ရုရှားနိုင်ငံ မြောက်ဘက်စွန်းတွင် ဧရာမကျင်းကြီးတစ်ခုတွေ့

ယာမာလိုနီနက်စကီးဒေသရှိ ဧရာမကျင်းကြီးကိုတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီယာမာလိုနီနက်စကီးဒေသရှိ ဧရာမကျင်းကြီးကိုတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

မော်စကို - ဒေသခံများက ကမ္ဘာ၏ အဆုံးစွန် ဟုခေါ်သော ဆိုက်ဘေးရီးယားဒေသ၏
ဝေးလံသည့်နေရာတွင် ဧရာမ ကျင်းတစ်ခု တွေ့ရှိမှုကြောင့် ရုရှားနိုင်ငံတွင် အုတ်အော် သောင်း
တင်းဖြစ်ခဲ့ပြီး အဆိုပါ ကျင်းကြီး ကို စုံစမ်းစစ်ဆေးရန် သိပ္ပံပညာရှင်များ တစ်ဖွဲ့ကို ကျင်းကြီးရှိရာ
သို့ လွှတ်လိုက် ပြီဟု သိရသည်။

စွမ်းအင်ကြွယ်ဝသည့် ယာမာလို-နီနက် စကီး ဒေသရှိ ဧရာမကျင်းကြီးနျင့်ပတ်သက် ၍
Youtube တွင်တင်ထားသော ဗီဒီယို တွင် စတင်တွေ့ရှိခဲ့ရသည်။ ငြ၈ျ ရဟတ်ယာဉ်အချို့
ထိခိုက်မှု မရှိဘဲ ဆင်းသက်နိုင်လောက်အောင် ဒီကျင်း ကြီးက ကြီးမားပါတယ်ဟု ဗီဒီယိုရိုက်ကူး
တင်သည့် 'ဘူလ်ကာ'ဟုခေါ်တွင်သော သူကပြောသည်။

မော်စကိုမှ ကီလိုမီတာ ၂,၀၀၀ ခန့်ဝေး ပြီး ဒေသမြို့တော် ဆာလီခတ်၏ မြောက် ဘက်ရှိ
ဓာတ်ငွေ့တွင်းမှ ကီလိုမီတာ ၃၀ ခန့်ရှိ ၀င်ရိုးစွန်းဒေသ၌ အစဉ်အေးခဲ နေသည့် နက်ရှိုင်းမြေလွှာ
တွင် ထိုကျင်းကြီး တည်ရှိသည်။ လျှို့ဝှက်ဆန်းကျယ်သော ထိုကျင်းနက် ကြီးနှင့်စပ်လျဉ်း၍
ထင်ကြေးအမျိုးမျိုး ပေးကြသည်။

တခြားကမ္ဘာ ဂြိုဟ်သား များကြောင့် ဖြစ်သည်ဟုဆိုသောထင်ကြေး နှင့်ပတ်သက်၍ ဒေသခံ
အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် "စေ့စပ်သေချာတဲ့သုတေ သနအရ လူနဲ့စက်ယန္တရား
အရိပ်အယောင် မျှမတွေ့ပါ"ဟု သုတေသနခေါင်းဆောင် မာရီနာလိဘ်မင်က ပြောသည်။

ဥက္ကာခဲကျရောက်ခြင်းကြောင့် ဖြစ်နိုင် သည်ဟူသော မူလသီအိုရီကို သုတေသီ များက ငြင်းဆို
ခဲ့သည်။ အစဉ်အေးခဲနေသော နက်ရှိုင်းမြေလွှာ ရှိ မြေအောက်ရေခဲများ အရေပျော်ခြင်းနှင့် လေ
ဖိအားကြီးမားမှုကြောင့် မျက်နှာပြင် သို့ ထိုးဖောက်ထွက်လာသည့် ဓာတ်ငွေ့ များကြောင့်
ထိုကျင်းကြီး ဖြစ်ပေါ်လာ စေသည်ဟု ရုရှား သိပ္ပံအကယ်ဒမီ ရေနံနှင့် ဓာတ်ငွေ့ သုတေသနဌာန
လက်ထောက် ညွှန်ကြားရေးမှူး ဗာဆီလီဘိုဂိုယာလင်း စကီးက ပြောသည်။

ထိုကျင်းကြီး၏ အတွင်းအချင်းသည် မီတာ ၄၀ ခန့်ရှိပြီး အပြင်အချင်းသည် မီတာ ၆၀ ခန့် ရှိကာ
၎င်း၏အနက်ကိုတိုင်းရန် ကျွမ်းကျင် ပညာရှင်များလိုအပ်ပြီး ပတ်ပတ် လည်ရှိ မြေပုံများသည်
ရုတ်တရက်ပြိုကျ၍ အန္တရာယ်ရှိနေသည်။ သိပ္ပံပညာရှင်များက ရေဒီယိုသတ္တိကြွ မှု အဆင့်ကို
တိုင်းတာရာတွင် ဘေးအန္တ ရာယ်ရှိသည့် ဓာတ်ရောင်ခြည်မရှိကြောင်း တွေ့ရှိရသည်။

သမင်အုပ် ထိန်းကျောင်းသူများ၏ သတင်းပေးချက်အရ သိပ္ပံပညာရှင်များ သည် ဒုတိယမြောက်
ကျင်းကြီးတစ်ကျင်း ကိုလည်း တွေ့ရှိခဲ့ရသည်။ အရွယ်ပမာဏငယ်သော ၎င်းကျင်းမှာ အချင်း ၁၅
မီတာ ရှိသည်ဟု အင်တာဖက်သတင်းဌာနက ဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း