သမိုင်းကြောင်းတွေ ပြည့်နေတဲ့ မြို့ရွှေတောင်

ရွှေတော-င်-မြို့ရဲ့ ကျက်-သရေ-ဆောင် ရွှေမျ-က်-မှ-န်-ဘု-ရားကို ဖူးတွေ့ရစဉ်။ အောင်ကျော်မင်း / မြန်မာတိုင်း(မ်)ရွှေတော-င်-မြို့ရဲ့ ကျက်-သရေ-ဆောင် ရွှေမျ-က်-မှ-န်-ဘု-ရားကို ဖူးတွေ့ရစဉ်။ အောင်ကျော်မင်း / မြန်မာတိုင်း(မ်)

တောပန်းတောင်ပန်းနဲ့ စန္ဒကူးရနံတွေပြည့်နေတဲ့ ရွှေတောင်မြို့က ရှေးဟောင်းသမိုင်းဝင်ရွှေနတ်
တောင်စေတီတော်နဲ့ ဘုရားတွေဆီကို ဒီတစ်ပတ်သွားဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ကနေ ၁၆၆ မိုင်ဝေးတဲ့ရွှေတောင်မြို့ကို ပြည်မြို့ကတစ်ဆင့် ၁ဝ မိုင်လောက်သွားရပါတယ်။ ရန်ကုန်-ပြည်လမ်းမကြီးဘေးမှာ ရွှေနတ်တောင်သို့ဆိုတဲ့ မုခ်ဦးကြီးရှိပါတယ်။ အဲဒီမုခ်ဦးကနေ
ဝင်ရင် လမ်းဘေးဝဲယာတစ်လျှောက် ပေါက်ရောက်နေတဲ့ နှစ် ၁ဝဝ မကသက်တမ်းရှိတဲ့ကုက္ကိုပင်
ကြီးတွေ၊ သာယာရှုမောဖွယ်ကောင်းတဲ့ သဘာဝအလှအပတွေကို တွေ့ရမှာဖြစ်ပါတယ်။

ဒါ့ပြင် ကျေးရွာလူနေမှု အဆင့်အတန်းတိုးတက်မှုတွေနဲ့ နှောင်းလူတွေရဲ့ကုသိုလ်လို့ ပြောလို့ရတဲ့ အုတ်တိုက်ရေချမ်းစင်တွေကို တွေ့ရမှာပါ။ အရင်တုန်းက ဒီနေရာဟာ ရှေ့ကားသွားရင် ဖုန်လုံးကြီး
တွေ အလိပ်လိပ်ကျန်နေတဲ့ မြေနီမြေသားလမ်းပါ။ အခုတော့ ကွန်ကရစ်လမ်းအဆင့်ရောက်နေ
ပါပြီ။

ရွှေတောင်မြို့က နာရီဝက်လောက်ကား မောင်းပြီးရင်တော့ နိဗ္ဗာန်ချော့ခေါ်စေတီတော်ကိုရောက်ပါ
တယ်။ အဲဒီကိုကျော်သွားရင် ရွှေနတ်တောင်စေတီကို အဝေးကမြင်တွေ့ရမှာပါ။ စေတီတော်ဘုရား
ပွဲကို နှစ်စဉ်တပေါင်းလဆန်း ၈ ရက်ကနေ လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိ
ပါတယ်။ လူသူမနီးတောတောင်ထဲက စန္ဒကူးနံ့တွေသင်းနေတဲ့ ရွှေနတ်တောင်စေတီသမိုင်းက
သာမန်ထက် ထူးခြားလှပါတယ်။

သမိုင်းမှတ်တမ်းတွေအရ သက္ကရာဇ် ၁ဝ၄ ခုနှစ်မှာ ဗုဒ္ဓဘုရားရှင်ဒီအရပ်ဒေသသို့ကြွရောက်တော်
မူပြီး ခုနစ်ရက်ပတ်လုံး တရားဓမ္မများကို ဟောကြားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် အဆိုပါ
တောင်ပေါ်မှာ ကိုယ်စားရုပ်ပွားတော်တည်ထားခဲ့ပါတယ်။ အဆိုပါ ကိုယ်ပွားရုပ်ပွားတော်ကို
ကဉ္ဇနာဂီရိနိဂုံးသူ နိဂုံးသားတို့က အုတ်အင်္ဂတေနဲ့ဘုရားတည်ခဲ့ပါတယ်။ ဘုရားကိုနေ့အချိန်မှာ
လူတို့က တစ်ရစ်၊ ညအချိန်မှာ နတ်တို့က တစ်ရစ်ဖြင့်  လူနတ်နှစ်လီ တည်ထားပူဇော်ခဲ့တာမို့
ရွှေနတ်တောင်စေတီလို့ သမိုင်းတွင်ခဲ့တာဖြစ်ပါတယ်။

ဘုရားတည်ထားပုံ လက်ရာက ရှားပါးလက်ရာဖြစ်သလို အုတ်ဖိနပ်တော်ကစလို့ထီးတော်အထိနဲ့
အရံစေတီတော် ကိုးကွယ်မှုတွေမှာ အံ့မခန်း ရှေးဟောင်းလက်ရာတွေကိုတွေ့ရပါတယ်။ စောင်း
တန်းအုတ်လှေခါးကိုမိုးထားတဲ့ သံတန်စောင်းပြာသာဒ်ကလည်း မန္တလေးတောင်တော်က သံတန်
ဆောင်းနဲ့ဆင်ပါတယ်။

ဘုရားပုရဝဏ်အတွင်းမှာ  မြွေ၊ ဖားသတ္တဝါတွေရဲ့ပုံတူတွေကို သံထည်နဲ့သွန်းလောင်းထားတဲ့
အလှူ ခံပုံးတွေကို ရှေးမူလက်ရာမပျက် တွေ့ရတာဖြစ်ပါတယ်။ ရွှေနတ်တောင်စေတီပေါ်ကကြည့်
ရင် အနီးအနားက ရွာတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ တောတောင်လယ်ကွင်းတွေနဲ့ရွှေနတ်
တောင်ဘုန်းကြီးကျောင်းကို မြင်တွေ့ရမှာပါ။

အပြန်လမ်းမှာ မျက်စိဝေဒနာတွေ သက်သာပျောက်ကင်းအောင် ဆုတောင်းလို့ရတဲ့ ရွှေတောင်မြို့
ရဲ့ကျက်သရေဆောင် ရွှေမျက်မှန်ဘုရားနဲ့တဝဂူဘုရားတွေကို ဝင်ရောက်ဖူးမြော်ခွင့်ရမှာဖြစ်ပါတယ်။
ရွှေသားကွပ်ထားတဲ့ ရွှေမျက်မှန်ဘုရားဟာ ခေတ်အဆက်ဆက် မျက်စိရောဂါဝေဒနာရှင်တွေ
ရောဂါပျောက်ကင်းအောင် ဆုတောင်းလေ့ရှိတဲ့ ဆုတောင်းပြည့် တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်ပါ
တယ်။

ရွှေမျက်မှန်ဘုရားကနေ ခရီးဆက်ရင်တော့ ရဟန္တာ ၈ဝ ပေါ်တော်မူဘုရားကို ရောက်ရှိမှာပါ။
ရဟန္တာ ၈ဝ က ပေါ်တော်မူ ရှေးဟောင်းရုပ်ပွားတော်တွေ ဖြစ်ပါတယ်။ ရဟန္တာ ၈ဝ နဲ့ အတူ
ရှေးဟောင်းသိမ်တော်တစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ဒီနေရာမှာ
ရှေးဟောင်းသိမ်သုံးလုံးရှိပါတယ်။ တူးဖော်လို့ရတဲ့သိမ်ကတော့ နေထွက်သိမ် ဖြစ်ပြီး နေဝင်သိမ်
နဲ့မွန်းတည့်သိမ်တို့က ယနေ့အထိ ရှာဖွေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရဟန္တာ ၈ဝ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေတည်ရှိတဲ့ သိမ်တော်တွေအပြင် ဘုရားပရဝဏ် ဝင်းက ကျောက်ထည်ပစ္စည်းတွေကိုလည်း တူးဖော်ရရှိခဲ့ဖူးပါတယ်။ ဘုန်းကြီးကျောင်းသားလေး
က တောင်ပို့ထဲ ဝင်သွားတဲ့ မြွေကိုလိုက်ဖမ်းရင်း တောင်ပို့တွင်းထဲကနေ ရှေးဟောင်းရွှေထည်
ပစ္စည်းတွေကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီရွှေထည်ပစ္စည်းတွေဟာ အဇာတသတ်မင်းရဲ့
မင်းဝတ်တန်ဆာတွေနဲ့ ရွှေဒင်္ဂါးတွေလို့ ပါးစပ်ရာဇဝင်ကဆိုပါတယ်။

ခုလို သမိုင်းတွေပြည့်နှက်တဲ့ မြို့ရွှေတောင်ဟာ ဘုးရားဖူးခရီးစဉ်သာမက သမိုင်းမှတ်တမ်းလေ့
လာလိုသူတွေအတွက်လည်း အလည်တစ်ခေါက်သွားသင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။