဟုန်ကို
ထိန်းသိမ်းဖို့နဲ့ ခရီးသွားလုပ်ငန်းက ရရှိလာမယ့် အကျိုးအမြတ်တွေကို နိုင်ငံသားအားလုံး မျှဝေခံစားနိုင်ဖို့
ဂရုတစိုက်ဆောင်ရွက်နိုင်ဖို့ လိုပါတယ်” ဟု ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်ရောက်ရှိမှုမှာ
၎ ဒသမ ၆ သန်း ရှိခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်ကထက် ဦးရေ ၃ ဒသမ ၈ သန်းနှင့်
၂၀၁၄ ခုနှစ်ကထက် ၁ ဒသမ ၅ သန်း ပိုမိုဝင်ရောက်ခဲ့သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုမှာလည်း ၂၀၁၅ ခုနှစ်က
၁၁၈၄ သန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ်ကထက် ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင် ၁ဒသမ ၄ ဘီလီယံနှင့် ၂၀၃၀ ခုနှစ်တွင်မူ ၁ ဒသမ ၈ ဘီလီယံအထိ
တိုးပွားလာမည်ဟု ခန့်မှန်းထားသည်ဟု ဒုတိယသမ္မတက ဆိုသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က အာရှ-ပစိဖတ်ဒေသအတွင်း ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်
၅၄၀ သန်းရောက်ရှိကာ ကမ္ဘာ့ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းခန့် ရှိလာလိမ့်မည်ဟုလည်း
ခန့်မှန်းထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား