မြင်းစီးသင်တန်းမှ မြင်းများ၏အမြီးကို ဖြတ်တောက်ခိုးယူ

နော်ဝေနိုင်ငံ ပစ်ဒ်ဘာ့ဂ်ျမြို့ရှိ နော်ဝေမြင်းစီးသင်တန်းကျောင်းတစ်ခု၌ ဖောက်ထွင်းသူခိုးတစ်
ယောက်က သင်တန်းကျောင်းရှိ မြင်းများ၏ အမြီးများကို ခိုးယူဖြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း ယူပီအိုင်သတင်းဌာနက အောက်တိုဘာ(၂)ရက်နေ့က ဖော်ပြခဲ့သည်။

အဆိုပါ သူခိုးသည် သင်တန်းကျောင်းတွင် မွေးထားသည့် မြင်းငါးကောင်၏ အမြီးများကို ခိုးယူဖြတ်
တောက်ခဲ့ သည့်အပြင် မြင်းဇောင်းထဲရှိ အသုံးအဆောင်ပစ္စည်းများကိုလည်း ခိုးယူခဲ့ခြင်းဖြစ်သည်။
စပါဒီဘာ့ဂ်ျမြင်းစီး သင်တန်းကျောင်းမှ ၀န်ထမ်းတစ်ဦးသည် နံနက်(၇)နာရီ အချိန်ခန့်တွင်
မြင်းဇောင်းထဲမှ ပစ္စည်းများပျောက် သွားကြောင်း တွေ့ရှိပြီး နာရီဝက်ခန့်အကြာတွင် မြင်းငါးကောင်း
၏ အမြီးများကို ဖြတ်ယူ သွားကြောင်း သိရှိခဲ့ခြင်းဖြစ်သည်ဟု ယင်းဖြစ်ရပ်ကို စုံစမ်းနေသည့်
တာဝန်ခံရဲတစ်ဦးက ပြောသည်။

အဆိုပါကျောင်းမှ ၀န်ထမ်းတစ်ဦးဖြစ်သည့် ဟန်စ်မာရီရပ်စ်စကီက ဘာအကြောင်းကြောင့်
မင်းအမြီးကို ဖြတ်ယူချင်ရတာလဲဆိုတာ နားမလည်ဘူးဟု ပြောသည်။

"အဲဒီလိုမျိုးပြုလုပ်တာက တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်တာပါ။ ခိုးတဲ့သူက ဘယ်လိုရည်ရွယ်
ချက်နဲ့ မြင်း မြီးဖြတ်ခိုးလဲဆိုတာ စဉ်းစားလို့မရပါဘူး။ တစ်စုံတစ်ယောက်က ကျွတ်တော်တို့ကို
ရန်ရှာချင်တဲ့သဘောလို့ ထင်ရပါတယ်။ လူသားဖြစ်တဲ့ သူကိုယ်တိုင်က ဘာလို့ဒီလိုလုပ်သလဲ
ဆိုတာ နားမလည်နိုင်ပါဘူး။ တမင်သက် သက် ပြုလုပ်တဲ့ဆိုးဝါးတဲ့ ဖြစ်ရပ်ပါ" ဟု ၎င်းကပြော
သည်။ ဒေါ်လာ ၁၅၅၀၀ တန်ဖိုးရှိသည့် ပစ္စည်းများလည်း အခိုးခံခဲ့ရကြောင်း ၎င်းက ဆက်လက်
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း