ဖေ့စ်ဘွတ်ခ်အသုံးပြုသူ သန်း ၁,၀၀၀ ပြည့် အခမ်းအနားကျင်းပ

ဆန်ဖရန်စစ္စကို - ရင်းနှီးမြှုပ်နှံသူများ က ဖေ့စ်ဘွတ်ခ်၏ အောင်မြင်မှုမှ ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုက
မည်ကဲ့သို့ အကျိုးအမြတ်များ ဖန်တီးပေးလာ မည်ကို စိတ်ဝင်စားနေကြသည့်အချိန် တွင် တစ်
ကမ္ဘာလုံးသုံးစွဲသည့် လူမှု ကွန်ရက်တစ်ခု ဖြစ်လာရမည်ဟု ကြေညာထားသည့် ဖေ့စ်ဘွတ်ခ်
ကုမ္ပဏီ က ၎င်း၏ ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုကို အသုံးပြုသူအရေအတွက် သန်း ၁,၀၀၀ ဖြစ်လာ
သည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားတစ်ခုကို အောက်တိုဘာ လ ၅ ရက်နေ့က ကျင်းပခဲ့
သည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကို ပူးတွဲတည် ထောင်သူလည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သည့်
မာ့ခ်ဇူကာ ဘာ့ခ်က ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အရေ အတွက်သည် ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ကျော်
တွင် သန်း ၁,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းသည် ဖေ့စ်ဘွတ်ခ်၏အောင်မြင်
မှု အနည်းအကျဉ်းလေးသာ ဖြစ်သေး ကြောင်း ၎င်းကပြောသည်။

အသုံးပြုသူ သန်း ၁,၀၀၀ သို့ရောက်ရှိ လာသည့် အောင်မြင်မှုသမိုင်းမှတ်တိုင် သစ်ကို ချီးကျူးဂုဏ်
ပြုထားသော ဖေ့စ်ဘွတ်ခ်၏ ပထမဆုံးကြော်ငြာဗီဒီယို ကိုလည်း ကုမ္ပဏီကထုတ်ပြန်ခဲ့သည်။ သို့
သော်လည်း ရင်းနှီးမြှုပ်နှံသူများ ကိုမူ အဆိုပါအခမ်းအနား၌ မတွေ့ရ ပေ။

အမေရိကန် စတော့ဈေးကွက် Nasdaq ၏ ညနေပိုင်း ၄ နာရီမှ ၈ နာရီ အတွင်း စတော့အရောင်းအ
ဝယ်ဈေး ကွက်တွင် ဖေ့စ်ဘွတ်ခ်၏ ရှယ်ယာဈေး နှုန်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းခန့် ကျဆင်း ကာ
၂၁ ဒသမ ၆၀ ဒေါ်လာဖြစ်နေသည်။

ဖေ့စ်ဘွတ်ခ် ယခုနှစ်ဝင်ငွေ အစောပိုင်း ခန့်မှန်းထားသလောက် တိုးတက်မှု ရှိလာမည်မဟုတ်
ကြောင်း စီးပွားရေး လုပ်ငန်းများကို ခြေရာခံ လေ့လာလျက် ရှိသည့် eMarketer ကဆိုသည်။

ဖေ့စ်ဘွတ်ခ်ကို တစ်ကမ္ဘာလုံးပါဝင် သည့် လူမှုကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲချင်သည့် ဇူကာ
ဘာ့ခ်၏ ရည်မှန်းချက်အတိုင်း ဆက်ပြီး လုပ်ဆောင်နိုင် မနိုင်နှင့် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ၎င်း၏
များပြားလှသည့် အသုံးပြုသူများကို ကြော်ငြာမှဝင်ငွေ နှင့် အခြားဝင်ငွေများဖြင့် ထိန်းညှိလုပ်
ဆောင်နိုင် မနိုင်ကို ဆန်းစစ်လေ့လာ သူများ သဘောကွဲလွဲလျက်ရှိသည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှာ ခက်ခဲသည့် ကာလအချို့ရှိသော်လည်း ရှေ့ဆက် သွားလျက်ရှိကြောင်း
 NBC ရုပ်သံဌာန ၏ "Today" ရှိုးအစီအစဉ်မှ တွေ့ဆုံ မေးမြန်းမှုတွင် ဇူကာဘာ့ခ်ကပြော
ကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း