Friday, 31 October 2014

မြန်မာ-ကိုးရီးယား လေကြောင်းတိုးချဲ့ပျံသန်းရန်သဘောတူညီမှုလက်မှတ်ရေးထိုး

မြန်မာနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ အကြား လေကြောင်းလိုင်းများတိုးချဲ့ ပျံသန်းနိုင်ရေးအတွက်
နှစ်နိုင်ငံ လေကြောင်းဆိုင်ရာ သဘောတူညီမှု မှတ် တမ်း တစ်ရပ်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ က
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်သည့် နှစ်နိုင်ငံလေကြောင်း ပို့ဆောင်ရေးဆိုင်ရာ
ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူညီမှုမှတ်တမ်းအရ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြားတွင် လေကြောင်းလိုင်း
အရေအတွက် အကန့်အသတ်မရှိ ပျံသန်းနိုင်တော့မည်ဖြစ်ပြီး မိမိနိုင်ငံ လေကြောင်းလိုင်းအချင်းချင်း
(သို့မဟုတ်) နှစ်နိုင်ငံ၏ လေကြောင်းလိုင်းအကြားတွင်သာမက အခြားနိုင်ငံတစ်ခုခု၏ ပျံသန်းခွင့်ရှိ
လေကြောင်းလိုင်းနှင့်ပါ လေကြောင်း လိုင်းများအကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ခွင့်များ
ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြားတွင် လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ကို ၁၉၇၈ ခုနှစ်၊
ဇန်န၀ါရီလ ၂၈ ရက်နေ့တွင်ချုပ်ဆိုခဲ့ပြီး လေကြောင်းလိုင်းတိုးချဲ့ပျံသန်းခွင့်များအတွက် ၂၀၀၆ ခုနှစ်
တွင် နားလည်မှုမှတ်တမ်း (MOU)ဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းနားလည်မှုမှတ်တမ်းအရ
တစ်နိုင်ငံလျှင် လေကြောင်းလိုင်းနှစ်လိုင်းစီသာ ပျံသန်းခွင့်ရှိခဲ့သည်ဟု လေကြောင်း ပို့ဆောင်
ရေးညွှန်ကြားရေးမှူးဦးစီးဌာန ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှ စတင် ၍ ကိုရီးယားလေကြောင်းလိုင်း (Korean Air)သည် ရန်ကုန်-
ဆိုးလ် ခရီးစဉ်ကို စတင်ပျံသန်းခဲ့ပြီး ခရီးသည်ရရှိမှုနှုန်း တိုးတက်ခဲ့သဖြင့် ဒီဇင်ဘာလတွင် ထပ်မံ၍
Asiana Airlines က ပျံသန်းမှု စတင် ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် MOU တွင် ပါရှိသည့် တစ်ဖက်လျှင် နှစ်လိုင်းသာပျံသန်းခွင့်အစား လေကြောင်းလိုင်း
အများအပြား သတ်မှတ်ပျံသန်းခွင့်ကို ပြောင်းလဲသတ်မှတ်ခြင်း၊ လေကြောင်းလိုင်းများအကြား
အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့်နှင့် စာချုပ်ပါ အချက်အလက်အချို့ကို ပြင်ဆင်ထားသောကိစ္စရပ်
များ ပါဝင်သည့် အစည်းအဝေးသဘောတူညီချက် အကျဉ်းချုပ်မှတ်တမ်းကို ဆွေးနွေးပွဲတွင်
လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား လေကြောင်း ၀န်ဆောင်မှုကဏ္ဍများ ယခု
ထက်ပို၍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ၁၉၇၈ ခုနှစ် လေကြောင်းသဘောတူစာချုပ်ကို ခေတ် နှင့်
အညီ ပြင်ဆင်ချုပ်ဆိုနိုင်ရေးကိစ္စများကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်သွားကြရန် ဆွေးနွေး
ခဲ့သည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူး
ချုပ် ဦးတင် နိုင်ထွန်း ဦးဆောင်သော လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ တာဝန်
ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးတို့မှ တာဝန်
ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ကိုယ်စားလှယ်များနှင့် ကိုရီးယားနိုင်ငံဘက်မှ
Ministry of Land, Transport and Maritime Affairs မှ ဒါရိုက်တာ Mr.Kim Wan Jung
ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကိုရီးယားလေကြောင်းလိုင်းများမှ ကိုယ်စား
လှယ်များ အသီးသီး တက်ရောက်ခဲ့ကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား