Thursday, 30 October 2014

အဲကမ္ဘောဇလေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည်

အဲကမ္ဘောဇက ၀ယ်ယူထားသည့် လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အဲကမ္ဘောဇအဲကမ္ဘောဇက ၀ယ်ယူထားသည့် လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - အဲကမ္ဘောဇ

အဲကမ္ဘောဇလေကြောင်းလိုင်းက ပြင်သစ်နိုင်ငံ ATR Company မှ ၀ယ်ယူထားသော လေယာဉ်
သစ်နှစ်စင်းအနက် ပထမတစ်စင်း ATR 72-600 မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်အပြည်
ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

လေကြောင်းလိုင်းအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှစ၍ လက်ရှိ ပြေးဆွဲနေသော ခရီးစဉ်များ
အား အကြိမ် ရေတိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ဒေသတွင်း ခရီးစဉ်များအဖြင့် ထိုင်းနိုင်ငံ
ချင်းမိုင်မြို့နှင့် မတ်လဆန်းပိုင်းတွင် ဗန်းမော်နှင့် ပူတာအိုမြို့များသို့ ခရီးစဉ် ပျံသန်း တိုးချဲ့ပြေးဆွဲ
သွားမည်ဖြစ်သည်။

ထို့ပြင် ယခုရောက်ရှိနေသော လေယာဉ်သစ်ဖြင့် ပြည်တွင်းပြည်ပ Commercial flight များပျံသန်း
ရန် လိုအပ်သော စာရွက်စာတမ်းများရရှိနိုင်ရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး
ဌာနသို့ တင်ပြဆောင် ရွက်သွားမည် ဖြစ်သည်။

အဆိုပါလေယာဉ်သစ်ကို ယခင်လကုန်ပိုင်းက ပြင်သစ်နိုင်ငံ Toulouse မြို့ရှိ ART Manufacturing
အလုပ်ရုံတွင်ရယူခဲ့ပြီး ယခုလွှဲပြောင်းလက်ခဲ့သော လေယာဉ်သစ်မှာ အဲကမ္ဘောဇလေကြောင်းလိုင်း
နေဖြင့် ၀ယ်ယူထားသော လေယာဉ်သစ်နှစ်စင်းအနက်မှ ပထမတစ်စင်း ဖြစ်သည်။

ထပ်မံဝယ်ယူထားသော ဒုတိယ မြောက်လေယာဉ်သစ် ATR72-600 မှာ ဇွန်လပိုင်းတွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။

ATR Company မှ ဒါရိုက်တာက ယခုလေယာဉ်သည် အရှေ့တောင်အာရှတွင် ပထမဆုံးဝယ်ယူခဲ့
သည့် လေယာဉ် အမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေကြောင်းလိုင်းမှာ လက်ရှိတွင် ATR72-500 အမျိုးအစားလေယာဉ်သစ် လေးစင်းဖြင့် ရန်ကုန်၊
မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊
ကလေး၊ မြစ်ကြီးနား၊ သံတွဲနှင့် စစ်တွေ မြို့များသို့ ပြေးဆွဲလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား