အီရန် မြေအောက် ဒုံးကျည်စခန်း

မြေအောက်တွင် သိုလှောင်ထားသော အီရန်ဒုံးကျည်များ။ ဓာတ်ပုံ - အေအက်ဖ်ပီမြေအောက်တွင် သိုလှောင်ထားသော အီရန်ဒုံးကျည်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ

တေရန် - အီရန်အစိုးရ ရုပ်/သံသည် ဒုံးကျည်များနှင့် ဒုံးကျည်ပစ်လွှတ်စင်များ အပြည့်
သိမ်းဆည်းထားသည့် နက်ရှိုင်း သည့် ဥမင်ကြီးတစ်ခုကို အောက်တိုဘာ ၁၄ ရက်က
ထုတ်လွှင့်ပြသပြီး ရန်သူက မှားယွင်း တိုက်ခိုက်လာပါက ယင်း ဒုံးကျည် များကို
အသုံးပြုနိုင်မည်ဖြစ်သည်ဟုလည်း တာဝန်ရှိသူတို့က ပြောကြားလိုက်သည်။

ယင်းမှာ အီရန်က ၎င်း၏ တာဝေးပစ် ဒုံးကျည်သစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ပြီး နောက်
သုံးရက်အကြာတွင် ထုတ်လွှင့်ခဲ့ ခြင်းဖြစ်သည်။ အီရန်၏ ယင်းစမ်းသပ်မှုသည်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖျက်နိုင်သည်ဟုလည်း အမေရိကန်က
ဝေဖန်ခဲ့သည်။ အီရန် တာဝန်ရှိသူများကမူ ကုလသမဂ္ဂ ၏ နျူကလီးယား သဘောတူစာချုပ်သည်
မိမိတို့၏ စစ်အင်အားအပေါ် သက်ရောက် မှုရှိမည်မဟုတ်ကြောင်း၊ အထူးသဖြင့် မိမိတို့၏
ပဲ့ထိန်းပါ ဒုံးကျည်အစီအစဉ် အပေါ် သက်ရောက်မှုမရှိဟု ဆိုသည်။

ဇူလိုင် ၁၄ ရက်က ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် အီရန်က ချုပ်ဆိုခဲ့သည့်
ကုလသမဂ္ဂစာချုပ်ကြောင့် အီရန်၏ စစ်အင်အား လျော့ကျသွားမည်မဟုတ် ကြောင်းပြသရန်
အီရန် လွှတ်တော်က ဖိအားပေးခဲ့ပြီးနောက် အီရန်အစိုးရက ဒုံးကျည်များကို
ပြသခဲ့ခြင်းပင်ဖြစ်သည်။ မီတာပေါင်း ရာချီရှည်ပြီး ၁၀ မီတာမြင့် သည့် ယင်းဥမင်ကြီးမှာ
ဒုံးကျည်များနှင့် ဒုံးကျည်အစိတ်အပိုင်း ပစ္စည်းများဖြင့် ပြည့် သိပ်နေသည်။ အီရန်နိုင်ငံအနှံ့
မီတာ ၅၀၀ အနက်တွင် ယင်းဥမင်ကဲ့သို့ ဥမင်များရှိနေသေးကြောင်း ဗိုလ်မှူးချုပ် Amir Ali
Hajizadeh က ပြောကြားသည်။ နိုင်ငံအနှံ့ရှိ ယင်း တာဝေးပစ် ဒုံးကျည် များသည်
စစ်သေနာပတိချုပ် အယာ တိုလာ အလီ ခါမေနီ၏အမိန့်ဖြင့် ပစ်လွှတ် ရန်လည်း
အသင့်ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

သို့သော် အီရန်သည် မည်သည့် စစ်ပွဲကိုမျှ စတင်တိုက်ခိုက်မည်မဟုတ်ကြောင်း၊
ရန်သူတို့က မှားယွင်းတိုက်ခိုက် လာပါက အီရန်၏ ဒုံးကျည်အခြေစိုက် စခန်းများလည်း
မြေပြင်အောက်က မီးတောင်ကြီးများပမာ ပေါက်ကွဲလာကြ မည်ဖြစ်ကြောင်း ၎င်းက
ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း