အိမ်တစ်လုံးကို အိုင်ဖုန်းနှင့်လဲလှယ်မည်

မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မှ အိမ်ပိုင်ရှင်တစ်ဦးသည် မကြာသေးမီက ၎င်း၏အိမ်တစ်လုံးကို
ရောင်းချရန်အတွက် ကြော်ငြာခဲ့သော်လည်း ၀ယ်ယူမည့်သူမရှိသဖြင့် နောက်ဆုံးပေါ် iphone 6
နှင့် အလဲအလှယ်ပြုလုပ်သွားရန် ဆန္ဒရှိနေသည်ဟု  OddityCentral သတင်းဌာနက ဖော်ပြ
သည်။

ယင်းအိမ်ကို iphone 6 ဖြင့် အလဲအထပ်ပြုနိုင်သည့်အပြင် ဖုန်း သိုလှောင်နိုင်သည့် ပမာဏရှိသော
ငဏေိ သို့မဟုတ် ဗညိမသငွှိဘေူနအ ကွန်ပြူတာဖြင့်လည်း လဲလှယ်နိုင်ကြောင်း ၎င်းက ကမ်းလှမ်း
ထားသည်။

အိပ်ခန်းသုံးခန်းပါဝင်ပြီး ရေချိုးခန်းနှစ်ခုပါဝင်သည့် အဆိုပါတိုက်ခန်းသည် အကောင်းဆုံးအနေအထား
တွင် ရှိမနေကြောင်း သိရသည်။ ယင်းတိုက်အိမ်သည် အချောသတ်ထားသည့် ကြမ်းခင်းနှင့် ဥယျာဉ်
တစ်ခု ပါရှိသော်လည်း ယင်း၏ အိမ်နီးချင်းများကမူ အဆိုပါတိုက်အိမ်ကို ဖြိုဖျက်ပြီး အသစ်ဆောက်
လုပ်ရန် လိုအပ်သည်ဟု ယုံကြည်နေကြသည်။

ကနဦးတွင် ယင်းတစ်ထပ်တိုက်အိမ်ကို အမေရိကန်ဒေါ်လာ ၅၀၀၀ဖြင့် ရောင်းချရန် စီစဉ်ခဲ့သော်
လည်း ၀ယ်ယူမည့်သူမရှိသည့်အတွက် ဒေါ်လာ၃၀၀၀သို့ ဈေးလျှော့ခဲ့ပြီး ဒေါ်လာ၃၀၀၀မဟုတ်
ပါကလည်း နောက်ဆုံးပေါ် ငဏ့သညန ၆ နှင့် အလဲအထပ်ပြုလုပ်ရန် ကမ်းလှမ်းထားသည်။

"ဒါက တကယ်ကြီးပဲ။ ကျွန်တော်အကျိုးဆောင်ပေးနေသူက နိုင်ငံခြားရောက်နေတယ်။ ပြီးတော့
သူက သူ့အိမ်ကို ငဏ့သညန ၆ တစ်လုံးနဲ့ လဲလှယ်ချင်နေတယ်လို့ ကျွန်တော့ကိုပြောတယ်။
ကျွန်တော့်အထင်တော့ သူက ငဏ့သညန ၆ ဏူကျ ကို လိုချင်နေတဲ့ပုံပဲ။ ဒါပေမယ့် သူနဲ့တွေ့ရင်
ညှိနှိုင်းလို့ရပါတယ်" ဟု ယင်းအလဲအထပ်ကို ကြားခံဆောင်ရွက်ပေးမည့် အိမ်ခြံမြေအကျိုးဆောင်
တစ်ဦးဖြစ်သူ လာရီအဲလ်စ်က ပြောသည်။

"ကျွန်တော်အိမ်တွေမှာ နေ့စားအလုပ်လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဒါကို လိုချင်မိတာတော့
အမှန်ပဲ။ ဒီအိမ်ကို ပြန်ပြင်မယ်ဆိုရင်တောင် ပိုက်ဆံအရမ်းကုန်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်
တော်ဒီအိမ်ကို ၀ယ်ကောင်းဝယ်ပါလိမ့်မယ်" ဟု ဂျာမယ်ကဲမ့်ပ်ဟု အမည်ရသည့် ယင်းအိမ်အနီး
တွင် နေထိုင်သူတစ်ဦးက ပြောသည်။

သို့ရာတွင် စဉ်းစားစရာတစ်ချက်ရှိသည်က ယင်းအိမ်ကို ၀ယ်ယူသူက အခွန်ခအဖြစ် အမေရိကန်
ဒေါ်လာ ၆၀၀၀ပေးဆောင်ရဖွယ်ရှိနေသည်။ သို့သော် ယင်းကိစ္စကို ညှိနှိုင်း၍ရသည်ဟု အဲ့လ်စ်က
ပြောသည်။

"ကျွန်တော်တို့ သဘောတူညီမှုတစ်ခုတော့ ယူရလိမ့်မယ်။ အိမ်ကိုတော့ ချက်ချင်းယူပြီး အခွန်ခကို
ဖြည်းဖြည်းချင်းဆပ်ပေါ့" ဟု ၎င်းက ပြောသည်။ ထို့ပြင် သဘောတူညီချက်မှာ တစ်သက်တာဖြစ်
မည်မဟုတ်ဟု အဲ့လ်စ်က ပြောသည်။ ယင်းအိမ်မှာ ၀ိန်းကောင်တီနယ်မြေတွင် အကျုံးဝင်၍ အဆို
ပါကောင်တီက တရားဝင်ချိတ်ပိတ်ခြင်းမပြုလုပ်ပါက နောက်နှစ် အစောပိုင်းအထိ ဈေးကွက်
အရောင်းစာရင်းတွင် ရှိနေဦးမည်ဟု ၎င်းက ဆိုသည်။ စိတ်ဝင်စားသူများ ရှိသည့်အတွက်
မကြာမီတွင် iphone 6 တစ်လုံးဖြင့် အလဲအထပ်မှာ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း