ကမ္ဘာ့အသက်ကြီးဆုံးလူသား အသက် (၁၁၁)နှစ် အရွယ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ထားခြင်းခံရသူ အလက်ဇန္ဒားအိုင်းမစ်ခ်ျသည်
ဇွန်လ၈ရက်နေ့၊ တနင်္ဂနွေနေ့က နယူးယောက်မြို့၊ Upper West Side ရှိ၎င်း၏နေအိမ်တွင် ကွယ်
လွန်သွားခဲ့ကြောင်း နယူးယောက်ပို့စ်သတင်းတစ်ရပ်ကို ကိုးကား၍ ၀ါရှင်တန်တိုင်းမ် သတင်းဋ္ဌာန
က ဖော်ပြခဲ့သည်။

ကွယ်လွန်ချိန်တွင် အလက်ဇန္ဒားအိုင်းမစ်ခ်ျသည် အသက် (၁၁၁)နှစ်ပြည့်ပြီးဖြစ်ကြောင်း သိရ
သည်။ ၎င်းကို ၁၉၀၃ခုနှစ်၊ ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ပိုလန်နိုင်ငံ၌ မွေးဖွားခဲ့ပြီး နိုင်ငံတောင်ပိုင်း
ရှိ ချက်တိုချိုဝါအရပ်တွင် ကြီးပြင်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်ဟာ အသက်သာကြီးသွားပေမယ့် တခြားသူတွေလို မသေနိုင်တာကိုက ကိုယ့်ကိုယ်
ကို အံ့ဩရတဲ့အချက်ပါ။ ဘာဖြစ်လို့အဲလိုဖြစ်တာလဲဆိုတာကို မစဉ်းစားတတ်ဘူးဗျာ" ဟု ၎င်းက မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း နယူးယောက်ပို့စ် သတင်းဋ္ဌာန
က ဖော်ပြခဲ့သည်။

သို့ရာတွင် ၎င်းသည် ဘ၀တစ်လျှောက်လုံး၌ ကျန်းမာရေးလိုက်စားခဲ့သူဖြစ်ပြီး၊ အားကစားနှင့်
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်လေ့ရှိကာ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ခဲ့ကြောင်း
သိရသည်။

ထို့ပြင် ၎င်းတွင် သားသမီးတစ်ဦးမှ ထွန်းကားခြင်းမရှိခဲ့ပဲ ၎င်းငယ်ရွယ်စဉ်ကလည်း နာဇီဂျာမနီ
တို့ရန်မှ လွတ်မြောက်ရန် ပြေးရှောင်ပုန်းရင်းနှင့်သာ အချိန်ကုန်ခဲ့ဖူးကြောင်း သိရသည်။

၎င်းကွယ်လွန်သွားသောအခါ ၎င်းထက် တစ်ရက်သာ နောက်ကျမွေးဖွားခဲ့သော ဂျပန်နိုင်ငံမှ
အမျိုးသားတစ်ဦးသည် ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခြင်းခံရတော့မည်ဖြစ်
သည်။

သို့သော် ဂျပန်နိုင်ငံတွင် (၁၁၁)နှစ်ထက် အသက်အရွယ်ကြီးမြင့်သူ ဂျပန်အဘွားအို ၆၆ဦးခန့်ရှိပြီး၊
၎င်းတို့အနက်မှ မီဆာအို အိုကာဝါဆိုသူဂျပန်အဘွားအိုသည် အသက် (၁၁၆)နှစ်အထိရှိကြောင်း
ဂျပန်မှလာသော သတင်းများကဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း