ဦးခေါင်းထက်ကြီးသည့် လက်ကြောင့် အိန္ဒနိုင်ငံမှကလေးငယ် အခက်အခဲဖြစ်နေ

မိုဟမ်မက်ကယ်လင်းအမည်ရှိ အသက်(၈)နှစ်အရွယ် အိန္ဒိယနိုင်ငံသား ကလေးငယ်တစ်ဦးသည်
မွေးဖွားလာကတည်းက လက်မှာ အလွန်ကြီးမားသည့်အတွက် အစာကို ကိုယ်တိုင် စားသောက်
နိုင်ခြင်းမရှိသည့် အပြင် အ၀တ်အစား ၀တ်ဆင်ခြင်းနှင့် ဖိနပ်စီးရာတွင် ကိုယ်တိုင်ပြုလုပ်နိုင်ခြင်း
မရှိဘဲ အခက်အခဲဖြစ်နေကြောင်း ဩဂုတ်လ ၂၀ ရက်နေ့က ယူပီအိုင်သတင်းဌာနက ဖော်ပြသည်။

အဆိုပါကလေးငယ်၏ လက်တစ်ဖက်ချင်းစီသည် ပေါင် ၃၀ နီးပါးအလေးချိန်ရှိကာ ၎င်း၏လက်ဖ၀ါး
အခြေမှ လက်ခလယ်ထိပ်အထိ ၁၃ လက်မ ရှည်လျားသည်။

"တခြားကလေးတွေက ကျွန်တော်ရဲ့လက်ကို ကြောက်လန့်ကြတယ်လို့ ဆရာကပြောတဲ့အတွက်
ကျွန်တော် ကျောင်း မသွားဘူး"ဟု ကယ်လင်းက ဘာခရော့တီဗွီကို ပြောသည်။ "သူတို့တွေက
ကျွန်တော့်ရဲ့ ကိုယ်အင်္ဂါချို့ယွင်းချက်ကြောင့် အနိုင်ကျင့်ကြတယ်။ လက်အကြီးကြီးနဲ့ ကောင်
လေးကို ရိုက်ကြရအောင်ဆိုပြီး ပြောကြတယ်။တချို့က တကယ်ရိုက်ပြီး ထွက်သွားကြတယ်"ဟု
၎င်းက ပြောသည်။

"ကယ်လင်းက မွေးတဲ့အချိန်ကတည်းက သူရဲ့လက်က တခြားကလေးရဲ့နှစ်ဆလောက်ရှိတာပါ။
သူ့ရဲ့လက်က ကြီးပြီး လက်ချောင်းတွေက ရှည်တယ်။အစပိုင်းက သူ့ရဲ့လက်သီးက သေးပေမယ့်
တဖြည်းဖြည်း ကြီးကြီးလာ တယ်။ နောက်တော့ သူ့လက်က အကြီးကြီးဖြစ်လာတယ်" ဟု
ပြောသည်။

အယ်လင်း၏အဖေ ရှာမင်းက တစ်လကို ဒေါ်လာ ၂၀ လောက် ၀င်ငွေရှာဖွေနိုင်သော်လည်း
အယ်လင်းကို သာမန်ဘ၀မျိုးဖြင့် နေထိုင်အသက်ရှင်ဖို့ လုပ်ဆောင်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း
ပြောသည်။

"ကျွန်တော်တို့ သူ့ကို ဆေးရုံပို့ချင်ပေမယ့် ပိုက်ဆံမလုံလောက်တဲ့အတွက် ကျွန်တော့်မိန်းမကို
ပိုက်ဆံလိုက်တောင်းဖို့ အတင်းအကြပ်ပြောထားတယ်"ဟု ရှာမင်းက ပြောသည်။

"အဲလိုငွေကြေးအခြေအနေတွေကြောင့် ကလေးကို ဆေးကုသပေးဖို့ အခက်အခဲတွေရှိပါတယ်။
တကယ်လို့ ကယ်လင်းကို ကျောင်းတက်ခွင့်ရအောင် ကျွန်တော်ကြိုးစားရင်တောင်မှ တခြား
ကလေးတွေက ကယ်လင်း ရဲ့ ချွတ်ယွင်းချက်ကို ကြောက်တာ၊ အနိုင်ကျင့်တာ၊ လှောင်ပြောင်
တာမျိုးကို တာဝန်မယူဘူးလို့ ကျောင်းအုပ် ဆရာကြီးက ပြောတယ်။ဒါပေမယ့် ကျွန်တော့်ရဲ့
သားကို သာမန်ဘ၀မျိုးပေးနိုင်တဲ့ အကြောင်းအရာတစ်ခု တော့ရှိမယ်လို့ ထင်ပါတယ်" ဟု
၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း