Monday, 15 September 2014

အမ်အေအိုင်နှင့် ပြင်သစ်လေကြောင်း ဆွေးနွေး

အမ်အေအိုင်နှင့် ပြင်သစ်လေကြောင်း တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အမ်အေအိုင်အမ်အေအိုင်နှင့် ပြင်သစ်လေကြောင်း တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အမ်အေအိုင်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်) နှင့် ပြင်သစ်လေကြောင်းလိုင်း Air France
Consulting တို့ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်၌ ဆွေးနွေးခဲ့
သည်။

ခရီးသည်ဝန်ဆောင်မှုနှင့် Commercial အပိုင်းတို့အပြင် ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်းများနှင့်
ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်နိုင်ရန်အတွက် Air France Consulting မှ ဒုတိယ ဥက္ကဋ္ဌ Mr. Philippe
CHEVRIER အထွေထွေ မန်နေဂျာ Herve’ MOULINE နှင့် အမ်အေအိုင်မှ တာဝန်ရှိသူများ
ဆွေးနွေးခဲ့ကြသည်။

အမ်အေအိုင်နှင့် Air France တို့သည် နည်းပညာပိုင်းဆိုင်ရာ သင်တန်းပို့ချမှုများအတွက် ၂၀၁၂
ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကာ၊ ယခုနှစ် ဇန်န၀ါရီလ
တွင် A320 Airbus Type Rating သင်တန်း ဒုတိယအပတ်စဉ်အား Air France မှ နည်းပြဆရာ
များဖြင့် ပို့ချနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား