ထိုင်း အာဏာသိမ်းအစိုးရနှင့် ဖမ်းဆီးမှုများကို ဝေဖန်

ထိုင်းအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီထိုင်းအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ကောက် - ထိုင်းစစ်တပ်က ဆင့်ခေါ်ခံရပြီး လျှို့ဝှက်နေရာများတွင် ထိန်းသိမ်း
ခံထားရသည့် ဩဇာတိက္ကမရှိသောပုဂ္ဂိုလ်များထဲတွင် နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှား
သူများ၊ ပညာတတ်များနှင့် သတင်းထောက်များလည်း ပါဝင်သည်။

ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်သည့်အချိန်ကတည်းက လူ ၂၅၀ ကျော် ဆင့်ခေါ် ခံခဲ့ရပြီး
ထိုင်းနိုင်ငံ၏နိုင်ငံရေးပဋိပက္ခ လျော့ပါး သက်သာစေရန်ရည်ရွယ်သည်ဟုဆိုသော မေလ ၂၂
ရက်နေ့ တွေ့ဆုံညှိနှိုင်းမှုများအတွင်း ထိပ်တန်း နိုင်ငံရေးသမားများလည်း ထိန်းသိမ်းခံခဲ့ရသည်။

ဒါဇင်ပေါင်းများစွာ ယခုထိ ထိန်းသိမ်းခံထား ရဆဲဖြစ်ပြီး ၅၃ ဦးမှာမူ ပုန်းရှောင်နေဆဲဖြစ်ကာ
၎င်းတို့မှာ စစ်တပ်၏ ဆင့်ခေါ်မှုကို ဖီဆန်ကာ ပုန်းရှောင်နေသည့်အတွက် ထောင်ဒဏ်နှစ်နှစ်
ကျခံရနိုင်ဖွယ်ရှိသည်။

ထို့ပြင် ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်နှင့် အဘီဆစ် ဗက်ဂ်ျဂျာဂျီဗာတို့အပါအ၀င် ထိန်းသိမ်းခံရသူအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း နောက်ထပ်လူများကို ဆင့်ခေါ်ဦးမည်ဖြစ်
ကြောင်း စစ်တပ်ကပြောကြားထားသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Sukanya Prueksakasemsuk ၏ နေအိမ်ကို ထိုင်းစစ်တပ်
က ၀င်ရောက်စီးနင်းခဲ့ပြီး ၎င်းနှင့် ၎င်း၏သားဖြစ်သူတို့ကို ခေတ္တထိန်းသိမ်းထား ခြင်းကြောင့်
စစ်တပ်၏ ယင်းလုပ်ရပ်ကို လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ပြစ်တင်ရှုတ်ချခဲ့ သည်။

Sukanya Prueksakasemsuk ၏ခင်ပွန်း ဖြစ်သှူသာပသအ သည် ထိုင်းနိုင်ငံ၌ တော်ဝင်
မျိုးနွယ်များနှင့်ပတ်သက်ပြီး တင်းကျပ်စွာပြဋ္ဌာန်း ထားသည့် ဥပဒေများအရ ထိုင်းတော်ဝင်
မျိုးနွယ် များကို စော်ကားသည့်ပြစ်မှုဖြင့် ပြီးခဲ့သည့်နှစ်က ထောင်ဒဏ် ၁၁ နျစ် ချမှတ်ခံခဲ့
ရသည်။

ထိုင်းစစ်တပ်နှင့် အနီးကပ်ဆက်ဆံရေးရှိသည့်ဟု ယခင်ကတည်းက ယူဆခံထားရသည့် ပညာ
တတ်များနျင့် သတင်းထောက်များပင် ဆင့်ခေါ်ခြင်းခံခဲ့ရသော်လည်း ၎င်းတို့ထဲမှအချို့ကို စစ်တပ်
က ထိန်းသိမ်းခဲ့ခြင်းမရှိပေ။ နိုင်ငံရေးသများလည်းဖြစ်၊ တက်ကြွလှုပ်ရှား သူလည်းဖြစ်သည့်
ဂျာတူပွန်း ပရွန်ပန်က "ကျွန်တော်တို့ ဘယ်နေရာရောက်နေလဲဆိုတာ မသိပါဘူး" ဟု
စစ်တပ်က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ထဲတွင် ပြောကြားထားသည်ကို တွေ့ရသည်။

သက်ဆင်ဆန့်ကျင်ရေးလှုပ်ရှားမှု၌ ဦးဆောင် ခဲ့သူများကို ပြန်လွှတ်ပြီး နှစ်ရက်အကြာတွင်
ရှပ်နီခေါင်းဆောင်အချို့ကို မေလ ၂၈ ရက် နေ့က စစ်တပ်က ပြန်လွှတ်ပေးခဲ့သည်။ ထိန်းသိမ်း
ခံရသူများကို ရိုက်နှက်ခြင်း၊ သို့မဟုတ် ညှဉ်းပန်းခြင်းများမလုပ်ကြောင်း စစ်တပ်က အခိုင်အမာ
ပြောဆိုထားသည်။

"သူတို့ထဲကတချို့ကို ကျွန်တော်တို့ မထိန်း သိမ်းရင် ပဋိပက္ခကို ပိုပြီး ကြီးထွားစေချင်တဲ့
လူတွေကြောင့် သူ့တို့အတွက် အန္တရာယ်ရှိကောင်းရှိနိုင်ပါတယ်" ဟု အာဏာပိုင်များ၏
မေလ ၂၇ ရက်နေ့ နှောင်းပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ထို့ပြင် ပဋိပက္ခကို ပိုမိုကြီးထွားစေရန်လှုံ့ဆော်သည့် သို့မဟုတ် စစ်တပ်အာဏာပိုင် များအတွက်
အရေးထားရမည့် အကြောင်းအရာမျိုးကို မည်သည့်သတင်းမီဒီယာများ၌မဆို တွေ့ရှိ ရပါက
ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ် ကသတိပေးပြောကြားထားသည်။

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ထိုင်းနိုင်ငံ ရေးသုတေသီတစ်ဦးဖြစ်ပြီး သံတမန်ဟောင်း
တစ်ဦးဖြစ်သူ ပညာရှင် ပါဗင်ချာချာဘယ်လ် ပေါင်ပန်က သူသည် ပြည်ပတွင် အခြေစိုက်သူ
များထဲမှ တစ်ဦးတည်းသော ဆင့်ခေါ်ခံရသူ ဖြစ်ပြီး စစ်အစိုးရက ပထမတန်းလေယာဉ် လက်
မှတ်မပေးမချင်း ၎င်းတို့၏ဖိတ်ကြားချက် ကို လက်မခံဟု ငြင်းဆိုခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း