ပြည်တွင်းစစ်ချုပ်ငြိမ်းရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်မည်ဟု တောင်ဆူဒန်သူပုန်ခေါင်းဆောင်ကတိပေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမဈးချုပ် ဘန်ကီမွန်း တောင်ဆူဒန်နိုင်ငံသို့ရောက်ရှိစဉ် ဒုက္ခသည်ကလေးများနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကုလသမဂ္ဂအထွေထွေအတွင်းရေးမဈးချုပ် ဘန်ကီမွန်း တောင်ဆူဒန်နိုင်ငံသို့ရောက်ရှိစဉ် ဒုက္ခသည်ကလေးများနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂျူးဘား - ကမ္ဘာတွင် နောက်ဆုံး ထူထောင်လိုက်သည့်နိုင်ငံ၌ ဖြစ်ပွားနေသော
ဆိုးရွားလှသည့်ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်မည်
ဟု တောင်ဆူဒန်သူပုန် အကြီးအကဲ ရိခ်မာချာက မေလ ၆ ရက်နေ့တွင် ကတိပေးပြောကြားလိုက်
သည်။

ငါးလနီးပါးကြာဖြစ်ပွားသည့် ပဋိပက္ခကြောင့် နျစ်ဖက်စလုံးမှ စစ်ခေါင်းဆောင်တစ်ဦးချင်းကို
အမေရိကန်အစိုးရက အရေး ယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ငတ်မွတ်
ခေါင်းပါးမှုကပ်ဆိုးများ ကျရောက်နိုင်သည်ဟု အရေးတကြီး သတိပေးပြောကြားထားသည်။

"အရပ်သားတွေကို အမှတ်မထင်အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်မှုတွေအတွက် ခေါင်းဆောင်
နှစ်ဦးစလုံးမှာ တာဝန်ရှိတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆိုသည်။

မာရီရယ်ချင်နွန်းဟုလည်း သိထားသော တောင် ဆူဒန်သမ္မတ၏ တပ်ဖွဲ့များမှ တပ်မှူး မာရီရယ်
ချင်နွန်းနှင့် အစိုးရဆန့်ကျင်သည့် သူပုန်အုပ်စုမှ ခေါင်းဆောင် ပီတာဂဒက်တို့ကြား ဆန့်ကျင်မှု
များသည် ပြီးခဲ့သည့်ရက်သတ္တပတ်က တောင် ဆူဒန်မြို့တော် ဂျူဘားသို့ အမေရိကန်နိုင်ငံခြား
ရေးဝန်ကြီး ဂျွန်ကယ်ရီ ရောက်ရှိစဉ် နှစ်ဖက် စလုံးကိုတွေ့ဆုံပြီး လက်နက်များချရန် ပြောဆို
ပြီးနောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မေလ ၆ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တောင်ဆူဒန်မြို့တော်သို့
ရောက်ရှိခဲ့ပြီး "အမှားအယွင်း အထိအခိုက် မခံဘဲပြိုကွဲလွယ်တဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံကို
ဖျက်ဆီးနေတဲ့ ဒီပဋိပက္ခဟာ အဓိပ္ပာယ်ကင်းမဲ့ တယ်။ ဒီလိုသာ တိုက်ပွဲတွေဆက်ဖြစ်နေမယ်
ဆိုရင် ပြည်သူတစ်သန်းဟာ မကြာမီ အငတ်ဘေးနဲ့ ကြုံရနိုင်တယ်" ဟု သတိပေးခဲ့သည်။

ဒုတိယသမ္မတဟောင်းဖြစ်သူ သူပုန်ခေါင်း ဆောင် မာချာသည် အီသီယိုးပီးယားနိုင်ငံ၏ မြို့တော်
တွင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သို့တက်ရောက်မည်ဟု အတည်ပြုပြောကြားသည်။

ဂျွန်ကယ်ရီက ၎င်း၏ ခရီးစဉ်အတွင်း ရန်သူ များကို မျက်နျာချင်းဆိုင် ဆွေးနွေးပါမည်ဆိုသော
တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာကီရာ၏ ကတိ စကားကို ရယူနိုင်ခဲ့သည်။ လူမျိုးစုများကို အစု
လိုက်အပြုံလိုက် သတ် ဖြတ်ခြင်း၊ျွုဒိမ်းကျင့်ခြင်းနျင့် ကလေးစစ်သားများ ထောင်နှင့်ချီ စုဆောင်း
ခြင်းအစရှိသည့် ဆိုးရွား သည့် ပြစ်မှုများပြုလုပ်ခဲ့သည်ဟု နျစ်ဖက်အုပ်စု များကို စွပ်စွဲထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မေလ ၆ ရက်နေ့က တောင်ဆူဒန် သို့
သွားရောက်ပြီး လူမျိုးတုံး သတ်ဖြတ်မှုနျင့် ငတ်မွတ်ခေါင်းပါးမှု ကပ်ဆိုးများ ကျရောက်နိုင် သည်ဟု
အရေးတကြီး သတိပေးပြောကြားထား သည့်ကြားမှ ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုငြင်း ဆန်နေ
သော နှစ်ဖက်ခေါင်းဆောင်များအားလူမဆန်စွာ တိုက်ခိုက်နေကြသည့်ပြည်တွင်းစစ်ပွဲကို အဆုံး
သတ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါခရီးစဉ်သည် ငါးလနီးပါး ကြာမြင့်ခဲ့ သော ပြည်တွင်းစစ်အပစ်အခတ်ရပ်စဲရန် အဓိက
တွန်းအားဖြစ်ခဲ့သည်။ အတွင်းရေးမှူးချုပ်က "အပြစ်မဲ့ ပြည်သူများစွာ ဒုက္ခရောက် နိုင်တဲ့အတွက်
အကြမ်းဖက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့၊ နိုင်ငံရေးအရအဖြေရှာဖို့ခေါင်းဆောင်တွေကို အကြိမ်
ကြိမ်မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်" ဟု ကုလသမဂ္ဂက ထုတ်ပြန် သည့် ကြေညာချက်တွင် ရေး
သားထားသည်။

ယခုအခါ တောင်ဆူဒန်နိုင်ငံတွင် အစိုးရတပ် များသည် မြို့တော်အလယ်ဗဟိုကို ထိန်းချုပ်ရန်
ကြိုးစားနေသော်လည်း အနီးနားရှိ ရွာများတွင် ပစ်ခတ်မှုများ အပြင်းအထန် ဖြစ်ပွားနေသည်ဟု
ကာကွယ်ရေးဝန်ကြီး ကူရိုးမန်ယန်က အေအက်ဖ် ပီသို့ပြောသည်။

ကုလသမဂ္ဂ၏ ပြောကြားချက်အရ အကူအညီလိုအပ်နေသည့် ဒုက္ခသည် ပေါင်း ငါးသန်းနီးပါး
ရှိသည်ဟုဆိုသည်။ အုပ်စုနှစ်စုကြား ပဋိပက္ခသည် ကီရာက မက်ချာအုပ်စုကို သိမ်းပိုက်ရန်
ကြိုးစားခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး နောက် မက်ချာသည် သူပုန်အဖွဲ့ကို
ထူထောင် ရန် တောခိုခဲ့သည်။

သမ္မတ ကီယာက ပြိုင်ဘက် အုပ်စုများကို သွေးချောင်းစီးတိုက်ပွဲ ဆင်နွှဲပြီး သုတ်သင်ရန်ကြိုးစား
ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း