အလုပ်သမားလုပ်ခလစာတိုးရေး အင်ဒိုနီးရှားတစ်ဝန်း ဆန္ဒပြ

ဘီကာဆီစက်မှုမြို့တွင် ဆန္ဒပြနေကြသော အလုပ်သမားထု။ ဓာတ်ပုံ - အေအက်ဖ်ပီဘီကာဆီစက်မှုမြို့တွင် ဆန္ဒပြနေကြသော အလုပ်သမားထု။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂျကာတာ- အရှေ့တောင်အာရှ ဒေသ ၏ စီးပွားရေးအဖွံ့ဖြိုးဆုံးဖြစ်သည့် အင်ဒို နီးရှားနိုင်ငံတစ်
ဝန်းတွင် လုပ်ခလစာ တိုးမြှင့်ရေးနှင့် လုပ်ငန်းခွင်တည်ငြိမ်ရေး တောင်းဆိုသော စက်ရုံအလုပ်
သမား ၇၅၀,၀၀၀ ၀န်းကျင်တို့ ဗုဒ္ဓဟူးနေ့က လှည့်လည်ဆန္ဒပြခဲ့ကြသည်။

ပြည်နယ်ပေါင်း အနည်းဆုံး ၁၂ ခုတွင် တစ်နေ့တာ လှည့်လည်ဆန္ဒပြသူပေါင်း ခုနစ်သိန်းခွဲခန့်
ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းသော်လည်း အလုပ်သမား သမဂ္ဂများက အလုပ်သမားနှစ်သန်း
ကျော်ပါဝင်လှုပ်ရှားခဲ့သည်ဟုဆိုသည်။

ဘီကာဆီစက်မှုမြို့တွင် အလုပ် သမား ၆၀,၀၀၀ ၀န်းကျင်တို့ အလံ များကိုင်ဆောင်လျက် လုပ်ခ
လစာ များကို တိုးမြှင့်ပေးရန်နှင့် လုပ်ငန်း စာချုပ်များ ပြင်ပတွင်မအပ်ရန် ကြွေးကြော်ဆန္ဒပြကြ
သည်။ နိုင်ငံတစ်ဝန်း ကုမ္ပဏီပေါင်း ၇၀၀ ကျော်က ဆန္ဒပြအလုပ်သမားများအား ထိန်းသိမ်းဟန့်
တားရန် ရဲတပ်ဖွဲ့ အင်အား ၃၅,၀၀၀ နှင့် စစ်သားများပါ ဖြန့်ကြက်ထားကြောင်း အမျိုးသား
ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အာဂတ်စ် ရီအန်တိုက ပြောသည်။

၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှားစီးပွား ရေးသည် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးခဲ့ပြီး နိုင်ငံ၏ ကြွယ်ဝသည့်
သဘာဝရင်းမြစ် များနှင့် နိုင်ငံ၏များလွန်းလှသော လူဦးရေ သန်း ၂၄၀ ထဲမှ ပိုမိုများပြား လာမည့်
စားသုံးသူများကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုလည်း စံချိန်တင် ဒေါ်လာဘီလျံ ၂၀ အထိ အများဆုံး
ရရှိခဲ့သည်။

အင်ဒိုနီးရှား စက်ရုံဝန်ထမ်း အလုပ် သမားများ၏ လုပ်ခလစာကား အာရှ ဒေသ၏ လုပ်ခလစာ အ
နည်းဆုံး အလုပ်သမားများစာရင်းတွင် ပါဝင် နေသည့်အပြင် တရုတ်နှင့် အိန္ဒိယမှ စက်ရုံအလုပ်သ
မားများ၏ လုပ်ခလစာ အောက်သို့ပင် မကြာခဏ ရောက်နေ ကြောင်း တွေ့ရသည်။

ယခုနှစ်တွင် ဂျကာတာမြို့မှ အလုပ် သမားများ၏လုပ်ခသည် အမြင့်ဆုံး နှုန်းသို့တိုးလိုက်၍ တစ်လ
အတွက် စုစုပေါင်း ရူပီးယား ၁ ဒသမ ၅၃ သန်း (ဒေါ်လာ ၁၆၀) ရရှိလာကြသည်။

ယခုနှစ် ဇန်န၀ါရီလက ဘီကာဆီ မြို့တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် အလုပ်သမားသပိတ်ကြီး၌
ဂျကာတာ မြို့တော်သို့ဝင်သည့် အကောက်ခွန် ကောက်ခံသော လမ်းမကြီးကို သပိတ်မှောက်သူ
များက ပိတ်ဆို့လိုက် သောကြောင့် ယာဉ်များ ၁၀ နာရီကြာ ပိတ်ဆို့ခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း