အာဖဂန်စစ်သား ပစ်ခတ်မှု 'ကန်' ဗိုလ်ချုပ်သေဆုံး

ကဘူးလ် - အာဖဂန်နစ္စတန် စစ်တပ် စစ်သားတစ်ဦး၏ တိုက်ခိုက်မှုကြောင့်
အမေရိကန်ဗိုလ်ချုပ်တစ်ဦး သေနတ် ထိမှန်သေဆုံးပြီး ဂျာမန်အဆင့်မြင့် အရာရှိတစ်ဦးအပါအ၀င်
လူပေါင်းတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့သည်။ ၎င်းသည် ၉/၁၁ တိုက်ခိုက်မှု ပြီးကတည်းက ဦးဆုံး
အသတ်ခံရသော အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးလည်းဖြစ်သည်။

ဝါရှင်တန်ရှိ အမေရိကန် စစ်တပ် ဌာနချုပ်တွင် စစ်လက်နက်များဝယ်ယူ ရေးဌာနက အဆင့်မြင့်
အရာရှိကြီး တစ်ဦးဖြစ်သော ဗိုလ်ချုပ် ဟာရိုးလ် ဂျေဂရင်းသေဆုံးခဲ့ရသော အဆိုပါပစ်ခတ်မှုသည်
တာလီဘန်တို့ကို ၁၃ နျစ်ကြာတိုက်ခိုက်ပြီးနောက် နေတိုးတပ်များရုပ်သိမ်းသွားချိန်တွင် အမေရိ
ကန် ဦးဆောင်ပြီး အာဖဂန် စစ်တပ်ကို လေ့ကျင့်ပေးမည့်အစီအစဉ်ကို လှုပ်လှုပ် ခတ်ခတ် ဖြစ်သွား
စေခဲ့သည်။

ယခုအသတ်ခံရမှုမှာ ၂၀၀၁ ခုနှစ်၊ွှမရိကန်ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့များ အာဖဂန်နစ္စတန်
သို့ ၀င်ရောက်ချိန်မှစ၍ ရာထူးအမြင့်ဆုံး အရာရှိကြီးတစ်ဦး ပစ်သတ်ခံရခြင်းပင် ဖြစ်သည်။

ဩဂုတ် ၅ ရက်က မြို့တော် ကဘူးလ်၏ မြို့ပြင်၌ရှိသော ဗြိတိသျှ အရာရှိများ စစ်သင်တန်းပို့ချ
ပေးရာ စစ်တက္ကသိုလ် လေ့ကျင့်ရေးကျောင်း သို့ နေတိုးတပ်က အဆင့်မြင့်အရာရှိများ အလည်
အပတ် ရောက်ရှိစဉ်တွင် အာဖဂန်စစ်သားတစ်ဦးက သေနတ် ဖြင့်ဝှေ့ယမ်းပစ်ခတ်ခဲ့ပြီးနောက်
မိမိ ကိုယ်မိမိ အဆုံးစီရင်သွားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် အမေရိကန် လူမျိုး ရှစ်ဦးအပါအ၀င် ၁၅ ဦးဒဏ်ရာ ရခဲ့သည်ဟု အမည်မဖော်
လိုသူ အမေရိကန်အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားပြီး အာဖဂန်စစ်တပ်က၊အရာရှိ
သုံးဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး မိုဟာမက်
အက်ဖ်ဇယ်လ်အမန်းက ပြောသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း