Thursday, 23 October 2014

အိမ်တစ်လုံးကို အိုင်ဖုန်းနှင့်လဲလှယ်မည်

မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မှ အိမ်ပိုင်ရှင်တစ်ဦးသည်
မကြာသေးမီက ၎င်း၏အိမ်တစ်လုံးကိုရောင်းချရန်အတွက်
ကြော်ငြာခဲ့သော်လည်း ၀ယ်ယူမည့်သူမရှိသဖြင့် နောက်
ဆုံးပေါ် iphone 6နှင့် အလဲအလှယ်ပြုလုပ်သွားရန် ဆန္ဒ
ရှိနေသည်ဟု  OddityCentral သတင်းဌာနက ဖော်ပြ
သည်။

» အပြည့်အစုံသို့

ဘူးဂေးရီးယား ရှေးဟောင်းသုတေသန ပညာရှင်က သွေးစုတ်ဖုတ်ကောင်သင်္ချိုင်းတစ်ခုတွေ့ရှိ

ဘူးဂေးရီးနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး
သည် ၎င်းသုတေသန ပြုလုပ်သည့် ရှေးဟောင်းမြို့ ၌ လွန်
ခဲ့သော ၁၃ ရာစုနှစ်က သွေးစုတ်ဖုတ်ကောင် သင်္ချိုင်းတစ်ခု
ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယူပီအိုင် သတင်း ဌာနက
အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

မြင်းစီးသင်တန်းမှ မြင်းများ၏အမြီးကို ဖြတ်တောက်ခိုးယူ

နော်ဝေနိုင်ငံ ပစ်ဒ်ဘာ့ဂ်ျမြို့ရှိ နော်ဝေမြင်းစီးသင်တန်း
ကျောင်းတစ်ခု၌ ဖောက်ထွင်းသူခိုးတစ်ယောက်က
သင်တန်းကျောင်းရှိ မြင်းများ၏ အမြီးများကို ခိုးယူဖြတ်
တောက်မှုဖြစ်ပွားခဲ့ကြောင်း ယူပီအိုင်သတင်းဌာနက
အောက်တိုဘာ(၂)ရက်နေ့က ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

အစာအိမ်ထဲတွင် ကိုးပေါင်ခန့်ရှိသည့် ဆံချည်မျှင်လုံးကို ခွဲစိတ်ဖယ်ရှား

ကာဂျစ်စတန်နိုင်ငံရှိ ဘစ်ရှ်ကတ်မြို့၌ အသက် ၁၈ နှစ်
အရွယ် မိန်းကလေးတစ်ယောက်၏ အစာအိမ်ထဲတွင်
အလေးချိန် ၉ ပေါင်ခန့်ရှိသည့် ဆံချည်မျှင်လုံးတစ်ခုဝင်
နေသည့်အတွက် ဆရာဝန်များက ခွဲစိတ်ဖယ်ရှားပေးခဲ့
ရကြောင်း ယူပီအိုင် သတင်းဌာနက အောက်တိုဘာလ
၁ ရက်နေ့တွင်ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

ရေလွှာလှိုင်းစီးပြိုင်ပွဲတွင် ခွေးများယှဉ်ပြိုင်မည်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင်
ရေလွှာလှိုင်းစီးပြိုင်ပွဲ စီစဉ်သူများက ခွေးများပါဝင်သည့်
ရေလွှာလှိုင်းစီးပြိုင်ပွဲကိုပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင်
ခွေးအကောင်ရေ ၆၅ ကောင်ခန့် ပါဝင်ယှဉ်ပြိုင်မည်ဟု
ယူပီအိုင် သတင်းဌာနက စက်တင်ဘာလ ၃၀ ရက်နေ့
တွင်ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

လက်ဝှေ့ပန်းချီ အနုပညာလက်ရာမြောက်ဖန်တီးမှုများ ပြုလုပ်

လက်ဝှေ့နှင့်ပန်းချီသည် မည်သို့မျှ မအပ်စပ်လှသည့်တိုင်
ဒတ်ခ်ျလူမျိုးတစ်ဦးဖြစ်သူ လက်ဝှေ့ဆရာဘတ်ဗန်ပိုလန်နဲန်
ပီတဲလ်က ယင်းနှစ်မျိုးကို ပေါင်းစပ်ကာ အနုပညာလက်ရာ
မြောက်ဖန်တီးမှုများပြုလုပ်နေကြောင်း Oddity Central
သတင်းဌာနက ဖော်ပြသည်။

» အပြည့်အစုံသို့

ဘာဘီရုပ်ဖြင့် ဘာသာရေးအထွတ်အမြတ် ရုပ်တုပုံဖန်တီးထားသည့် ပြပွဲကျင်းပမည်

ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ပုဂ္ဂိုလ်များ၏ ရုပ်တု
ရုပ်ပုံများကို ပလက်စတစ် ဘာဘီရုပ်များဖြင့် ပုံဖော် ဖန်တီးမှု
ကြောင့် အာဂျင်တီးနားအနုပညာရှင် စုံတွဲတစ်တွဲမှာ အငြင်း
ပွားဖွယ်ရာများကြုံတွေ့နေရပြီး တရားရင် ဆိုင်နေရကြောင်း
ယူပီအိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

ဖုန်းသစ်ဝယ်ရန် ချစ်သူကိုငွေကြေးဖြင့် ငှားရမ်း

ရှန်ဟိုင်းမြို့သားတစ်ဦးသည် iPhone 6 ၀ယ်ယူရန်အတွက်
၎င်း၏ချစ်သူကို ငှားရမ်းရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး အပိုဝင်
ငွေရရှိစေရန်ပြုလုပ်ခဲ့ကြောင်း ယူပီအိုင် သတင်းဌာနက
ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

ဒေါ်လာ ၂၉၀၀ အကုန်အကျခံ၍ ရုပ်ရှင်ထဲမှဇာတ်ကောင်ပုံ တက်တူးရေးထိုး

စကော့တလန်နိုင်ငံသားတစ်ယောက်သည် ၎င်းကြိုက်နှစ်
သက်သည့် Braveheart ရုပ်ရှင်ဇာတ်ကားမှ သရုပ် ဆောင်
ကြီး မဲလ်ဂစ်ဆင်နှင့် အခြားသော အနုပညာရှင် စတားသုံးဦး
၏မျက်နှာပုံကို ၎င်း၏ခြေတောက်တွင် တက်တူးထိုးရန်
အတွက် ဒေါ်လာ ၂,၉၀၀ ကျော်ခန့် အသုံးပြုခဲ့ကြောင်း ...

» အပြည့်အစုံသို့

အမျိုးသားကိုယ်လုပ်တော် ငှားရမ်းနိုင်မည့် ၀န်ဆောင်မှုလုပ်ငန်း စက်တင်ဘာလတွင် စတင်ပြီ

ကြော်ငြာမှုကဏ္ဍတွင် "ဆရာကြီးများ" ဖြစ်ကြသည့်
ဂျို့စ်ဖီင်း ဝေလင်းနှင့် ဒလာခါဂျက်ခ်တို့သည် အမျိုးသမီး
များအတွက် ဦးတည်၍ အမျိုးသားအခစားအခြံအရံများ
ငှားရမ်းမည့် ၀န်ဆောင်မှုလုပ်ငန်းကို ဆန်ဖရန်စ္စကိုတွင်
အခြေစိုက်၍ ယခု စက်တင်ဘာလအတွင်း စတင်နေပြီ
ဖြစ်ကြောင်း ...

» အပြည့်အစုံသို့

အကြည့်အများဆုံး - ကမ္ဘာ့သတင်း