ဆီးရီးယားနိုင်ငံ လေတပ်ဗိုလ်ချုပ်ကြီး လုပ်ကြံခံရ

ဒမတ်စကတ်- ဆီးရီးယားလေတပ် ဗိုလ်ချုပ်ကြီးတစ်ဦး
သည် ဒမတ်စကတ် မြို့ မြောက်ပိုင်းတွင် လုပ်ကြံခံခဲ့ရ
ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက အောက်တိုဘာ
လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်အုပ်စု
များ၏ လက်ချက်ဟု ပြစ်တင်ပြောဆိုထားသည်။

» အပြည့်အစုံသို့

ကျားပေါက် ၁၆ ကောင် တင်လာသူကို ဖမ်းဆီး

ဘန်ကောက် - လာအိုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနယ်စပ်အနီး မောင်းနှင်လာ
သည့် ကုန်တင်ကား အတွင်း ခြောက်ပတ်မှ နှစ်လအတွင်းရှိ ကျားပေါက် ၁၆ ကောင်ကို
လှောင်အိမ် ဖြင့်တင်ဆောင်လာသည့် ၅၂ နှစ် အရွယ်ရှိ ထိုင်းအမျိုးသားတစ်ဦးကို အောက်
တိုဘာလ ၂၆ ရက်နေ့က ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်။

» အပြည့်အစုံသို့

အီရန်စစ်သင်္ဘောနှစ်စင်းဆူဒန်ဆိပ်ကမ်း ဆိုက်ကပ်

ခါတွမ် (ဆူဒန်) - ဆူဒန်နိုင်ငံသို့အီရန်စစ်သင်္ဘောနှစ်စင်း
လာရောက် လည်ပတ်ခြင်းသည် နှစ်နိုင်ငံကြား ခိုင်မာ
သော ဆက်ဆံရေးကို ပြသနေ သည်ဟု ဆူဒန်စစ်ဘက်
က အောက်တို ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့ပြီး
ဆူဒန်နိုင်ငံ လက်နက်ထုတ်လုပ်ရေး တွင် အီရန်ပါဝင်
ပတ်သက်နေသည် ဆိုသော ပြောဆိုချက်များကိုမူ
မဟုတ်မှန်ဟု ငြင်းဆိုသည်။

» အပြည့်အစုံသို့

ယူကရိန်းအာဏာရပါတီက ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း အခိုင်အမာဆို

ကီရက်ဗ် - ယူကရိန်းနိုင်ငံ၌ ပြီးခဲ့သည့် ရက်သတ္တပတ်
အကုန်က ကျင်းပသော ရွေးကောက်ပွဲတွင် အစောပိုင်း
ထွက်ရှိ လာသော ရလဒ်များအရ ယူကရိန်း အာဏာရ
ပါတီက ၎င်းတို့အနိုင်ရရှိ ကြောင်း အောက်တိုဘာလ
၂၉ ရက်နေ့ တွင် အခိုင်အမာပြောကြားလိုက်သည်။

» အပြည့်အစုံသို့

ကမ္ဘာ့ထိပ်တန်း ပင်ဂွင်နှင့် ရန်ဒန်ဟောက်စ် စာအုပ်တိုက်ကြီးနှစ်တိုက် ပူးပေါင်းရန်သဘောတူ

လန်ဒန်- ဗြိတိသျှပုံနှိပ် ထုတ်ဝေသူ ပီယာဆန်သည် ၎င်း
၏ ပင်ဂွင်စာအုပ် ထုတ်ဝေသည့် ကဏ္ဍအား အင်္ဂလိပ်
ဘာသာထုတ်ပြိုင်ဘက်ဖြစ်သည့် ရန်ဒန် ဟောက်စ်နှင့်
စီးပွားရေးအရ ပေါင်းတော့မည်ဖြစ်ကြောင်း အောက်တို
ဘာလ ၂၉ ရက်က ကြေညာခဲ့သည်။

» အပြည့်အစုံသို့

ကုလသမဂ္ဂက ၂၀၂၀ တွင် ကလေးအလုပ်သမား စေခိုင်းမှု ပပျောက်စေမည့်အစီအစဉ်ကို ကြေညာချက်ထုတ်ပြန်

သုတေသနပြုမှုများကဖွံ့ဖြိုးဆဲနိုင်ငံများတွင်မြင့်မားသော
စီးပွားရေး တိုးတက်မှုများက တစ်ကမ္ဘာလုံးတွင် အလုပ်
လုပ်ကိုင်နေကြသော ကလေးငယ်များ၏ အရေအတွက်
ကို အလုံးအရင်းဖြင့် လျော့ကျသွားစေလိမ့်မည် မဟုတ်
ကြောင်း ဖော်ထုတ်ပြသခဲ့ပြီး နောက်တွင် ကုလသမဂ္ဂ
သည် ၂၀၂၀ ပြည့်နှစ်တွင် ကလေးငယ်များအား အလုပ်
စေခိုင်းမှုရပ်တံန့်ပစ်စေမည့် အကြံ ဉာဏ်မြင့်မားသော
အစီအစဉ်ကို ထုတ်ပြန်ကြေညာလိမ့်မည် ဖြစ်သည်။

» အပြည့်အစုံသို့

တောင်အာဖရိက ဓာတ်ပုံဆရာ ကူမာလို ကွယ်လွန်

ဂျိုဟန်နက်စဘာ့ဂ် - တောင်အာဖရိက ဓာတ်ပုံဆရာ
အဲလ်ဖရက်ကူမာလိုသည် အသက် ၈၂ နှစ်အရွယ်တွင်
ကျောက် ကပ်ရောဂါဖြင့် ဂျိုဟန်နက်စဘာ့ဂ်တွင်
အောက်တိုဘာ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း
ဒေသဆိုင်ရာ သတင်း ဌာနကဆိုသည်။

» အပြည့်အစုံသို့

တောင်အာဖရိက သတ္တုတွင်းအလုပ်သမားများ ဆန္ဒပြ

ရက်စတန်ဘာ့ဂ် (တောင်အာဖရိက) - သတ်မှတ်ချိန်
အတွင်း အလုပ်မပြီးသည့် အလုပ်သမား ၁၂,၀၀၀ အား
အလုပ်ဖြုတ် ခဲ့ရာ ၎င်းတို့ အလုပ်ပြန်လည်ရရှိရေး
တောင်းဆိုရာမှ အိန်ဂျလို အမေရိကန် ပလက်တီနမ်
သတ္တုတွင်း အလုပ်သမား များကြား ဖြစ်ပွားသော ပဋိ
ပက္ခကြောင့် တောင်အာဖရိက ရဲတပ်ဖွဲ့က ရော်ဘာ
ကျည်ဆန်၊ မျက်ရည်ယိုဗုံးနှင့် မူးမေ့ စေသည့် လက်
ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။

» အပြည့်အစုံသို့

ပြင်သစ်စစ်သားတို့ မိသားစုများ အပြည့်အ၀မရသည့် လစာကိစ္စ ဆန္ဒပြ

ထောင်ချီရှိသည့် ပြင်သစ်စစ်သားများသည် လစာဆော့ဖ်ဝဲစနစ် ချို့ယွင်းမှုကြောင့် တစ်နှစ်
လောက်လစာများ ရတစ်ချက်၊ မရတစ်ချက် ဖြစ်ခဲ့ကြရာ ပင်လယ်ရပ်ခြား၌ တာဝန်ထမ်းဆောင်
နေသည့် စစ်သားများလည်း ပါဝင်ခဲ့သည်။

» အပြည့်အစုံသို့

အမေရိကန်တွင် အင်အားအပြင်းထန်ဆုံး စန္ဒီမုန်တိုင်းတိုက်

နယူးယော့ခ် - အမေရိကန်အရှေ့ ဘက် ကမ်းခြေတစ်
ကြောတွင် စန္ဒီဟု ခေါ်သော အင်အားအပြင်းထန်ဆုံး
ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အရှေ့ဘက်
ခြမ်း ပြည်နယ်အတော်များများတွင် လေပြင်းများတိုက်
ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ လျှပ်စစ်မီးများ
ပြတ်တောက်ခြင်းများ ဖြစ်ပေါ် ခဲ့သည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း