Tuesday, 30 September 2014

မန္တလေး-ဘန်ကောက်နေ့စဉ် အမ်အေအိုင်ပြေးဆွဲတော့မည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)သည် လာမည့် မတ်လကုန် မှစတင်ခါ
ပထမဆုံးအကြိမ်အဖြစ် မန္တလေး-ဘန်ကောက် နေ့စဉ်တိုက် ရိုက်ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲမည်
ဟု အမ်အေအိုင်မှ ဈေးကွက် တာဝန်ခံ ဒေါ်အေးမရသာက မြန်မာတိုင်း(မ်)ကို ပြောသည်။

"မန္တလေး-ဘန်ကောက် နေ့စဉ်တိုက် ရိုက်ခရီးစဉ်ကို လာမယ့် မတ်လ ၃၁ ရက် နေ့ကစပြီး ပျံသန်း
ပြေးဆွဲမှာ ဖြစ်ပါတယ်။ အမှန်တော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြေးဆွဲဖို့ စီစဉ်ထားခဲ့ပေမယ့်
လည်း အခုမှပဲ စနိုင်ပါတော့တယ်။ လက်မှတ်ဈေးနှုန်းကတော့ အသွားအပြန်အတွက် အမေရိကန်
ဒေါ်လာ ၂၅၀ နီးပါးလောက်တော့ ခန့်မှန်းခြေ ကျပါလိမ့်မယ်"ဟု ဒေါ်အေးမရသာက ပြောသည်။

အဆိုပါ ခရီးစဉ်အတွက် ထိုင်ခုံ ၁၈၀ ပါ အဲဘတ်စ်အေ-၃၂၀ လေယာဉ်အား အသုံးပြုမည်ဖြစ်ကာ
ဘန်ကောက်မြို့မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာလာပြီး ၇ နာရီ ၅၅ မိနစ်တွင် မန္တလေးမြို့သို့ ဆိုက်
ရောက်မည်ဖြစ်သည်။

ထို့နောက် မန္တလေးမြို့မှ နံနက် ၈ နာရီ ၃၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ဘန်ကောက်မြို့သို့ ၁၁
နာရီအတိတွင် ဆိုက်ရောက်မည်ဖြစ်သည်။

"အခုလို မန္တလေးကနေ ဘန်ကောက်ကို နေ့စဉ်ပြေးဆွဲလိုက်ခြင်းအားဖြင့် မြန်မာ နိုင်ငံ အထက်ပိုင်း
က ခရီးသည်တွေ အပြင် နိုင်ငံတကာ ခရီးသည်တွေလည်း အရမ်းကို အဆင်ပြေပါတယ်။ ဈေးကွက်
အရဆိုလည်း မန္တလေးက လိုအပ်ချက်များနေတဲ့အတွက် စတင်ပြေးဆွဲရခြင်း ဖြစ်ပါတယ်။ ဒါပြီးရင်
တော့ မန္တလေး-စင်ကာပူ တိုက်ရိုက်ခရီးစဉ်ကိုလည်း ပြေးဆွဲဖို့ ရှိပါတယ်" ဟု ၎င်းကဆက် ပြော
သည်။

အမ်အေအိုင်တွင် လက်ရှိအဲဘတ်စ် အေ-၃၂၀ ခုနစ်စင်း၊ အေ-၃၁၉ တစ်စင်း ပေါင်း ရှစ်စင်းဖြင့်
ရန်ကုန်-ဘန်ကောက် တစ်နေ့နှစ်ကြိမ်၊ ရန်ကုန်-စင်ကာပူ တစ် နေ့သုံးကြိမ်၊ ရန်ကုန်-ကွမ်ကျိုး
တစ်ပတ်သုံးကြိမ်၊ ရန်ကုန်-ကွာလာလမ်ပူ တစ်ပတ်ငါးကြိမ်၊ ရန်ကုန်-ဂယာ နေ့စဉ်၊ မန္တလေး-ဂယာ
တစ်ပတ်သုံးကြိမ်နှင့် ဘန်ကောက်-စင်ကာပူ နေ့စဉ် ပုံမှန် ပျံသန်းပြေးဆွဲနေသည်။

မြန်မာ့လေကြောင်းစီးပွားရေး လုပ်ငန်းလွန်ခဲ့သော နှစ်မှစတင်ပြီး ပိုမို ဖွံ့ဖြိုးတိုး တက်လာရာ ယခုနှစ်
တွင် ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်းအချို့ ရန်ကုန်အပြင် မန္တလေးသို့လည်း တိုက်ရိုက်
လေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲရန် စီစဉ်နေသည်။

ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် လွန်ခဲ့သော နိုဝင်ဘာလမှ စတင်ကာ တစ်ပတ်လေးကြိမ်
မန္တလေး- ဘန်ကောက် ခရီးစဉ်အား စတင်ခဲ့ပြီး နောက် စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ
နေ့စဉ်တိုးချဲ့ပြေးဆွဲခဲ့သည်။

ထို့ပြင် ဘန်ကောက်လေကြောင်းလိုင်းသည် လာမည့် စက်တင်ဘာလမှ စတင်ကာ မန္တလေး-
ဘန်ကောက် ခရီးစဉ်အား တစ်ပတ် လေးကြိမ်ပြေးဆွဲမည့်အပြင် ထိုင်းလေကြောင်းလိုင်းကလည်း
၎င်း၏ လေကြောင်းလိုင်းခွဲဖြစ်သည့် ထိုင်း စမိုင်းလ်လေကြောင်းဖြင့် မန္တလေးပြေးဆွဲ ရန် စီစဉ်နေ
သည်။

ပြည်တွင်းလေကြောင်းလိုင်းသစ်ဖြစ်သည့် ရွှေမြန်မာလေကြောင်းလိုင်းသည်လည်း လတ်တလော
ရန်ကုန်-မန္တလေး နေ့စဉ်ပြေးဆွဲနေရာမှ မကြာမီ မန္တလေးမှ ဘန်ကောက်၊စင်ကာပူ၊ မလေးရှားနှင့်
ဟောင်ကောင်မြို့များသို့လည်း တိုက်ရိုက် ပြေးဆွဲရန် စီစဉ်နေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား