Thursday, 17 April 2014

အမရပူရ၊ ပုဂံနဲ့ ရှမ်းပြည်နယ်က စိတ်ဝင်စားဖွယ် ထမ်းစမ်းဂူရောက် တစ်ကိုယ်တော်ခရီးသည်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ က ဦးပိန်တံတားကြီးနဲ့ တောင်သမာန် အင်းရဲ့အလှကတော့
လူတိုင်းသိမြင် ကြားဖူးမိနေမှာပါပဲ။ အဲဒီတံတားကြီးတင်မဟုတ်ပါဘူး... မန္တလေးတောင်၊
ရန်ကင်းတောင်  အလှအပတွေကလည်း စာဖွဲ့မကုန်နိုင်လောက်အောင်ပါပဲ။

အမရပူရမြို့က မယ်ဇယ်ပင်တန်းကြီးတွေ၊ နောက်နာမည်ကြီးနေရာတွေကိုသွားပြီးတဲ့နောက်
အဲမန္တလေးလေယာဉ်နဲ့ပဲ  ပုဂံခရီးစဉ်ဆက်ခဲ့ပါတယ်။  ကျွန်မစီးလာတဲ့ လေယာဉ်ပေါ်မှာ
နိုင်ငံခြားခရီးသွားတွေကိုလည်း တော်တော်များများတွေ့နေရပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့  ခရီးသွားလုပ်ငန်းတိုးတက်လာတဲ့ ပြယုဂ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အဲဒီ
ထဲမှာမှ ကျွန်မရဲ့ ဒုတိယခရီးသွားမိတ်ဆွေတစ်ဦးဖြစ်လာတာက ရှမ်းတိုင်းရင်းသားတစ်ဦး။ အဲဒီ
မိတ်ဆွေက သူတို့ရဲ့ ရှမ်းပြည်က ဘယ်လောက်သာယာလှပကြောင်း နောက်အထင်ကရ
နေရာအကြောင်းတွေ တလေးတစားနဲ့ ပြောလာခဲ့ပါတယ်။ ကျွန်မခရီးကလည်း ပုဂံပြီးတာနဲ့
အင်းလေးဆိုတော့ ရောက်ရင်သူ့ကို အကူအညီတောင်းနိုင်ကြောင်းပြောပြီး လိပ်စာတွေ ဖုန်း
နံပါတ်တွေ ကျွန်မကိုပေး ပါတယ်။နိုင်ငံခြားသားတွေ ပြောတဲ့ မြန်မာတွေက အမြဲတမ်းကူညီ
တတ် တယ်ဆိုတာကို တွေ့ကြုံခဲ့ရပါတယ်။  

စာဖွဲ့လို့မကုန်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်လက်ရာတွေ တည်ရှိနေတဲ့ နေရာ
တစ်ခုကတော့ ပုဂံပါ။ ပုဂံမြို့ကို ခြေချလိုက်တယ်ဆိုတာနဲ့တမာပန်းရနံ့တွေကို တ၀ကြီးရှူရှိုက်
မိလိုက်ပါတယ်။ နေရာတကာမှာ တမာပင်တန်းတွေက စီစီရီရီနဲ့ တမာဖူးတွေက အခိုင်လိုက်
အပြွတ်လိုက်။ ပုဂံမြို့မြင်းကပါရွာက ယွန်းလက်ရာတွေကို နိုင်ငံခြားသားတွေ နှစ်ခြိုက်ကြသလို  
ပုန်းရည်ကြီးလို့ခေါ်တဲ့ ပုဂံမြို့ထွက် မြန်မာ့ရိုးရာစားစရာကလည်း ခံတွင်း မြိန်စရာပါပဲ။ အဲဒီအစား
အစာကို ပုဂံမြို့ကိုလာလည်တဲ့ နိုင်ငံခြားသားတချို့ အထူးသဖြင့် တစ်ဦးချင်းလွတ်လွတ် လပ်လပ်
လာကြ တဲ့  FIT ခရီးသည်တွေသိပ်မသိကြသေးပါဘူး။

ကျွန်မတည်းတဲ့ Amazing Bagan ဟိုတယ်မှာ ဆွစ်ဇာလန်လူမျိုးတစ်ဦးနဲ့ စကားလက်ဆုံပြော
တုန်းက ပုန်းရည်ကြီးကောစားပြီးပလားလို့ သူ့ကိုမေးမိတဲ့အခါ သူက ပုန်းရည်ကြီးဆိုတာ ဘာလဲ
တဲ့။ သူက ပုဂံကို သုံးခါလောက်ရောက်ဖူး တယ်ဆိုပေမယ့် ပုန်းရည်ကြီးကိုတော့ သူမစားဖူး
သေးဘူးလို့ ဆိုတယ်။

တကယ်ဆို ပုဂံရောက်ပြီ ဆိုတာနဲ့  ပုဂံထွက်မြန်မာ ပုန်းရည်ကြီးကို နိုင်ငံခြားသားတွေ မဖြစ်
မနေမ မြည်းစမ်းကြည့်သင့်ပေဘူးလား။ ဒါနဲ့ ကျွန်မလည်း ပုန်းရည်ကြီး လမ်းညွှန် ပေးလိုက်
ရတာပေါ့။ တကယ်ဆိုရင် ပုန်းရည်ကြီးတင်မကပါဘူး မြန်မာမိန်းကလေးတွေ နေ့စဉ် နေ့တိုင်း
တရှိုက် မက်မက် လိမ်းခြယ်လေ့ရှိတဲ့ သနပ်ခါးကိုရော သူသိပါ့မလားလို့။

ပုဂံမြို့ရောက်ပေမယ့် အချိန်သိပ်မရ တာနဲ့ ဆိုင်ကယ်ကယ်ရီတစ်စီးငှားပြီး ကိုယ်ရှာဖွေချင်တဲ့
နေရာလေးတွေကို ရွေးသွားခဲ့ရပါတယ်။ ဧရာဝတီမြစ်ကြီးကို ဘူးဘုရားကနေကြည့်ရင်း ပုဂံမြို့ရဲ့
စွဲမက်စရာမြင်ကွင်းတစ်ခုဖြစ်တဲ့ ညနေ ဆည်းဆာကိုခံစားဖို့ သွားခဲ့ပေမယ့်  အုံမှိုင်းနေတဲ့ရာသီ
ဥတုကြောင့်  စိတ်ကူးတွေပျက်ပြယ်ခဲ့ရပါတယ်။

ဒီလို ခရီးတွေတရစပ်သွားနေရပေ မယ့်  ကိုယ်တည်းခိုခွင့်ရတဲ့ ဟိုတယ်က လည်းသပ်ရပ်ခန်းနား
နေတော့ တစ်နေ့ တာအမောတွေကို တစ်ညတာနဲ့ ဖျောက် နိုင်ခဲ့ပါတယ်။  

ခရီးစဉ်အဆုံးဖြစ်တဲ့ ရှမ်းပြည်နယ် အင်းလေးဒေသကိုထွက်ခွာဖို့ အဲမန္တလေး လေယာဉ်ဆိုက်
ရောက်ချိန်ကို စောင့်နေတုန်း သနပ်ခါးနံ့သင်းသင်းရမိလို့  လှည့်ကြည့်လိုက်တော့  သနပ်ခါး
ဘူးတစ်ပါကင်နဲ့ သနပ်ခါးတုံးလေးတွေကိုအိတ်ထဲမှာ စီစီရီရီဖြစ်အာင်ထည့်နေတဲ့ နိုင်ငံခြားသား
စုံတွဲကို သွားတွေ့ပါတယ်။ မြန်မာသနပ်ခါးကို အမြတ်တနိုးနဲ့ ၀ယ်လာတဲ့ အဲဒီစုံတွဲကိုကြည့်ပြီး
ပီတိဖြစ်ခဲ့ရပါသေးတယ်။  

ဟဲဟိုးလေဆိပ်ကိုပျံသန်းမယ့် လေ ယာဉ်ကိုစီးရင်း နောက်ဆက်မယ့် ခရီးစဉ် အစီအစဉ်ကို
ခေါင်းထဲမှာ ရေးဆွဲနေမိပါတယ်။ ကျွန်မအရင်က ပြောခဲ့သလိုပဲ ရှမ်းပြည်နယ်ရောက်ရင်
ထမ်းစမ်းဂူကိုသွားမယ့် ရည်ရွယ်ချက်ကို မဖြစ်မနေအကောင်အထည် ဖော်ရမှာပါ။  

တစ်ခါတစ်ခါကျရင်တော့ ကျွန်မနဲ့ အတူတူသွားမယ့် ခရီးသွားဖော်ကို တောင့်တမိတာတော့
အမှန်ပါပဲ။ ဒါက တစ်ကိုယ်တည်း ခရီးသွားတဲ့သူတွေ တစ်ခါတစ်ရံလိုလားမိတဲ့ အရာတစ်ခု
ပေါ့။ ဒါပေမယ့် ဘယ်သွားမလဲ၊ ဘာပြီးရင် ဘာလုပ်မလဲ၊ နောက်ပိုက်ဆံကို ဘယ်လိုခြွေခြွေ
တာတာသုံးမလဲဆိုတဲ့ ကိစ္စတွေကိုစီစဉ်နေရတော့လည်း အဲဒီအတွေးက တစ်ခဏတာပါပဲ။

ဟဲဟိုးလေဆိပ်ရောက်လို့ ညောင်ရွှေကိုကားစီးဖို့ စုံစမ်းကြည့်တော့ ကားခက ကျပ် ၂၀,၀၀၀
တဲ့။ လိုင်းကားစီးမယ်လို့ ကြံတော့လည်း ခရီးသည်ပြည့်မှ ထွက်မယ့်အပြင် အဆင့်ဆင့်စီးမှ
ရောက်မယ်ဆိုတော့ အချိန်ကိုလုပြီးလာရတဲ့ ကျွန်မအဖို့  ဘယ်လိုမှမဖြစ် နိုင်။ ခရီးတစ်
လျောက်လုံးချွေတာထားသမျှ ဒီမှာတင်အကုန်ကုန်တော့မှာ ပါလား။

တစ်ယောက် တည်းဆိုတော့လည်း စိတ်ဓာတ်ကလည်း ကျချင်ချင်ဖြစ်လာပြီ။ ဒါပေမယ့်
အခက်အခဲတစ်ခု တွေ့ကြုံ လာရတိုင်း ဖြေရှင်းနိုင်တဲ့ ထွက်ပေါက်တစ်ခုကရှိစမြဲပဲလေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား