Wednesday, 22 October 2014

ခရီးသွားလမ်းညွှန်စာအုပ်ထွက်မည်

မြန်မာနိုင်ငံအတွင်း လည်ပတ်ရာတွင် အထောက်အပံ့ပေးနိုင်မည့် ခရီးသည် ခရီးသွားလမ်းညွှန်
စာအုပ်ကို လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် Media 100 ကုမ္ပဏီမှ ထုတ်ဝေသွားမည်
ဖြစ်သည်။

အဆိုပါစာအုပ်တွင် ပြည်တွင်းပြည်ပ ခရီးသည်များ အလွယ်တကူသွားလာ နိုင်စေရန်အတွက်
ရန်ကုန်မြို့တွင်းနှင့် ဆက်စပ် ခရီးသွားနေရာများ၏ ဟိုတယ်၊  စားသောက်ဆိုင်၊ ရန်ကုန်မြို့တွင်း
သွား လာရေးစသည့် လမ်းညွှန်မှုများကို ထည့်သွင်းပေးထားသည့်အပြင် ခရီးသည်များ အများ
ဆုံးလည်ပတ်သည့် နေရာများ၊ ပွဲတော်များကိုလည်း ဓာတ်ပုံနှင့် တကွ ရှင်းလင်းပြသထားပြီး
နောက်ဆုံးရ သတင်းများကိုလည်း ထည့်သွင်းပေး သွားမည် ဖြစ်သည်။

ပြည်တွင်းပြည်ပလေကြောင်းလိုင်း အချိန်ဇယားများ၊ ရထားနှင့် သင်္ဘော လမ်းညွှန်ချက်များ
အပြင် ရန်ကုန်မြို့ မြေပုံပါရှိမည် ဖြစ်သည်။ စာအုပ်ကို အင်္ဂလိပ်၊ မြန်မာဘာသာနှစ်မျိုးပါ
တစ်အုပ်လျှင် ကျပ် ၂,၀၀၀ ၀န်းကျင်ဖြင့် ဖြန့်ဝေသွားရန် ရှိသည်။

ခရီးသည် ခရီးသွားလမ်းညွှန်စာအုပ် ကို နှစ်စဉ်ထုတ်ဝေသွားမည်ဖြစ်ပြီး အခမဲ့ ဖတ်ရှုနိုင်ရန်
အတွက်လည်း  စာပေ ရေချမ်းစင်၊ နြိငေ ဃသမညနမ ၊ ဟိုတယ် များ၊ လေဆိပ်တို့တွင်
ထားရှိပေးသွားမည် ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား