အာရှကလေးများ ရေဘေးအန္တရာယ်ပညာပေးဂိမ်း

အာရှဒေသတစ်လွှားရှိကလေးများ ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးရန်ထုတ်လုပ်သည့် မိုဘိုင်းဂိမ်း။ ဓာတ်ပုံ - အေအက်ဖ်ပီအာရှဒေသတစ်လွှားရှိကလေးများ ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးရန်ထုတ်လုပ်သည့် မိုဘိုင်းဂိမ်း။ ဓာတ်ပုံ - အေအက်ဖ်ပီ

အယုဒ္ဓယ ရေကြီးမှုဖြစ်ပွားစဉ် ဓာတ်လိုက်မသေအောင် ရေမနစ်အောင်အပြင် မြွေနှင့် မိကျောင်း
များကိုလည်း ရှောင်တိမ်းကစားရ သည့် ထိုင်းစိတ်ကူးယဉ် သူရဲကောင်း ဇာတ်ကောင်လေး ပါဝင်
Flood fighter ဟုခေါ်သည့် မိုဘိုင်းဂိမ်းအသစ်တစ်ခုကို အာရှဒေသတစ်လွှားရှိ ကလေးများအား
ရေဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေးရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် မုတ်သုံရာသီအတွင်း ထိုင်းနိုင်ငံပြည်နယ် ၇၇ ခုအနက် ၆၅ ခုတွင် ဖြစ်ပွားခဲ့သော
ရေလွှမ်းမိုးမှုကြောင့် ကလေးဒါဇင်ပေါင်းများစွာအပါအ၀င် လူ ၈၀၀ ကျော်သေဆုံးခဲ့ရသည်။

နောက်နောင် ရေဘေးအန္တရာယ်များ ဖြစ်ပွား ခဲ့လျှင် လူသေဆုံးမှုများမဖြစ်အောင် ကာကွယ်ရန်
ကြိုးစားမှုတစ်ရပ်အနေဖြင့် ကုလသမဂ္ဂ ပညာ ရေး၊ သိပ္ပံနျင့်ယဉ်ကျေးမှုအဖွဲ့က ရေဘေး အန္တရာယ်
ပညာပေး အခမဲ့မိုဘိုင်းဂိမ်းအက်ပလီ ကေးရှင်းတစ်ခုထုတ်ပေးရန် စိတ်ကူးရခဲ့သည်။

"ထိုင်းနိုင်ငံက လူတိုင်းမှာ မိုဘိုင်းဖုန်းတစ်လုံးစီ ရှိကြပါတယ်။ အက်ပလီကေးရှင်းတစ်ခုက
တစ်ဆင့် ပြောချင်တဲ့သတင်းစကားကို ဖြန့်ဝေ ပေးလို့ရတာပါ" ဟု Sai Fah: Flood Fighter
ဂိမ်းကိုဖန်တီးထုတ်လုပ်ရာ၌ ကြီးကြပ်ခဲ့သူ အီချီရို မီယာဇာဝါက ပြောကြားခဲ့သည်။

အဆိုပါဂိမ်းကို ဇန်န၀ါရီလက စတင်ဖြန့်ဝေခဲ့ ပြီးနောက် ရက်သတ္တပတ် အနညှ်းုယ်အတွင်း မှာပင်
ယင်းကို Download ရယူသည့်အကြိမ် ပေါင်း ၂၂,၀၀၀ ကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံရှိ အသိ ပညာပေး
အက်ပလီကေးရှင်းများအားလုံး၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဂိမ်းကစားရသည့်ပုံစံမှာ ကစားသူများက မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကို သိုလှောင်
ထားရခြင်း၊ အရေးကြီးသည့်ပစ္စည်းများကို အမြင့် တွင်ထားရခြင်း၊ ဗရကိုကျိုချက်သောက်ရခြင်းနှင့်
လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားရခြင်း အပြင် ရေဘေးလွတ်ရာသို့ ထွက်လာမည့် မြွေနှင့်
မိကျောင်းများ အန္တရာယ် ရှောင်တိမ်းရခြင်းတို့ ပါဝင်သည်။ ယင်းမိုဘိုင်းဂိမ်းကြောင့် ရေကြီးမှု
ဖြစ်ပွားလျှင် မည်သို့ကာကွယ်ရမည်၊ျွည်သို့ ပြင်ဆင်ထားရမည်၊ မည်သို့ ကိုင်တွယ်ဖြေရှင်း
ရမည်ကို ကလေးများ သိရှိလာမည်ဟု ပညာရေး စင်တာက ဆိုသည်။

ဂိမ်းထဲတွင် အနီရောင် ထီးဦးထုပ်လေး ဆောင်းထားသည့် ကလေှးုယ် က မြေပြိုနိုင်ခြင်းရှိမရှိ
စမ်းသပ်ရန် တုတ်တစ်ချောင်းကို အသုံးပြုသွားရမည်၊ တွင်းထဲ ပြုတ်မကျစေရန်နျင့် ရေစီးနှင့်
မျောပါမသွား စေရန် သတိထားရကြောင်း ဖော်ပြသည်။

(အေအက်ဖ်ပီ) 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း