Thursday, 23 October 2014

မြ၀တီမြို့တွင် ဆိုက်ရောက်ဗီဇာကို ဧပြီလတွင် စပေးရန် စီစဉ်ထား

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် မြ၀တီမြို့တွင် လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ ဆိုက်
ရောက်ဗီဇာ Visa On Arrival (VOA) ကို နိုင်ငံခြားခရီးသည် များအတွက် ခွင့်ပြုပေးသွားရန်
ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ဆိုသည်။

"လူဝင်မှုကြီးကြပ်ရေးနဲ့ ပူးပေါင်းလုပ် ဆောင်နေပါတယ်။ ထိုင်းနယ်စပ်က၀င်လာတဲ့ ခရီးသည်တွေကို
ဆိုက်ရောက် ဗီဇာပေးနိုင်အောင် စီစဉ်နေပါတယ်"ဟု ၎င်းက ပြောသည်။

ထိုင်းနယ်စပ်မှဝင်ရောက်လာသည့် ခရီးသည်များမှာ မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာနိုင်ပြီး
မိမိတို့ဝင်လာသည့်နယ်စပ်မှ ပြန်လည်ထွက်ခွာ နိုင်သည့်အပြင် လေဆိပ်များမှလည်း ပြန်လည်ထွက်
ခွာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

"အရင်တုန်းကတော့ နယ်စပ်ကနေ ၀င်ရင် နယ်စပ်ကပဲပြန်ထွက်ရမယ်ဆိုပေမယ့် အခုတော့
လေဆိပ် ကနေ ပြန်ထွက် နိုင်အောင်စီစဉ်ထားပါတယ်။ အသေးစိတ်အစီအစဉ်တွေကတော့ အခုမှ
ဆွေး နွေးတုန်းရှိသေးတော့ ပြောလို့မရသေးပါဘူး" ဟု ၎င်းကပြောသည်။

ဆိုက်ရောက်ဗီဇာစနစ်ကို ဇွန်လ ၁ ရက်နေ့မှစ၍ နိုင်ငံ ၂၇ နိုင်ငံအတွက် ဗီဇာ သုံးမျိုးကို ပြန်လည်
ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ထပ်မံ၍ မကာအိုနှင့် ဟောင်ကောင်နိုင်ငံသားများအတွက် ဩဂုတ်လတွင် ဆိုက်ရောက်ဗီဇာ
ထပ်မံ ခွင့်ပြုပေးပြီး ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်အချို့နှင့် ခရီးသွားလုပ်ငန်းရှင်အချို့က နယ်စပ်တွင် ဆိုက်ရောက်ဗီဇာစနစ်
ခွင့်ပြုခြင်းသည် ခရီးသည်များအတွက် အဆင်ပြေစေနိုင်သည်ဟုဆိုသည်။

သို့သော် လက်ရှိ ကျင့်သုံးနေသည့် ဆိုက်ရောက်ဗီဇာမှာ ကြိုတင်လျှောက်ထားရသည့်စနစ်ဖြစ်
နေသေးသည့်အတွက် အဆိုပါစနစ်ကို အနည်းငယ် ပြန်လည်ပြင်ဆင်သင့်သည်ဟုလည်း သုံးသပ်
ပြောကြားကြသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုကို ယခင်နှစ်လယ်ပိုင်းက ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် စက်ဘီးဖြင့်
ခရီးသွားသည့် ခရီးသည်များကို စတင်လည်ပတ်ခွင့်ပြုခဲ့သည့်အပြင် ကားကိုးစီးဖြင့် လည်ပတ်သည့်
အုပ်စုလိုက်ခရီးစဉ်ကို ခွင့်ပြုခဲ့သည်။

ယခုလအတွင်းတွင်လည်း အဆိုပါနယ်စပ်မှ ကား ၂၃ စီးဖြင့် မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှုကို
ခွင့်ပြုပြီးဖြစ်သည်။

"ကုန်သွယ်မှုတွေကို ခွင့်ပြုပြီးနောက်ပိုင်းမှာ ကျွန်မတို့အခြေအနေကို စောင့်ကြည့်ပြီး ခရီးသွား
လုပ်ငန်းကို ခွင့်ပြုနိုင် အောင် ၀န်ကြီးဌာနကို လျှောက်ကြည့်ခဲ့ပါတယ်။ အရင်က နယ်မြေအခြေအနေ
ကြောင့် ခွင့်မပြုခဲ့ပေမယ့် ကုန်သွယ်မှုဖွင့်ပြီးနောက်ပိုင်း ခွင့်ပြုပေးခဲ့တယ်" ဟု Royal Colourful
Land ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား