အစ္စရေးဝန်ကြီးချုပ်က ရွေးကောက်ပွဲစော၍ကျင်းပရန် ခေါ်ယူ

ရုပ်သံမှကြေညာနေသော ၀န်ကြီးချုပ်နေတန်ယာဟု။ ဓာတ်ပုံ - အေအက်ဖ်ပီရုပ်သံမှကြေညာနေသော ၀န်ကြီးချုပ်နေတန်ယာဟု။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂျေရုဆလင်- အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေး နိုင်ငံ အထွေထွေရွေး
ကောက်ပွဲအမြန်ဆုံး ခေါ်ယူရန် အောက်တိုဘာလ ၉ ရက်နေ့က ပြောကြားလိုက်သည်။

အစ္စရေးနိုင်ငံ အဓိကရုပ်သံနှင့် ရေဒီယိုအသံလွှင့်ဌာနများမှ တိုက်ရိုက် ထုတ်လွှင့်ပြသသော
သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် နေတန် ယာဟုက အမျိုးသားရေးအကျိုးစီးပွား ကို
ရှေးရှုကာ အထွေထွေရွေးကောက်ပွဲ အမြန်ဆုံး ခေါ်ယူကျင်းပရန် ဆုံးဖြတ် လိုက်သည်ဟု
ပြောလိုက်သည်။

"ကျဆင်းနေတဲ့ အစ္စရေးစီးပွားရေး ကို မထိခိုက်စေဖို့ ရွေးကောက်ပွဲ မဲဆွယ် ပွဲတွေ တစ်နှစ်လုံး
လုပ်နေမယ့်အစား အချိန်တိုကာလအတွင်း ရွေးကောက်ပွဲ ကျင်းပလိုက်တာ ပိုကောင်းပါတယ်"
ဟု ၀န်ကြီးချုပ်က ပြောသည်။

ကနက်ဆက် (Knesset) ခေါ် အစ္စရေးနိုင်ငံ၏ (၁၉) ကြိမ်မြောက် ပါလီမန်ကို ၂၀၁၃ ခုနှစ်၊
အောက်တိုဘာ လတွင် ခေါ်ယူရန်ဖြစ်သော်လည်း ယခု နှစ်ကုန်တွင် ပါလီမန်က အတည်ပြု
ပေးရမည့် လူကြိုက်နည်းလှသော ခြိုးခြံ ချွေတာရေးဘတ်ဂျက်ကို ညွန့်ပေါင်း အစိုးရအဖွဲ့ဝင်
များ၏ ထောက်ခံမှု မရရှိခဲ့သဖြင့် ပါလီမန်ရွေးကောက်ပွဲကို ရှေ့တိုးပြုလုပ်ရန် အစ္စရေးဝန်ကြီး
ချုပ် က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် မသတ်မှတ်ရသေးသော်လည်း ဇန်န၀ါရီ လနှောင်းပိုင်း၊
သို့မဟုတ် ဖေဖော်ဝါရီ လလယ်လောက် ဖြစ်လိမ့်မည်ဟု သတင်း များကဆိုသည်။ အစ္စရေး
ဥပဒေအရ ရွေးကောက်ပွဲများကို အင်္ဂါနေ့တစ်နေ့ တွင်ကျင်းပမြဲဖြစ်သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း