မောင်းသူမဲ့လေယာဉ်ကို ဟစ်ဇဘိုလာက ပစ်ခတ်ခဲ့ခြင်းဖြစ်

ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန်နာ ဆရာလာ။ ဓာတ်ပုံ - အေအက်ဖ်ပီဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန်နာ ဆရာလာ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘေရွတ် - လွန်ခဲ့သည့်ရက်သတ္တပတ်က အစ္စရေးသို့ ပစ်ခတ်ခဲ့သည့် နောက်ဆုံးပေါ် မောင်း
သူမဲ့ လေယာဉ်တစ်စင်းကို ၎င်းတို့၏ ရှီးယားစစ်သွေးကြွအုပ်စုမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း
အောက်တို ဘာ ၁၁ ရက်နေ့တွင် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန်နာ
ဆရာလာက ပြောကြားလိုက်ပြီး ၎င်း မောင်းသူမဲ့လေယာဉ်ကို ဂျူးလူမျိုးတို့၏ အဓိကရန်
သူဖြစ်သော အီရန်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ခေတ်မီ ထောက်လှမ်းရေးယာဉ် တစ်စင်းကို လက်ဘနွန်ပိုင်နက်အတွင်း မှပစ်လွှတ်ခဲ့ရာ
ရန်သူ့နယ်မြေမဖြတ် သန်းမီ ကီလိုမီတာ မိုင်ထောင်ချီ ဝေးသည့် ပင်လယ်ကို ကျော်
လွန်ပြီး အစ္စရေးတို့ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်း ပိုင်နက်အတွင်းသို့ ရောက်ရှိ
ခဲ့ကြောင်း နာစရာလာက ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

ယင်းလေယာဉ်ကို အီရန်တွင်တည်ဆောက်ပြီး လက်ဘနွန် တွင် အစိတ်အပိုင်းများ တပ်
ဆင်ခဲ့ သည်ဟုဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း