ငပလီတွင် ဟိုတယ်ဇုန် နေရာ အသစ် ချဲ့ထွင်ရန် လျာထား

နိုင်ငံတကာခရီးသွားဧည့်သည်များ ငပလီကမ်းခြေသို့ နှစ်စဉ်ပိုမိုဝင်ရောက်လာသည်နှင့်အမျှ
ဟိုတယ်ဇုန်နေရာအသစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားကြောင်း ရခိုင်ပြည်နယ်
အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

''ငပလီကမ်းခြေလည်း မထိခိုက်အောင် ရေရှည်တည်တံ့မယ့် ဟိုတယ်ဇုန်နေရာအသစ်တစ်ခု
စနစ်တကျနဲ့ ဖော်ထုတ်သွားဖို့ မျှော်မှန်းထားပါတယ်။ နေရာအတိအကျတော့ မရွေးရသေးဘူး။
နောက်လလောက်တော့ နေရာသွားကြည့်ဖြစ်မယ်'' ဟု ၄င်းက ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်တစ်ဦးသည် ကမ်းခြေတွင်အထပ်မြင့်များအတွက် မီတာ ၃ဝ
ထက်မပိုသောအဆောက်အအုံသာ ဆောက်ရမည့်ဟု ချမှတ်ထားသော ညွှန်ကြားချက်သည်
ရေရှည်အတွက် အရမ်းကောင်းသည့် အစီအစဉ်ဖြစ်ကြောငှ်းညေိသတပေ အပန်းဖြေဟိုတယ်မှ
တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ဒေါ်ဥမ္မာခင်က မြန်မာတိုင်း(မ်)ကိုပြောသည်။

''ငပလီကမ်းခြေက လှပါတယ်။ ဒါပေမဲ့ ကျေးရွာအလှတွေကြောင့် လာတာပါလို့
မှတ်ချက်ပေးတဲ့နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေရှိတယ်။ ရွာနဲ့ဟိုတယ်တွဲဖက်ပြီးရှိတဲ့
အတွက် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တယ်။ အဲဒါကြောင့် တစ်နေရာတည်းမှာ
ဟိုတယ်တွေချည်းပဲ၊ ရွာမရှိဘူးဆိုရင် ဧည့်သည်တွေ ဒီလောက်အများကြီးလာမယ် မထင်ဘူး။
လာရောက်တဲ့ ခရီးသွားဈေးကွက်ပုံစံလည်း ပြောင်းသွားနိုင်တယ်'' ဟု ၄င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား