Monday, April 24, 2017

အိုဆာကာ အရသာခံကြည့်ခြင်း

အိုဆာကာမြို့ရဲ့ ထင်ရှားတဲ့ မြို့တွင်းတစ်နေရာကို ယခုလလယ်ပိုင်းက တွေ့ရစဉ်။ လွင်မင်းမန် / မြန်မာတိုင်း(မ်)အိုဆာကာမြို့ရဲ့ ထင်ရှားတဲ့ မြို့တွင်းတစ်နေရာကို ယခုလလယ်ပိုင်းက တွေ့ရစဉ်။ လွင်မင်းမန် / မြန်မာတိုင်း(မ်)

AirAsia X လေကြောင်းလိုင်းရဲ့ စီစဉ်မှုနဲ့ ဖေဖော်ဝါရီလအတွင်းက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တော်ကို
သွားရောက်ခဲ့ပါတယ်။ အိုဆာကာမြို့တော်ဟာ ဂျပန်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ ကြီးတစ်မြို့ဖြစ်တဲ့အပြင်၊
နိုင်ငံရဲ့စီးပွားရေးအရ အချက်အချာကျတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ဆန်းသစ်ပြီး ခေတ်မီတဲ့အထပ်မြင့်အဆောက်အအုံတွေရှိပြီး ညဘက်မှာလည်ပတ်ဖို့အလွန်ကောင်း
တဲ့မြို့တော်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ လူအစည်ကားဆုံးမြို့တွေအနက် အိုဆာကာမြို့ဟာလည်း တစ်မြို့အပါအဝင်ဖြစ်ပြီး၊
လူဦးရေနှစ်သန်းခွဲကျော်လောက် နေထိုင်ပါတယ်။ ဂျပန်က လူဦးရေ သိပ်သည်းထူထပ်တဲ့ မြို့တွေ
ရဲ့ ထုံးစံအတိုင်း လမ်းဖြတ်ကူးရင် လူအုပ်လိုက်ကြီး ဖြတ်ကူးကြပါတယ်။

ကျွန်တော်တို့ရောက်ရှိသွားချိန်ဟာ ဖေဖော်ဝါရီလဒုတိယပတ်အတွင်းဖြစ်တာကြောင့် ဂျပန်နိုင်ငံ
ရာသီဥတုအရ အအေးဆုံးအချိန် ဖြစ်ပါတယ်။ တိုက်ရိုက်လေယာဉ်ခရီးစဉ်မရှိတာကြောင့် ဘန်
ကောက်ကတစ်ဆင့် လေယာဉ်ချိန်းပြီး၊ ဘန်ကောက်-အိုဆာကာ ရှစ်နာရီနီးပါးစီးနင်းရတဲ့ခရီးစဉ်
ဖြစ်ပါတယ်။

ကျွန်တော်တို့စီးနင်းတဲ့လေယာဉ်ဟာ အိုဆာကာရဲ့ ကောင်းကင်ကို စတင်ချဉ်းကပ်ပြီဆိုတာနဲ့
အအေးဓာတ်သိသိသာသာ ပိုလာပါတယ်။ လေယာဉ်ပေါ်က ဆင်းလိုက်ပြီဆိုတာနဲ့ လွန်ကဲလှတဲ့
အအေးဓာတ်ဟာ ''အရိုးထဲထိ စိမ့်နေအောင်ချမ်း''ဆိုတဲ့စကားကို လက်တွေ့ကြုံရတာပါပဲ။

ဂျပန်နိုင်ငံရာသီဥတုရဲ့အအေးဆုံးကာလတွေမို့ အပူချိန်က နှစ်ဒီဂရီစင်တီဂရိတ်လောက်ပဲရှိပါတယ်။
နှင်းတွေလည်း ရံဖန်ရံခါကျတတ်ပါတယ်။ အနွေးထည်တွေ ဘယ်လိုထူထဲနေအောင် ဝတ်ထားပါ
စေ အေးမြဲအေးနေတာမို့ အနွေးဓာတ်ကောင်းကောင်းရတဲ့ ကိုယ်ကြပ်အင်္ကျီကိုဝယ်ဝတ်ရပါတယ်။
အနွေးထည်သုံးထပ်လောက်ဝတ်၊ အနွေးဦးထုပ်ဆောင်း၊ လက်အိပ်တွေစွပ်ထားမှ အအေးဒဏ်က
သက်သာရာရတာဖြစ်ပါတယ်။

ကျွန်တော်တို့တည်းခိုတဲ့ဟိုတယ်က ဒိုတွန်ဘိုရီညဈေးတန်းအဖြစ်အထူးထင်ရှားတဲ့ အိုဆာကာမြို့၊
နမ်ဘာခရိုင်၊ ဒိုတွန်ဘိုရီချောင်းနံဘေးမှာတည်ရှိတာဖြစ်ပါတယ်။ ညဘက်ဆိုရင်တော့ ဒိုတွန်ဘိုရီ
က စားသောက်ဆိုင်တွေဟာ လူတွေ ပြွတ်သိပ်ကြပ်နေပြီး ညဈေးတန်းကို လျှောက်လည်တဲ့အခါ
မှာတော့ ဂျပန်လူမျိုးတွေရဲ့ ထူးဆန်းတဲ့အကျင့်တစ်မျိုးကို လေ့လာသိရှိရပါတယ်။

အဲဒါကတော့ ညဘက်ဒီလောက်ချမ်းနေ တာတောင်မှ ဂျပန်တွေဟာ သူတို့စားချင်တဲ့စားသောက်
ဆိုင်ကလူပြည့်လို့ နေရာလွတ်မရှိတဲ့အတွက် အပြင်မှာ တန်းစီစောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။
တစ်ရက်၂၄ နာရီမှာ ၂၅ နာရီလောက် အလုပ်လုပ်ကြတဲ့ ဂျပန်လူမျိုးတွေဟာ အစားအသောက်နဲ့
ပတ်သက်ရင်တော့ အခုလို အအေးဒဏ်ခံပြီး စောင့်ဆိုင်းနေတာဟာ ကိုယ့်အတွက်တော့
''အမေးဇင်း''လို့ ဆိုရမလို တအံ့တသြ ဖြစ်ရပါတယ်။

AirAsia X က ကျွန်တော်တို့နဲ့ခရီးစဉ်အတူလိုက်ပါလာတဲ့ ထိုင်းလူမျိုးနှစ်ဦးနဲ့ ခရီးသွားချင်းအပေါ်
စကားဆိုမိကြတဲ့အခါ ကျွန်တော်တို့ယူဆသလို ခရီးသွားတဲ့အခါ အထုတ်အထည်ကြီးတွေ တနင့်
တပိုးနဲ့ ခရီးသွားတာမျိုးမဟုတ်ဘဲ၊ ပေါ့ပေါ့ပါးပါးခရီးသွား၊ ပြီးမှ ရောက်တဲ့အရပ်မှာ ရှော့ပင်ထွက်၊
ဝယ်ချင်တာဝယ်၊ ပြီးတော့မှ အထုပ်အထည်နဲ့ အိမ်ပြန်ဆိုတဲ့ သူတို့အယူအဆကို လေ့လာခွင့်ရပါ
တယ်။

နောက်တစ်နေ့ အချိန်ရတုန်း အိုဆာကာ မြို့ထဲလျှောက်လည်တော့ စာအုပ်ဆိုင်ဘက်တစ်ချက်
လှည့်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ဆိုင်မှာ ရှိသမျှစာအုပ်တွေဟာ ဂျပန်လိုဖြစ်နေပါတယ်။ ထူးခြား
တာက အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ နိုင်ငံတကာစာအုပ်တွေကို ရောင်းချခြင်းမရှိတာတွေ့ရပါ
တယ်။ ဘာဖြစ်လို့လဲမေးကြည့်တော့ ဂျပန်လူမျိုးတွေဟာ လူမျိုးကြီးဝါဒအားကောင်းမှုရဲ့ ပြယုဂ်
တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အကြိုက်ဆုံးအစားအစာကတော့ မီဆိုစွပ်ပြုတ်ဖြစ်ပါတယ်။ မီဆိုစွပ်ပြုတ်ထဲကို ရေညှိဖတ်လေးတွေ
ထည့်ပြီးသောက်ရတာဟာ တကယ်အရသာရှိပါတယ်။ ဂျပန်တွေရဲ့ စားသောက်တဲ့ပုံစံဟာ
ကျွန်တော်တို့ မြန်မာတွေနဲ့ သိပ်မတူပေမဲ့၊ အရသာပိုင်းနဲ့ အပေါ့အငန်တွေမှာတော့ ခပ်ဆင်ဆင်ပါ။
ဒိုတွန်ဘိုရီရဲ့ အကောင်းဆုံး ပင်လယ်စာစားသောက်ဆိုင်တွေကတော့ အိုဆာကာမှာ တကယ့်ကို
နာမည်ကြီးဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဟာ ပင်လယ်စာတွေကို အစိမ်းစားသောက်ရတာ ပိုမိုနှစ်
သက်ပါတယ်။ ကျွန်တော်တို့လည်း ပင်လယ်ကဏန်းတွေကို အစိမ်းလိုက်စားရင်း အိုဆာကာကို
အရသာခံခဲ့ကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား