ဇီကာနှိမ်နင်းရေး ထောက်ကူမည့် ဓာတ်ခွဲခန်းခြင်

သြစတြီးယားနိုင်ငံ၊ ဆိုက်ဘာဒေါ့ဖ်မြို့ ဓာတ်ခွဲခန်းအတွင်း ခြင်များကို စမ်းသပ်သုတေသနပြုနေသည့် သုတေသီတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီသြစတြီးယားနိုင်ငံ၊ ဆိုက်ဘာဒေါ့ဖ်မြို့ ဓာတ်ခွဲခန်းအတွင်း ခြင်များကို စမ်းသပ်သုတေသနပြုနေသည့် သုတေသီတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဆိုင်ဘာဒေါ့ဖ် - သြစတြီးယားနိုင်ငံ၊ ဗီယင်နာ မြို့စွန်ရှိ ဓာတ်ခွဲခန်းအတွင်း၌ ခြင်သံများ တဝီဝီတစီစီဖြင့်
ပြည့်လျှံနေသည်။ ယင်း ခြင်ထီးများကို ခြင်ဆန်ခါတပ်ထားသော သေတ္တာများတွင် ထည့်လှောင်ထား
သည်။

သူတို့ဘဝအတွက်လုပ်ရမည့် တစ်ခုတည်း သောအလုပ်မှာ ခြင်မများကို သားမပေါက် အောင်
ဟန့်တားရန်ပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ နျူကလီးယားစွမ်းအင် ဆိုင်ရာ လုပ်ငန်းများကို အနီးကပ်
စောင့်ကြည့် သည့်အဖွဲ့အဖြစ် လူသိပိုများသော နိုင်ငံတကာအဏုမြူစွမ်းအင်အဖွဲ့ (IAEA) သည်
Dengue, Chikungunya နှင့် ယနေ့ စတင်ကူးစက်ဖြစ်ပွားနေသော Zika ဆိုင်းရပ်စ်ပိုးစွဲ ရောဂါများကို
ဖြစ်ပွားစေသည့် Aedes aegyptiကို ဝိုင်းဝန်းမျိုးဖြုတ် ရှင်းလင်းရန် အစပျိုးလျက်ရှိသည်။

ကမ္ဘာတစ်ဝန်းက ကျွမ်းကျင်ပညာရှင်များ သည် သြစတြီးယားနိုင်ငံမြို့တော် တောင်ဘက် ကီလိုမီတာ
၃ဝ (၁၈ မိုင်) အကွာ ဆိုက်ဘာဒေါ့ဖ်မြို့ရှိ IAEA ၏ အထူးသုတေသနဓာတ်ခွဲခန်းတွင် သားမပေါက်နိုင်
aသာ အင်းဆက်ပိုးဖန်တီးသည့် နည်းပညာ (SIT = sterileinsecttechnique) ကို လုံးဝ စိတ်ချရရေး
အတွက် စမ်းသပ်စစ်ဆေးလျက်ရှိသည်။

ဓာတ်ခွဲခန်းတွင် ခြင်ထီးများ၏ လိင်အင်္ဂါကို ရေဒီယိုလှိုင်းဖြတ်သန်းစေပြီးနောက် သဘာဝတောသို့
ပြန်လွှတ်လိုက်ကြသည်။ သဘာဝတောတွင် ယင်းခြင်ထီးများနှင့် မိတ်လိုက်သော ခြင်မများသည်
မျိုးမအောင်သည့် ဥများကိုသာ ဥကြတော့သည်။ ခြင်ကောင်ရေ လျော့နည်းသွားရန် ရည်ရွယ်သည်။

ဤနည်းသည် ဇန်ဇီဘာနိုင်ငံက စီစီ ယင်ကောင်နှင့် မက္ကဆီကိုနိုင်ငံ မြောက်ဘက်ဒေသက Fruit fly
ခေါ် ယင်ကောင်များ အပါ အဝင် ဖျက်ဆီးတတ်သော ပိုးကောင်အချို့ကို နှိမ်နင်းရှင်းလင်းရာတွင်
အောင်မြင်ခဲ့သည်။

နောက်ဆုံးတွေ့ရှိပြီး လက်တင်အမေရိကဒေသနှင့် ကယ်ရစ်ဘီယံဒေသ နိုင်ငံများတွင် ကူးစက်ပြန့်ပွား
နေသည့် ဇီကာဗိုင်းရပ်စ်ပိုး ကပ်ရောဂါဘေးကို ထိန်းချုပ်ရန် နိုင်ငံအစိုးရများ အားသွန် ကြိုးပမ်းနေကြ
သည်။

ဇီကာ ဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံရသည့် ဘရာဇီးလ်အပါအဝင် နိုင်ငံအချို့တွင် SITနည်း
အသုံးပြုဖွယ်ရှိနေသည်။ ပိုးသတ်ဆေး ပက်ဖျန်းနည်းနှင့် ပေါက်ဖွားသည့်နေရာများ ရှင်းလင်းနည်း
တို့ကိုပါ ပူးတွဲအသုံးပြုပါက အထိရောက်ဆုံး ဖြစ်သည်။ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်သော ခြင်
များသည် အဓိကအားဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများကို အန္တရာယ်ပေးလျက်ရှိသည်။

အများအားဖြင့် အကိုက်ခံရသူများ တုပ်ကွေးအပျော့စားကဲ့သို့ လက္ခဏာများ ခံစားလာခဲ့ကြရသော်
လည်း မကြာမီကမှ ငြခမသခနစ့ေူပ ခေါ် ကလေးများ မွေးရာပါ ဦးနှောက်နှင့် ဦးခေါင်းငယ်သည့်
လက္ခဏာ များကို တွေ့ရှိကြရသည်။ခြင်မများသာ လူကိုကိုက်ကြပြီး ဇီကာပိုးကူးစက်စေခြင်း
ဖြစ်သည်။

ခြင်ထီးများမှာ ပန်းများနှင့် ပန်းဝတ်ရည်များကို စားသောက် ကြကြောင်း SIT အဖွဲ့က ပိုးမွှားဗေဒ
ပါရဂူ ရို့စ်မာရီလီက ဆိုသည်။ှွှု နည်းသည် စမ်းသပ်အသုံးပြုဆဲဖြစ်ပြီး အခက်အခဲအချို့လည်း
ရှိနေသေးသည်။ အဓိကပြဿနာတစ်ခုမှာ ရေဒီယိုလှိုင်းမပေးမီ ခြင်များကို အထီးနှင့်အမ ခွဲခြားနည်း
ဖြစ်သည်။

ခြင်အရွယ်အစားလည်း ပြဿနာ တစ်ခုဖြစ်နေသည်။ဓာတ်ခွဲခန်းတွင် မွေးထားသော ခြင်များ နှင့် ခြင်
ရိုင်းများ၏ အချိုးသည် ၂ဝ အချိုး ၁၊ သို့တည်းမဟုတ် ၁ဝ အချိုး ၁ ဖြင့် လွှတ်လိုက် ရန်လိုမလို ဖြစ်
သည်။

ထို့ပြင် ဓာတ်ခွဲခန်းတွင် မွေးပြီး (သားကြောဖြတ်ပြုပြင်) မှ လွှတ်လိုက်သော ခြင်ထီးများ၏ စွမ်းဆောင်
အားမှာ လျင်မြန်စွာ လျော့ကျသွားခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ ယင်းခြင်ထီးများကို သိပ်သည်း
မှု မြင့်သည့်အခြေအနေ၌ မွေးမြူထားသောကြောင့်ဖြစ်ကြောင်း ဆိုင်ဘာဒေါ့ဖ် သုတေသနအဖွဲ့
ခေါင်းဆောင် Marc Vreysen က ပြောသည်။

မော်ရေးရှပ်စ်နှင့် ဆူဒန်နိုင်ငံက ရွာငယ်များတွင် ရှေ့ပြေးစမ်းသပ်ချက်အရှွှု နည်းမှာ ထိရောက်မှုရှိ
ကြောင်း တွေ့ရသည်။ လုပ်ငန်း များကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက် သွားခြင်းဖြင့် မြို့ကြီးများ
၌လည်း နှစ်နှစ် အတွင်း စမ်းသပ်ဆောင်ရွက်သွားနိုင်ဖွယ် ရှိကြောင်း ဠမနပျနည က ဆိုသည်။

ရှေ့သီတင်းပတ်တွင် ဘရာဇီးလ်နိုင်ငံ၌ ကျင်းပမည့် အစည်းအဝေးတစ်ခု၌ ဇီကာပိုး ကူးစက်ခံရသော
 IAEA အဖွဲ့ဝင်နိုင်ငံများကှွှု နည်း အသုံးပြုရေးအကြောင်း ဆွေးနွေး ကြမည်ဖြစ်သည်။

အောင်သာလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း