ရန်ကုန်မြစ်တွင်း၌ အပျော်စီးသင်္ဘောများ တိုးချဲ့ပြေးဆွဲလာ

RV King Whale အပျော်စီးသင်္ဘောကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)RV King Whale အပျော်စီးသင်္ဘောကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုနှင့် အတူ ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောများကို တိုးချဲ့ပြေးဆွဲလာ
ကြရာ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း က RV King Whale နှင့် Royal Green တို့စတင်
ပြေးဆွဲလာကြသည်။

"အပန်းဖြေစရာ အသစ်အဆန်း အနေနဲ့ ရန်ကုန်မြစ်တွင်း သင်္ဘောစီး ရင်း လေညင်းခံကာ
စိတ်အပန်းဖြေ နိုင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အချိန်တို အတွင်း ခရီးသွားနိုင်ရန်အတွက် ပထမဆုံးအကြိမ်
အဖြစ် အပျော်စီးသင်္ဘောကို စတင်လုပ်ဆောင်ပြေးဆွဲရခြင်းဖြစ်ပါတယ်"ဟု Green Holiday မှ
အထွေထွေမန်နေဂျာ ကိုနေမိုးအောင်က ပြောသည်။

အဆိုပါ ခရီးသွားလုပ်ငန်းကုမ္ပဏီမှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် RV King Whale အပျော်စီး
သင်္ဘောကို စတင် ပြေးဆွဲပေးနေပြီဖြစ်သည်။

"အရင်တုန်းက ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောတွေ ပြေးဆွဲခဲ့ဖူးကြပေမယ့် နိုင်ငံခြားသား
ဧည့်သည် ၀င်ရောက်မှုနှုန်း နည်းပါးတဲ့အတွက် ကြားထဲမှာ အဆက်ပြတ်သွားရခြင်း ဖြစ်ပါတယ်။
နိုင်ငံတကာခရီးသွားဧည့်သည်များ မြန်မာနိုင်ငံကို စိတ်ဝင်တစားနဲ့ ၀င်ရောက်လာနေတဲ့အချိန်မှာ
သာမန်ခရီးစဉ်များအပြင် အခုလို အပျော်စီး သင်္ဘောခရီးစဉ်တွေချဲ့ထွင် လာခြင်းအားဖြင့် ဧည့်သည်
တွေရဲ့ စိတ်ကို ပိုမိုဆွဲဆောင်နိုင်ပြီး သူတို့ကို စိတ်ကျေနပ်မှု ရရှိစေနိုင်ပါတယ်"ဟု ကိုနေမိုးအောင်
က ပြောသည်။

ယခုခရီးစဉ်သည် ၎င်းတို့အနေဖြင့် ပထမဆုံး စတင်ပြေးဆွဲခြင်းဖြစ်သည့် အတွက် ခရီးသည်
အရေအတွက်ပေါ် မူတည်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲရန် ရည်ရွယ်ထားသည်။

"ပြည်တွင်းက ဧည့်သည်တွေကိုပို ပြီးစိတ်ဝင်စားလာအောင် သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ လက်မှတ်
ကိုလည်း အလွယ်တကူ ၀ယ်ယူနိုင်မယ်ဆိုရင် ပိုပြီး စိတ်ဝင်စားလာနိုင်ပါတယ်။ သူတို့အတွက်
ဝန်ဆောင်မှုကိုလည်း နိုင်ငံခြား ခရီးသွားဧည့်သည်တွေအတိုင်းပေးမယ်ဆိုရင် သူတို့ကျေနပ်မှာပါ"
ဟု ကိုနေမိုးအောင် ကပြောသည်။

Royal Green အပျော်စီးသင်္ဘောပေါ်၌ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)Royal Green အပျော်စီးသင်္ဘောပေါ်၌ တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

တစ်ချိန်တည်းမှာပင် Royal Green River ကုမ္ပဏီကလည်း Royal Green သင်္ဘောကို စတင်
ပြေးဆွဲခဲ့သည်။

"မြန်မာပြည်မှာရှိတဲ့လူတွေ၊ ရန်ကုန် ကိုရောက်နေတဲ့ နိုင်ငံခြားသားတွေအတွက် ညနေ နေ၀င်
ဆည်းဆာ ခရီးလိုမျိုးတွေကို ကျွန်တော်တို့ Royal Green River ကုမ္ပဏီက စီစဉ်ဆောင်ရွက်ပေး
နေပါတယ်။ ခရီးသွားရာသီရဲ့သဘောအရ အဖွဲ့လိုက်လာတဲ့ ခရီးသွားတွေအတွက် သူတို့က
တစ်နှစ်စာကို ကြိုပြီးတော့ လက်မှတ်ကို မှာထားရပါတယ်။ ကျွန်တော်တို့က အခုနှစ်ခရီးသွားရာသီ
မှစတာဆိုတော့ အဖွဲ့လိုက် ခရီးသွားတွေတော့ မရနိုင်တော့ဘူးပေါ့။ စင်းလုံးငှားအနေနဲ့ တစ်ညအိပ်
နှစ်ညအိပ်ခရီးတွေကို သူတို့သွားချင်တဲ့နေရာကို ဟိုတယ်ကြီးတွေမှာပေးတဲ့ ၀န်ဆောင်မှုအတိုင်းနဲ့
ပို့ ဆောင်ပေးမှာပါ"ဟု ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဌေးအောင် က ပြောသည်။

RV King Whale သင်္ဘောက ပြည်တွင်း ဧည့်သည်များအတွက် ကျပ် ၂၅,၀၀၀ နှင့် နိုင်ငံခြားသား
ခရီးသွားများကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာ သတ်မှတ်ထားသည်။

ခရီးစဉ်များကို မနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေ နေ၀င်ဆည်းဆာကြည့်ချိန်ဟူ၍ ခွဲခြားထားသည်။

Royal Green အပျော်စီးသင်္ဘော ကမူ ရန်ကုန်မြစ်တွင်း စနေ၊ တနင်္ဂနွေနေ့များ၌ ပြေးဆွဲနေပြီး
ပြည်တွင်းခရီးသွားများအတွက် ကျပ် ၂၀,၀၀၀ နှင့် နိုင်ငံခြား ဧည့်သည်များကို ၂၅ ဒေါ်လာ
သတ်မှတ်ထားသည်။

Dora အပါအ၀င် အပျော်စီးသင်္ဘောများသည် ဗိုလ်တထောင်ဆိပ်ကမ်းမှနေ၍ ရန်ကုန်မြစ်တွင်း
တစ်လျှောက် ပြေးဆွဲပေးနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။