ဩစတြီးယားသား အမြန်ကျစံချိန်သစ်တင်

ဒုံးပျံထိပ်ဖူးအခန်းမှ ခုန်ချနေသော ဖဲလစ်ဘွမ်း ဂတ်နား။ ဓာတ်ပုံ - အေအက်ဖ်ပီဒုံးပျံထိပ်ဖူးအခန်းမှ ခုန်ချနေသော ဖဲလစ်ဘွမ်း ဂတ်နား။ ဓာတ်ပုံ - အေအက်ဖ်ပီ

လော့စ်အိန်ဂျလိစ်- ဩစတြီးယားနိုင်ငံသား လူစွန့်စား ဖဲလစ်ဘွမ်း ဂတ်နား ဆိုသူသည်
အောက်တိုဘာလ ၁၄ ရက် က ကမ္ဘာ့မြေပြင်အထက် ၂၄ မိုင်ကျော် (၃၉ ကီလိုမီတာ)
အမြင့်တွင် ဒုံးပျံ ထိပ်ဖူးခန်းတစ်ခုမှ ခုန်ချပြီး မြေပြင်သို့ လေထီးမဖွင့်ဘဲ တစ်နာရီ ၈၃၄
မိုင် (အသံထက် ၁ ဒသမ ၂၄) ဆပိုမြန် သည့်နှုန်းဖြင့် လေးမိနစ် စက္ကန့် ၂၀ ကြာ ကျ
လာနိုင်သောကြောင့် လေထီးမပါ (င်္Freefall) အမြန်ကျ စံချိန်သစ်တင်လိုက်ကြောင်း
သက်ဆိုင်ရာမှကြေညာသည်။

အသက် ၄၃ နှစ်အရွယ် အပျော်တမ်း ကောင်းကင်ကျွမ်းသမား ဘွမ်းဂတ်နား သည် လေး
မိနစ်ကျော်ကြာ လေထီးမဖွင့် ဘဲကျပြီးမှ သူ၏ အနီနှင့်အနက်ရောင် လေထီးဖြင့် အမေရိ
ကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်ရှိ သဲကန္တာရ ပေါ်သို့ ကျလာခြင်းဖြစ်သည်ဟု
ရက်ဘူး စထရာတို့စ် စံချိန်မှတ်တမ်းပြုစုသူ ဘရိုင်ယန်အတ္တလေက ဆိုသည်။

ဒုံးပျံထိပ်ဖူးခန်းကို ဟီလီယမ် ဓာတ်ငွေ့ဘောလုံးတစ်လုံးဖြင့် တွဲချိတ်၍ အမြင့် ၁၂၈,၀၉၇
ပေ (၃၉,၀၄၄ မီတာ) သို့ တင်ပို့ထားခြင်းဖြစ်သည်။

လေထီးမဖွင့်ဘဲ ယင်းအမြင့်မှ ခုန်ချရန် ထိပ်ဖူးခန်းအပြင်ဘက်သို့ ထွက်လာစဉ် ဘွမ်းဂတ်
နားက သူ့တစ်ကိုယ်လုံး တဖျင်းဖျင်းခံစားရသည့် စိတ်အခြေ အနေတွေကို ပြန်ပြောင်းပြော
ပြသည်။

"ခင်ဗျားတို့ ကမ္ဘာ့မိုးစွန်ထိပ်ဖျား အမြင့်ဆုံးနေရာမှာရပ်နေတဲ့အခါ စိတ် အားငယ်လာကြပါ
လိမ့်မယ်။ မြေကမ္ဘာဆီ အသက်ရှင်လျက်ပြန်လာချင်တာ တစ်ခုတည်းကိုပဲ တောင့်တမိ
မယ်" အသံနှုန်းကို မီလုမီဆဲအရှိန် (Sound barrier) ကို မိမိမခံစားခဲ့ရကြောင်းနှင့် အသံ
နှူန်း ကျော်လွန်သည့် ဆူညံသံ (Sonic Boom) ကိုလည်း မိမိမကြားမိခဲ့ကြောင်း ဘွမ်းဂတ်
နားကဆိုသည်။

ဩစတြီးယားနိုင်ငံသမ္မတ ဟိန်းပစ် ချားက 'မဟာအောင်မြင်မှု' အဖြစ် ချီးကျူးပြီး
Facebook တွင်လည်း "သင့်စွမ်းဆောင်မှုကို ဩစတြီးယား နိုင်ငံက ဂုဏ်ယူနေပါတယ်"
ဟု ရေးသား ဖော်ပြခဲ့သည်။

ဘွမ်းဂတ်နားသည် ယခုစွမ်းဆောင်မှု ဖြင့် ကမ္ဘာ့စံချိန်သုံးခုကို တင်လိုက်ပြီ ဖြစ်သည်။

လေထီးမပါ အမြင့်ဆုံးမှ ခုန်ချခြင်း၊ လေထီးမပါ အမြန်ဆုံးနှုန်း ဖြင့် ခုန်ချခြင်း၊ လူသားတစ်
ဦး မိုးပျံ ပူဖောင်း အမြင့်ဆုံးစီးနင်းခြင်းတို့ ဖြစ်သည်။

လေထီးမပါ ခရီးတာ အဝေးဆုံးစံချိန် မတင်နိုင်သေးပေ။ ဘွမ်းဂတ်နားသည် ကွာလာလမ်ပူ
မြို့ရှိ ပက်ထရိုနာမျှော်စင်နှင့် ဘရာဇီးလ် နိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့ရှိ ရီဒီးမား ရုပ်တုပေါ်မှလည်း
စံချိန်တင်ခုန်ချခဲ့ ဖူးသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း