စန္ဒီမုန်တိုင်းအပြီး နယူးယော့ခ်မြို့တွင် အအေးဒဏ်ပိုခံကြရ

နယူးယော့ခ်- အမေရိကန်နိုင်ငံတွင် အင်အားအပြင်းထန်ဆုံး စန္ဒီမုန်တိုင်း တိုက်ခတ်ခဲ့ခြင်း
ကြောင့် လူထောင်ပေါင်း များစွာတို့၏နေအိမ်များ ပျက်စီးဆုံးရှုံး ခဲ့ရပြီးနောက် နယူးယော့ခ်
မြို့၌ နိုဝင်ဘာ လ ၄ ရက်နေ့တွင် အပူချိန်များ အလွန် အမင်းထိုးကျကာ အအေးဒဏ်ကို
ထပ်မံရင်ဆိုင်နေရသည်။

» အပြည့်အစုံသို့

တရုတ်ကွန်မြူနစ်ပါတီမှ ပေါ်ရှီးလိုင် အထုတ်ခံရ

ပေကျင်း- ရာထူးဂုဏ်သိန် ဆုံးရှုံးခံရ သည့် တရုတ်နိုင်ငံ
ရေးသမား ပေါ်ရှီးလိုင် အား အာဏာရ ကွန်မြူနစ်ပါတီမှ
တရားဝင်ထုတ်ပယ်လိုက်ကြောင်း နိုင်ငံ ပိုင်မီဒီယာက
နိုဝင်ဘာလ ၄ ရက်နေ့ တွင် ဖော်ပြခဲ့သည်။

» အပြည့်အစုံသို့

ဆီးရီးယားသူပုန်များ အစိုးရစစ်လေယာဉ် တစ်စင်းကို ပစ်ချ

ဒမတ်စကတ်- ဆီးရီးယားသူပုန်များ သည် တနင်္ဂနွေနေ့တွင် ဆီးရီးယား အရှေ့ပိုင်း၌ အဓိက
ကျသော ရေနံမြေ တစ်ခုကိုသိမ်းပိုက်ပြီး စစ်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း စောင့်ကြည့်
ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ရာ အတိုက်အခံ အဖွဲ့အစည်းများ ကာတာ တွင် အမေရိကန်
ပြည်ထောင်စု၏ ပြန်လည်စုစည်းရေး လှုံ့ဆော်မှုအရ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင် နေ
စဉ်အတောအတွင်း စစ်ရေးအောင် နိုင်မှုအရေအတွက်များ ပိုမိုတိုးတက် များပြားလာကြောင်း
တွေ့ရှိရသည်။

» အပြည့်အစုံသို့

ကိုလံဘီယာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျူးဘားနိုင်ငံတွင် ကြိုတင်ပြင်ဆင်

ဟာဗာနာ - နိုဝင်ဘာ ၁၅ ရက်နေ့ တွင် စတင်ကျင်းပမည့်
ငြိမ်းချမ်းရေးဆွေးနွေး ပွဲများမတိုင်မီ အကြိုဆွေးနွေးပွဲကို
ကိုလံဘီယာနိုင်ငံမှ စေ့စပ်ဆွေးနွေးပွဲ အစိုးရအဖွဲ့ဝင်လူ
ကြီးများနှင့် လက်ဝဲ ပါတီ အက်ဖ်အေအာရ်စီ ပြောက်
ကျား တပ်ဖွဲ့ဝင်တို့ နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ခဲ့
ပြီးယင်းဆွေးနွေးပွဲ မှာ နှစ်ရက်တာ ကြာမြင့်မည် ... 

» အပြည့်အစုံသို့

သမ္မတအာဆတ် ဘေးကင်းစွာ ထွက်ခွာနိုင်ရေး ဗြိတိန်ကူမည်

ဒမတ်စကတ်- ဆီးရီးယား၌ နိုဝင်ဘာ ၆ ရက်က ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြင့်လာချိန်တွင်
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က အကယ်၍ ဆီးရီးယား သွေးထွက်သံယိုမှုများ အဆုံး
သတ်သွားမည်ဆိုပါက သမ္မတ ဘာရှာအယ်လ် အာဆတ်အား ဘေးကင်းလုံခြုံစွာ ထွက်ခွာ
သွားနိုင်ရန် ထောက်ပံ့ကူညီမည်ဟု ဆိုသည်။

» အပြည့်အစုံသို့

အမေရိကန်သမ္မတရွေးကောက်ပွဲ ဘာရက်အိုဘားမား နိုင်ပြီ

ဝါရှင်တန်- အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်
ရှိသမ္မတ ဘာရက်အိုဘားမားက စိန်ခေါ်သူ ရီပတ် ဘလီ
ကန် သမ္မတလောင်း မစ်ရွမ်နေကို အနိုင်ရကာ ဒုတိယအ
ကြိမ် သမ္မတ သက်တမ်း ဆက်လက်ထမ်းဆောင်ရန် လူ
ထု၏ ရွေးချယ်ခံလိုက်ရပြီး အောင်ပွဲခံ သွားသည်။

» အပြည့်အစုံသို့

ဆီးရီးယားနိုင်ငံ လေတပ်ဗိုလ်ချုပ်ကြီး လုပ်ကြံခံရ

ဒမတ်စကတ်- ဆီးရီးယားလေတပ် ဗိုလ်ချုပ်ကြီးတစ်ဦး
သည် ဒမတ်စကတ် မြို့ မြောက်ပိုင်းတွင် လုပ်ကြံခံခဲ့ရ
ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက အောက်တိုဘာ
လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်အုပ်စု
များ၏ လက်ချက်ဟု ပြစ်တင်ပြောဆိုထားသည်။

» အပြည့်အစုံသို့

ကျားပေါက် ၁၆ ကောင် တင်လာသူကို ဖမ်းဆီး

ဘန်ကောက် - လာအိုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနယ်စပ်အနီး မောင်းနှင်လာ
သည့် ကုန်တင်ကား အတွင်း ခြောက်ပတ်မှ နှစ်လအတွင်းရှိ ကျားပေါက် ၁၆ ကောင်ကို
လှောင်အိမ် ဖြင့်တင်ဆောင်လာသည့် ၅၂ နှစ် အရွယ်ရှိ ထိုင်းအမျိုးသားတစ်ဦးကို အောက်
တိုဘာလ ၂၆ ရက်နေ့က ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်။

» အပြည့်အစုံသို့

အီရန်စစ်သင်္ဘောနှစ်စင်းဆူဒန်ဆိပ်ကမ်း ဆိုက်ကပ်

ခါတွမ် (ဆူဒန်) - ဆူဒန်နိုင်ငံသို့အီရန်စစ်သင်္ဘောနှစ်စင်း
လာရောက် လည်ပတ်ခြင်းသည် နှစ်နိုင်ငံကြား ခိုင်မာ
သော ဆက်ဆံရေးကို ပြသနေ သည်ဟု ဆူဒန်စစ်ဘက်
က အောက်တို ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့ပြီး
ဆူဒန်နိုင်ငံ လက်နက်ထုတ်လုပ်ရေး တွင် အီရန်ပါဝင်
ပတ်သက်နေသည် ဆိုသော ပြောဆိုချက်များကိုမူ
မဟုတ်မှန်ဟု ငြင်းဆိုသည်။

» အပြည့်အစုံသို့

ယူကရိန်းအာဏာရပါတီက ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း အခိုင်အမာဆို

ကီရက်ဗ် - ယူကရိန်းနိုင်ငံ၌ ပြီးခဲ့သည့် ရက်သတ္တပတ်
အကုန်က ကျင်းပသော ရွေးကောက်ပွဲတွင် အစောပိုင်း
ထွက်ရှိ လာသော ရလဒ်များအရ ယူကရိန်း အာဏာရ
ပါတီက ၎င်းတို့အနိုင်ရရှိ ကြောင်း အောက်တိုဘာလ
၂၉ ရက်နေ့ တွင် အခိုင်အမာပြောကြားလိုက်သည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း