ဆင်သေကို လုရန် မိကျာင်းက ခြင်္သေ့တစ်အုပ်ကို ခံတိုက်

  • crocodile-and-lions.jpg
    big image
    crocodile-and-lions.jpg
  • crocodile-and-lions1.jpg
    big image
    crocodile-and-lions1.jpg
  • crocodile-and-lions2.jpg
    big image
    crocodile-and-lions2.jpg
  • crocodile-and-lions3.jpg
    big image
    crocodile-and-lions3.jpg
  • crocodile-and-lions4.jpg
    big image
    crocodile-and-lions4.jpg

ကင်ညာနိုင်ငံ တောအုပ်တစ်ခုအတွင်း ခြင်္သေ့မတစ်အုပ် နှင့် မိကျောင်း တစ်ကောင်
အစာလုရင်း တိုက်ခိုက်နေပုံကို အသက် ၅၀ အရွယ် ဓါတ်ပုံ ဆရာ ဟန်းတဆိုသူက
အမိအရ ရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါဓါတ်ပုံများကို ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ဒေလီး
မေးလ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။

ကင်ညာနိုင်ငံ ဆန်းဘုရုအရပ်ရှိ တောတွင်း မြစ်ရေဆိပ်သို့ မိမိရင် သွေးများနှင့် အစာရှာ
ရင်း ရေသောက်ဆင်းသော ခြင်္သေ့မသည် ၎င်းတို့ စားလက်စ ဆင်သေကောင်ကို
မိကျောင်း တစ်ကောင်က စားနေသည် အားမြင်တွေ့လိုက်ရာမှ ထိုတိုက်ပွဲစတင်ခြင်း
ဖြစ်သည်။

ခြင်္သေ့မသည် အစာကို လုရန်ထက် မိမိရင်သွေးများ မိကျောင်းစာမိသွားမည်ကို စိုးရိမ်ကာ
မိကျောင်းကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဓါတ်ပုံဆရာက ဆိုသည်။ တိုက်ခိုက်မှု
စတင်ပြီး မိနစ်ပိုင်း အတွင်းတွင် အခြားခြင်္သေ့မများ ရောက်ရှိလာကာ မိကျောင်းကို ၀ိုင်း
ဝန်း ကုတ်ဖဲ့ပြီး ၎င်း၏လက်နှင့် ခြေထောက်များကိုလည်း ၀ိုင်းကိုက်ကြသည်။

နောက်ဆုံးတွင် မိကျောင်းသည် အင်အားမမျှ၍ ရေနက်ပိုင်းသို့ ဆုတ်ခွာသွားရသော်လည်း
ခြင်္သေ့မများသည် မိကျောင်းကို နိုင်အောင် အတော်ပင် ကြိုးစားခဲ့ရကြောင်း ဓါတ်ပုံဆရာက
မှတ်ချက်ပြုသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ခြင်္သေ့မများသည် မိကျောင်း
နှင့် မျက်နှာချင်းဆိုင်ချိန်တွင် အကိုက်ခံရမည် စိုး၍ မလှုပ်ရှားရဲဘဲ၊ ၎င်း၏ သွားများရန်မှ
လွတ်ရန် ၎င်းအနောက်သို့ ပြေးကာသာ ၀ိုင်းဝန်းကုတ်ဖဲ့ ကြခြင်းဖြစ်ကြောင်း၊ မိကျောင်း
ကမူ မျက်နှာ ချင်းဆိုင် တိုက်ခိုက်နိုင်ရန် အခွင့်အရေးကိုသာ တစ်ချိန်လုံးရှာနေခဲ့ကြောင်း
ဓါတ်ပုံဆရာက ပြော ကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း